News @ M-Media

Blog

  • အင်ဒိုနီးရှားရှိ ခရစ်ယာန်ဘုရားကျောင်း ၃ ခုတွင် ဗုံးခွဲတိုက်ခိုက်မှုဖြစ်

    အင်ဒိုနီးရှားရှိ ခရစ်ယာန်ဘုရားကျောင်း ၃ ခုတွင် ဗုံးခွဲတိုက်ခိုက်မှုဖြစ်

    မေ ၁၃၊ ၂၀၁၈
    M-Media

    ဗုံးရှင်းလင်းရေးတပ်ဖွဲ့

    – အင်ဒိုနီးရှားနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ ဆူရာဘာယာမှာ ဒီကနေမနက်ပိုင်းက ခရစ်ယာန်ဘုရားကျောင်း ၃ ခုမှာ အသေခံဗုံးခွဲမှု ဖြစ်ပွားခဲ့တာကြောင့် အနည်းဆုံး လူ ၁၁ ဦး သေဆုံးခဲ့ပါတယ်။

    ပထမဆုံး ပေါက်ကွဲမှုဟာ မနက် ၇ နာရီခွဲမှာ ဖြစ်တာဖြစ်ပြီး အဲ့ဒီနောက် ၁၀ မိနစ်အတွင်းမှာ နောက်ထပ် နှစ်ခု ဖြစ်ပွားခဲ့တာပါ။ ဒဏ်ရာရသူတွေ တော်တော်များများ ရှိနေတာကြောင့် သေဆုံးသူအရေအတွက်ကလည်း မြင့်တက်လာနိုင်ပါတယ်။

    အင်ဒိုနီးရှားထောက်လှမ်းရေး အာဏာပိုင်တွေက ဒီတိုက်ခိုက်မှုတွေဟာ IS ကိုအားကျတဲ့ Jemmah Anshrut Daulah အဖွဲ့ရဲ့လက်ချက် ဖြစ်နိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် တိုက်ခိုက်မှုလုပ်တယ်လို့ အခုအချိန်အထိ ဘယ်အဖွဲ့အစည်းကမှ ထုတ်ပြန်ခြင်း မရှိသေးပါဘူး။

    မြို့တွင်းက အခြား ခရစ်ယာန်ဘုရားကျောင်းတစ်ခုမှာလည်း မပေါက်ကွဲသေးတဲ့ဗုံးကို ရဲတပ်ဖွဲ့က ရှင်းလင်းခဲ့ရပါတယ်။ လက်ရှိ ဒေသတွင်းက ခရစ်ယာန်ဘုရားကျောင်းတွေ ခေတ္တပိတ်ထားဖို့ ရဲတပ်ဖွဲ့က အမိန့်ထုတ်ပြန်ထားပြီး မြို့တွင်းမှာ ပြုလုပ်ဖို့ရှိနေတဲ့ အစားအသောက်ပွဲတော်ကြီးကိုလည်း ပယ်ဖျက်လိုက်ရပါတယ်။

    မြို့တော် ဂျကာတာဆင်ခြေဖုံးက လုံခြုံရေးအဆင့်မြင့် ထောင်တစ်ခုမှာ IS အဖွဲ့ဝင် အကျဉ်းသားတွေက ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဆူပူကာ အကြမ်းဖက်တိုက်ဖျက်ရေး အထူးအဖွဲ့ဝင် ၅ ဦးကို သတ်ဖြတ်ခဲ့ပြီးတဲ့နောက် ဒီတိုက်ခိုက်မှု ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ အဲဒီ ထောင်ဆူပူမှုဟာ ၃၆ နာရီ ကြာမြင့်ခဲ့ပါတယ်။

