Blog
-

အာရပ်နေတိုးအဖွဲ့ ဖွဲ့စည်းကာ ဆွန်နီနှင့် ရှီအာကို တိုက်ပေးရန် အမေရိကန် စီစဉ်
ဇူလိုင် ၂၈၊ ၂၀၁၈M-Media– အရှေ့အလယ်ပိုင်း ဒေသတွင်းမှာ အီရန်ရဲ့ သြဇာချဲ့ထွင်မှုကို တန်ပြန်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စွန်နီနိုင်ငံ ၈ နိုင်ငံပေါင်းထားတဲ့ စစ်ရေး၊ နိုင်ငံရေး မာဟာမိတ်အဖွဲ့တစ်ခု ဖွဲ့စည်းဖို့ အမေရိကန်က စီစဉ်နေပါတယ်။ပင်လယ်ကွေ့ ၆ နိုင်ငံနဲ့ အီဂျစ်၊ ဂျော်ဒန်တို့ ပါဝင်မယ့် အဲဒီအဖွဲ့ကို ‘အရှေ့အလယ်ပိုင်း မဟာဗျူဟာ မဟာမိတ်အဖွဲ့ (MESA)’ လို့ အမည်ပေးထားပြီး အောက်တိုဘာ ၁၂ ရက်နေ့ကနေ ၁၃ ရက်နေ့အထိ ၀ါရှင်တန်မှာပြုလုပ်မယ့် ထိပ်သီးဆွေးနွေးပွဲမှာ ဒီအကြောင်း ဆွေးနွေးဖို့ ရှိနေပါတယ်။အမေရိကန်နဲ့ အရှေ့အလယ်ပိုင်းက တာဝန်ရှိသူတွေကတော့ ဒီအဖွဲ့ကို ‘အာရပ်နေတိုး’ လို့ ခေါ်ဝေါ်သုံးနှုန်းနေကြပါတယ်။အိမ်ဖြူတော်ကလည်း ဒီသတင်းကို အတည်ပြုခဲ့ပြီး ဒီကိစ္စအတွက် အရှေ့အလယ်ပိုင်းက မိတ်ဖက်တွေနဲ့ ဆွေးနွေးနေတာ လချီနေပြီလို့ ပြောကြားခဲ့ပါတယ်။ပြီးခဲ့တဲ့နှစ် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ဆော်ဒီကိုလာရောက်စဉ်မှာ ဆော်ဒီတာဝန်ရှိသူတွေက အိုက်ဒီယာပေးခဲ့တာ ဖြစ်ပါတယ်။အိမ်ဖြူတော် အမျိုးသားလုံခြုံရေးကာင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက MESA ဟာ အီရန်ရဲ့ ရန်လိုမှု၊ အကြမ်းဖက်ဝါဒ၊ အစွန်းရောက်ဝါဒကို ကာကွယ်ဖို့ဖြစ်ပြီး၊ အရှေ့အလယ်ပိုင်းမှာ တည်ငြိမ်မှုကို ဆောင်ကျဉ်းပေးနိုင်မယ်လို့ ပြောကြားခဲ့ပါတယ်။အရှေ့အလယ်ပိုင်းမှာ အာရပ်နိုင်ငံတွေကို စစ်ရေးမဟာမိတ်ဖွဲ့ပေးရေး အမေရိကန်ဟာ အရင်က ကြိုးစားခဲ့ပေမယ့် အောင်မြင်မှု မရခဲ့ပါဘူး။သမ္မတထရမ့် တက်လာကတည်းက အမေရိကန်နဲ့ အီရန်အကြား ဆက်ဆံရေးဟာ တင်းမာလာခဲ့ပြီး ပြီးခဲ့တဲ့ ရက်ပိုင်းမှာ နှစ်နိုင်ငံခါင်းဆောင်တွေ အပြန်အလှန် ပုတ်ခတ်ပြောဆိုခဲ့ကြပါတယ်။Ref: Aljazeera -
ကမ္ဘာကြီးပူနွေးမှုကြောင့် ရေခဲပြင်ဒေသမှာ ဘာတွေဖြစ်နေလဲ (မြန်မာစာတမ်းထိုး)