    Ref: CNA

  • စနေနေ့ ဘောလုံးသတင်းများ

    စနေနေ့ ဘောလုံးသတင်းများ

    မေ ၁၂၊ ၂၀၁၈
    M-Media

    အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်း ဒေးဗစ်ဘက်ခမ်း

    သားများ ဘောလုံးကို မချစ်သည့်အတွက် ဘက်ခမ်းစိတ်ပျက်
    ============
    သားသုံးယောက်ဟာ ဘောလုံးကို သူ့လို မချစ်တဲ့အတွက် ၀မ်းနည်းကြေကွဲရတယ်လို့ အင်္ဂလန်ကွင်းလယ်ကစားသမားဟောင်း ဒေးဗစ်ဘက်ခမ်းက ပြောကြားလိုက်ပါတယ်။ ဘက်ခမ်းရဲ့ သားတွေဖြစ်တဲ့ ဘရွတ်ကလင်း၊ ရိုမီယိုနဲ့ ခရုဇ်တို့ဟာ ဘောလုံးနဲ့ အထိအတွေ့ရှိပြီး ဘရွတ်ကလင်းဆိုရင် အာဆင်နယ်အကယ်ဒမီမှာ တက်ရောက်နေသူ ဖြစ်ပါတယ်။ ဒါပေမယ့် ဘက်ခမ်းကတော့ သားတွေဟာ ပါရမီရှိပေမယ့် သူ့လိုမျိုး ဘောလုံးကို အရူးအမူး မဖြစ်တဲ့အတွက် အသက် ၆ နှစ်အရွယ် သမီးဖြစ်သူ ဟာပါကိုပဲ မျှော်လင့်ရတော့မယ်လို့ ဆိုပါတယ်။

    မက်ဆီနှင့် ဆွာရက်ဇ်ကို လွမ်းသည်ဟု နေးမာပြော
    ==============
    ဘာစီလိုနာမှာ မက်ဆီ၊ ဆွာရက်စ်တို့နဲ့ ကစားရတာကို လွမ်းတယ်လို့ ပီအက်စ်ဂျီတိုက်စစ်မှူး နေးမာက ပြောကြားလိုက်ပါတယ်။ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ယူရို ၂၂၂ သန်းနဲ့ အခုနှစ် ဘောလုံးရာသီအစမှာ ဘာစီလိုနာကနေ ပီအက်စ်ဂျီပြောင်းလာတဲ့ နေးမာဟာ ရာသီကုန်ရင် အသင်းကထွက်တော့မယ်လို့ သတင်းထွက်နေသူပါ။ နေးမာက မက်ဆီ၊ ဆွာရက်စ်တို့နဲ့ သူ့ရဲ့ဆက်ဆံရေးဟာ အင်မတန်ကောင်းမွန်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ပီအက်စ်ဂျီကထွက်မယ်ဆိုတဲ့ သတင်းတွေကိုတော့ ငြင်းဆိုခဲ့ပါတယ်။

    မက်ဆီနှင့် ရော်နယ်ဒိုတို့မှာ မိမိထက် အများကြီးပိုကောင်းသည်ဟု ဆာလာဟ်ပြော
    ===============
    မက်ဆီ၊ ရော်နယ်ဒိုတို့နဲ့ နှိုင်းယှဉ်မှုအတွက် စိတ်မသက်မသာဖြစ်မိတယ်လို့ လီဗာပူးလ်တိုက်စစ်မှူး မိုဟာမက် ဆာလာဟ်က ပြောကြားလိုက်ပါတယ်။ လီဗာပူးလ်နဲ့ ပွဲဦးထွက်ရာသီမှာပဲ ခြေစွမ်းပြနေတဲ့အတွက် မီဒီယာတွေက ဆာလာဟ်ကို မက်ဆီ၊ ရော်နယ်ဒိုတို့နဲ့ နှိုင်းယှဉ်ပြောဆိုမှုတွေ ရှိနေတာပါ။ ဒါပေမယ့် ဆာလာဟ်က ဒီကစားသမား ၂ ဦးဟာ ထိပ်တန်းအဆင့်မှာ ၁၀ နှစ် ၁၁ နှစ်လောက် ရှိနေပြီး ခြေစွမ်းတည်ငြိမ်သူတွေဖြစ်ကြောင်း၊ မိမိကတော့ အခုစွမ်းဆောင်ရည်ကောင်းကို နှစ်တော်တော်များများ ထိန်းသိမ်းထားဖို့ လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။

    အေဂျက်တိုက်စစ်မှူး ကလွိုက်ဘက်ကို မော်ရင်ဟို ပစ်မှတ်ထားနေ
    ================
    မန်ယူနည်းပြ မော်ရင်ဟိုဟာ အေဂျက်အသင်းက အသက် ၁၉ နှစ်အရွယ် တိုက်စစ်မှူး ဂျက်စတင် ကလွိုက်ဗက်ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေတယ်လို့ သတင်းထွက်လာပါတယ်။ ကလွိုက်ဗက်ဟာ အေဂျက်မှာ ခြေစွမ်းကောင်းတွေ ပြသနေတာကြောင့် ဥရောပ အသင်းကြီးတော်တော်များများရဲ့ စိတ်ဝင်စားမှုကို ခံနေရပါတယ်။

    Ref: BBC, Goal

  • မွတ်စလင်နိုင်ငံများ ညီညွတ်ရန်နှင့် သိပ္ပံပညာတိုးတက်ရန် ခါမေနီတိုက်တွန်း

    မွတ်စလင်နိုင်ငံများ ညီညွတ်ရန်နှင့် သိပ္ပံပညာတိုးတက်ရန် ခါမေနီတိုက်တွန်း

    မေ ၁၂၊ ၂၀၁၈
    M-Media

    – ရန်သူတွေက သွေးခွဲမှုတွေလုပ်နေတဲ့ အခုလိုအချိန်မျိုးမှာ မွတ်စလင်နိုင်ငံတွေအနေနဲ့ စုစည်းညီညွတ်ဖို့ လိုအပ်နေပြီလို့ အီရန်အဓိပတိ အယာတိုလာ အလီ ခါမေနီက ပြောကြားလိုက်ပါတယ်။

    တီဟီရန်မှာ ဒီကနေ့ပြုလုပ်တဲ့ အစ္စလာမ့်သိပ္ပံဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုမှာ ရှီအာမွတ်စလင်တွေရဲ့ အခန်းကဏ္ဍဆိုင်ရာ နိုင်ငံတကာ ထိပ်သီးအစည်းအဝေးမှာ ခါမေနီက အနောက်နိုင်ငံတွေ လက်မခံပေမယ့် လက်ရှိ မွတ်စလင်ကမ္ဘာရဲ့ နိုးထလာမှုဟာ အစ္စလာမ်နဲ့ ပိုမိုနီးစပ်ရေး အခြေခံဖြစ်လာပြီး၊ ပိုကောင်းတဲ့အနာဂတ်ကို မြင်ေ
    နရပြီလို့ ဆိုပါတယ်။

    မွတ်စလင်တွေ အချင်းချင်းကြားထဲမှာ သွေးကွဲအောင် ရန်သူတွေက ကြိုးပမ်းနေတယ်လို့လည်း သူက ပြောကြားခဲ့ပါတယ်။

    “ဒီလိုအခြေအနေမျိးမှာ မွတ်စလင်တွေကြားထဲ ကောင်းကျိုးအတွက် ပိုမိုနားလည်မှု ရှိစေတဲ့ ဘယ်လို လုပ်ရပ်မျိုးမဆို၊ စုစည်းစေတဲ့ ဘယ်လိုအနေအထားမျိုးမဆို မွတ်စလင်တွေ စည်းလုံးညီညွတ်ဖို့အတွက် အကူအညီ ဖြစ်စေပါလိမ့်မယ်”

    မွတ်စလင်ကမ္ဘာမှာ အရေးပါဆုံးနဲ့ အလိုအပ်ဆုံးဟာ သိပ္ပံပညာ ရှေ့ရောက်ဖို့ဖြစ်ပြီး လက်ရှိ ကမ္ဘာပေါ်မှာ မွတ်စလင်နိုင်ငံတွေ အောက်ကျနောက်ကျ ဖြစ်နေရတာဟာ သိပ္ပံပညာ မဖွံ့ဖြိုးမှုကြောင့် ဖြစ်တယ်လို့လည်း ခါမေနီက ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    “မွတ်စလင်တွေက သိပ္ပံပညာပိုင်းဆိုင်ရာမှာ ရာစုနှစ်ချီ နောက်ပြန်သွားနေတဲ့အချိန် အနောက်နိုင်ငံတွေက မွတ်စင်ကမ္ဘာရဲ့ သိပ္ပံဆိုင်ရာ တိုးတက်မှုတွေကို အသုံးချကာ ကြွယ်ဝမှု၊ သိပ္ပံပညာ၊ စစ်ရေး၊ နိုင်ငံရေး၊ ၀ါဒဖြန့်စွမ်းအားတွေကို မြှင့်တင်ကာ ကိုလိုနီစနစ်ကနေတစ်ဆင့် မွတ်စလင်တွေ ဒီနေ့လိုအဖြစ်မျိး ရောက်လာအောင် အပြည့်အ၀ လုပ်ဆောင်သွားတာ ဖြစ်ပါတယ်”

    သိပ္ပံပညာဆိုင်ရာ တိုးတက်မှုမှာ အီရန်နိုင်ငံဟာ အကောင်းဆုံးဥပမာတစ်ခုဖြစ်တယ်လို့ ခါမေနီက ထပ်လောင်းပြောကြားခဲ့ပြီး၊ မွတ်စလင် နိုင်ငံတွေအနေနဲ့ ဒီလိုတိုးတက်အောင်ဆောင်ရွက်မှ တစ်ချိန်ကရှိခဲ့တဲ့ လူ့အဖွဲ့အစည်းရဲ့ ထိပ်ပိုင်းကို ပြန်ရောက်နိုင်မယ်လို့လည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: Press TV