ဇူလိုင် ၂၇၊ ၂၀၁၈
M-Media
-

မိုအီမဲလ် အလ်-မိုဟာမက်ဒီ (သို့) အော်တစ်ဇင်ရောဂါကို အန်တုနေသည့် စက်ရုပ်ပညာရှင်လေး
ဇူလိုင် ၂၇၊ ၂၀၁၈
M-Media– ဆော်ဒီက အသက် ၁၀ နှစ်အရွယ်ကလေးငယ် မိုအီမဲလ် အလ်-မိုဟာမက်ဒီဟာ အော်တစ်ဇင်လို့ခေါ်တဲ့ ပြောဆိုဆက်ဆံမှု မူမမှန်တဲ့ရောဂါ ဖြစ်နေပေမယ့် သူ့ရဲ့ ဒီချို့တဲ့မှုကို ကျော်လွှားကာ ပါရမီရှင် စက်ရုပ်တီထွင်ဖန်တီးသူတစ်ယောက် ဖြစ်လာပါတယ်။
သူဟာ ကိုယ်ပိုင် ဒီဇိုင်းတွေနဲ့ မော်ဒယ်တွေကို ဖန်တီးပြီး Instagram စာမျက်နှာပေါ် လွှင့်တင်ခဲ့ကာ ပြည်သူလူထုတွေရဲ့ အာရုံစိုက်မှုကိုလည်း ရရှိထားပါတယ်။
ပါရမီရှိတဲ့ ဆော်ဒီလူငယ် ဉာဏ်ရည်တုပညာရှင်တွေကို ပြုစုပျိုးထောင်ပေးနေတဲ့ အဖွဲ့တစ်ခုရဲ့ အဖွဲ့ဝင်လည်းဖြစ်တဲ့ အလ်-မိုဟာမက်ဒီက သူဟာ ငယ်ငယ်ကလေးထဲက အီလက်ထရောနစ် ပစ္စည်းအပျက်တွေကနေ အစိတ်အပိုင်းတွေ၊ ဘတ္ထရီတွေကို ထုတ်ယူကာ စက်ရုပ်တွေ ပြုလုပ်လေ့ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။
မိုဟာမက်ဒီ တီထွင်တဲ့ စက်ရုပ်ငယ်လေးတွေဟာ ရှာဖွေ၊ ကယ်ဆယ်ရေးလုပ်ငန်းတွေ၊ ကျဉ်းမြောင်းတဲ့နေရာတွေကို ၀င်ရောက်တာတွေ၊ အခက်အခဲတွေကို ကျော်ဖြတ်တာတွေလို ခက်ခဲတဲ့အရာတွေကို လုပ်ဆောင်နိုင်စွမ်းရှိတယ်ဆိုတာကို သူ့ကိုလေ့ကျင့်ပေးတဲ့သူတွေက သတိပြုမိခဲ့ပါတယ်။
ဆရာမဖြစ်သူ ဇိုင်နဘ် အလ်-မာဟာယက်ရှ်က စက်ရုပ်တွေဟာ အော်တစ်ဇင်ရောဂါရှိတဲ့ ကလးငယ်တွေ ဘာသာစကားနဲ့ ဆက်သွယ်ပြောဆိုမှုဆိုင်ရာ တိုးတက်စေဖို့ အထောက်အကူဖြစ်စေပြီး၊ ရောဂါကိုမေ့ပျောက်ကာ တီထွင်စွမ်းရည်ကို တိုးတက်လာစေတယ်လို့ ပြောကြားခဲ့ပါတယ်။
အလ်-မိုဟာမက်ဒီ ပါဝင်နေတဲ့ အဲဒီ စက်ရုပ်တီထွင်မှုအဖွဲ့မှာ ကလေးငယ်ပေါင်း ၁၂၀ ကျော်လောက် ရှိနေပါတယ်။
အဖွဲ့ဟာ သိပ္ပံဆိုင်ရာ သုတေသနတွေနဲ့ ကလေးတွရဲ့ တီထွင်ဉာဏ်စွမ်းကို မြှင့်တင်ပေးနေပြီး လူငယ်တွေပါဝင်မှုအရေအတွက် မြင့်တက်လာမယ်လို့ မျှော်လင့်နေပါတယ်။
Ref: Alarabiya
-

အခွန်ရှောင်မှုအတွက် ရော်နယ်ဒိုကို စပိန်အာဏာပိုင်များ ဒဏ်ရိုက်
ဇူလိုင် ၂၇၊ ၂၀၁၈
M-Media– ဂျူဗင်တပ်စ်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုအနေနဲ့ စပိန်မှာကစားစဉ် အခွန်ရှောင်မှုကိစ္စအတွက် ကန်ဒေါ်လာ ၃.၇ သန်း ဒဏ်ငွေပေးဆောင်ဖို့အတွက် စပိန်တရားရုံးက အမိန့်ချမှတ်လိုက်ပါတယ်။
အသက် ၃၃ နှစ်အရွယ် ရော်နယ်ဒိုဟာ အခွန်ရှောင်မှုကိစ္စနဲ့ပဲ ထောင်ဒဏ် ၂၄ လ ချမှတ်ခံရဖွယ်ရှိနေတယ်လို့ အာဏာပိုင်တွေက ဒီကနေ့မှာ ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် စပိန်ဥပဒေအရ ၂ နှစ်နဲ့အောက် ထောင်ဒဏ်အတွက် ပထမအကြိမ်မှာ ဆိုင်းငံ့ထားလို့ ရတဲ့အတွက် ရော်နယ်ဒိုဟာ ထောင်ဒဏ်ချမှတ်ခံရဖို့တော့ မရှိပါဘူး။
ရီးယဲလ်မက်ဒရစ်မှာ ကစားစဉ် ရော်နယ်ဒိုဟာ ၂၀၁၁ ခုနှစ်ကနေ ၂၀၁၄ ခှုစ်အထိ အခွန်ပမာဏ ကန်ဒေါ်လာ ၁၆.၅ သန်းကို ရှောင်ရှားခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။ အစိုးရှေ့နေတွေက ရော်နယ်ဒိုဟာ အဲဒီကာလအတွင်း ကန်ဒေါ်လာ ၁၃.၆ သန်းသာ ၀င်ငွေရတယ်လို့ ပြောကြားခဲ့ပေမယ့် အမှန်တကယ် ရရှိခဲ့တဲ့ဝင်ငွေဟာ ၅၀.၈ သန်း ရှိခဲ့တယ်လို့ ဆိုပါတယ်။
စပိန်ကုမ္ပဏီတစ်ခုကို ၂၀၁၅ ခုနှစ် ၂၀၂၀ ခုနှစ်အထိ ပုံရိပ်အသုံးပြုခွင့် ရောင်းချမှုအတွက် ရရှိခဲ့တဲ့ ကန်ဒေါ်လာ ၃၃.၆ သန်းကို အခွန်ဆောင်ရမယ့်ဝင်ငွေထဲ ထည့်တွက်ဖို့ ရော်နယ်ဒိုက ငြင်းဆိုခဲ့တယ်လို့လည်း အာဏာပိုင်တွေက ပြောပါတယ်။
ရော်နယ်ဒိုကတော့ အဲဒီစွပ်စွဲချက်တွေအားလုံးကို အရင်က ငြင်းဆိုခဲ့တာပါ။
စပိန်အာဏာပိုင်တွေဟာ ၂၀၁၆ ခုနှစ်ကလည်း ဘာစီလိုနာတိုက်စစ်မှူး မက်ဆီကို ဒေါ်လာ ၅ သန်း အခွန်ရှောင်မှုအတွက် အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။
ရော်နယ်ဒိုဟာ အခုလစောပိုင်းမှာ ရီးယဲလ်ကနေ ဂျူဗင်တပ်စ်ကို ပြောင်းရွှေ့ကြေား ဒေါ်လာ ၁၂၈ သန်းနဲ့ ပြောင်းရွှေ့ခဲ့ပြီး အခွန်မပါ အသားတင်လခ တစ်နှစ်ကို ဒေါ်လာ ၃၄ သန်း ရရှိမှာဖြစ်ပါတယ်။
Ref: Aljazeera
-

ကုလရှိ နိုင်ငံ ၁၃၅ နိုင်ငံပါသည့် အဖွဲ့တွင် ပါလက်စတိုင်းက ဥက္ကဌဖြစ်လာ
ဇူလိုင် ၂၇၊ ၂၀၁၈
M-Media
ကုလဆိုင်ရာ ပါလက်စတိုင်းသံအမတ် – ပါလက်စတိုင်းနိုင်ငံဟာ ကုလရဲ့ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့တစ်ခုဖြစ်တဲ့ Group of 77 အဖွဲ့ရဲ့ ဥက္ကဌသစ်အဖြစ် ရွေးချယ်တင်မြှောက် ခံခဲ့ရပါတယ်။
ကမ္ဘာ့လူဦးရေရဲ့ ၈၀ ရာခိုင်နှုန်းကို ကိုယ်စားပြုတဲ့ အဲဒီ Group of 77 အဖွဲ့ကို ၁၉၆၄ ခုနှစ်မှာ ဖွဲ့စည်းခဲ့တာဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံတွေရဲ့ စီးပွားရေးကို မြှင့်တင်ဖို့၊ ကုလအဖွဲ့အတွင်း နိုင်ငံတကာနဲ့ဆိုင်တဲ့ စီးပွားရေးကိစ္စတွေမှာ အဓိက ညှိနှိုင်းဆွေးနိုင်စွမ်းရှိဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။
စတင်ဖွဲ့စည်းချိန်မှာ ဖွဲ့ဖြိုးဆဲနိုင်ငံပေါင်း ၇၇ နိုင်ငံသာ ပါဝင်ပေမယ့် အခုအချိန်မှာတော့ အဖွဲ့ဝင်နိုင်ငံတွေဟာ ၁၃၅ နိုင်ငံ ရှိလာပြီဖြစ်ပါတယ်။ ဒီအဖွဲ့က အဖွဲ့ဝင်နိုင်ငံတွေဟာ ကုလ အထွေထွေညီလာခံမှာ တစ်သံတည်းထွက်ကြပါတယ်။
လက်ရှိ ဥက္ကဌနိုင်ငံဟာ အီဂျစ်ဖြစ်ပြီး ၂၀၁၉ ခုနှစ် ဇန်န၀ါရီလကစလို့ ပါလက်စတိုင်းက ဥက္ကဌအဖြစ် တာဝန်ယူရမှာ ဖြစ်ပါတယ်။
ကုလဆိုင်ရာ ပါလက်စတိုင်းသံအမတ် ရီယာ့ဒ် မန်ဆူရ်က အခုလို ခန့်အပ်ခံရမှုကို အတည်ပြုခဲ့ပြီး နိုင်ငံပေါင်း ၁၃၅ နိုင်ငံရဲ့ အကျိုးအတွက် ဆောင်ရွက်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။
ပါလက်စတိုင်းဟာ ကုလသမဂ္ဂအဖွဲ့ဟာ အဖွဲ့ဝင်မဟုတ်တဲ့ လေ့လာသူနိုင်ငံအဖြစ် ရှိနေပြီး အခုလို Group of 77 အဖွဲ့ဥက္ကဌအဖြစ် တင်မြှောက်ခံလိုက်ရတာက တိုးတက်မှုတစ်ခု ဖြစ်ပါတယ်။
ပါလက်စတိုင်းပိုင်နက်တွေကို ကျူးကျော်သိမ်းပိုက်ထားတဲ့ အစ္စရေးကတော့ ဒီလိုခန့်အပ်မှုကို ကန့်ကွက်ခဲ့ပြီး Group of 77 အဖွဲ့ဟာ မုသားတွေ၊ လှုံ့ဆော်မှုတွေကို ပြန့်နှံစေတဲ့အဖွဲ့ ဖြစ်လာတယ်လို့ ပြောကြားခဲ့ပါတယ်။
Ref: Aljazeera