  • မြောက်ကိုရီးယားတွင် ငတ်မွတ်မှုမရှိသော်လည်း အစာရေစာရှားပါးမှု ရှိနေဟု WFP ပြော

    မြောက်ကိုရီးယားတွင် ငတ်မွတ်မှုမရှိသော်လည်း အစာရေစာရှားပါးမှု ရှိနေဟု WFP ပြော

    မေ ၁၂၊ ၂၀၁၈
    M-Media

    – မြောက်ကိုရီးယားနိုင်ငံကို ၂ ရက်ကြာ သွားရောက်ခဲ့တဲ့ ကုလရဲ့ ကမ္ဘာ့ စားနပ်ရိက္ခာအစီအစဉ် (WFP) ရဲ့ အကြီးအကဲ ဒေးဗစ် ဘီစလေက သူတို့ဟာ အကန့်အသတ်မဲ့ သွားလာခွင့်ရခဲ့ပြီး မြောက်ကိုရီးယားခေါင်းဆောင်ပိုင်းမှာ အကောင်းမြင်မှု သဘောထားကို တွေ့ရတယ်လို့ ပြောကြားလိုက်ပါတယ်။

    ဘီစလေဟာ မြောက်ကိုရီးယားအစိုးရ တာဝန်ရှိသူတွေနဲ့အတူ မြို့တော် ပြုံးယမ်နဲ့ အခြားဒေသနှစ်ခုကို သွားရောက်ခဲ့ကြတာပါ။

    မြောက်ကိုရီးယားဟာ အဟာရ စံချိန်စံညွှန်း မှီဖို့အတွက် ကြိုးစားနေရပေမယ့် ၁၉၉၀ ပြည့်နှစ်တွေတုန်းကလို အစာရေစာ ရှားပါးပြတ်လပ်မှု မရှိတော့ဘူးလို့ ဘီစလေက ဆိုပါတယ်။

    “သမိုင်း စာမျက်နှာသစ်တစ်ခု ဖွင့်လှစ်လိုတဲ့ သဘောထားမျိုး ရှိပါတယ်”

    ပြီးခဲ့တဲ့လက တောင်ကိုရီးယားသမ္မတ မွန်ဂျယ်အင်နဲ့ တွေ့ဆုံခဲ့တဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်ဟာ လာမယ့်လမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တွေ့ဆုံဆွေးနွေးဖို့ ရှိနေပါတယ်။

    မွန်ဂျယ်အင်နဲ့တွေ့ဆုံစဉ်မှာ ကင်က ကိုရီးယားကျွန်းဆွယ် နျူလက်နက် ကင်းရှင်းရေးကို လိုလားပြီး၊ မိမိတို့ရဲ့ နျူလက်နက်စမ်းသပ်မှုကို ရပ်တန့်ကာ၊ စမ်းသပ်ရာနေရာကိုလည်း ပိတ်ပစ်မယ်လို့ ပြောကြားခဲ့ပါတယ်။ နောက်ပြီး ဒီလိုဆောင်ရွက်မှုတွေကို နိုင်ငံတကာကျွမ်းကျင်သူတွေ လာရောက်ကြည့်ရှုခွင့်ပေးမယ်လို့လည်း ကင်က ကတိပြုခဲ့ပါတယ်။

    ဘီစလေရဲ့ ခရီးစဉ်အတွင်းမှာ WFP က ငွေကြေးထောက်ပံ့ပေးတဲ့ စီမံကိန်းနှစ်ခုဖြစ်တဲ့ နိုင်ငံတောင်ပိုင်းက ကလေးငယ် စောင့်ရှောက်ရေးဂေဟာ၊ မြောက်ပိုင်းက ဘီစကစ်စက်ရုံတွေကို သွားရောက်ခဲ့ပါတယ်။

    သူတွေ့ခဲ့ရသမျှ ပြောရရင် မြောက်ကိုရီးယားဟာ ၁၉၉၀ ပြည့်နှစ်တွေကလို အငတ်ဘေးဆိုက်တာမျိုး မရှိတော့
    ပေမယ့် အစာရေစာရှားပါးမှုနဲ့ အဟာရချို့တဲ့မှု ပြဿနာတွေ ရှိနေကြောင်း၊ ကုန်းမြင့်တွေများတဲ့အတွက် စို
    က်ပျိုးရေးလုပ်စရာမြေ နည်းပါးပြီး၊ စိုက်ပျိုးရေးကိုလည်း လူတွေ၊ နွားတွေနဲ့သာ အဓိကထား လုပ်နေရကြောင်း
    ပြောကြားခဲ့ပါတယ်။

    Ref: BBC

  • မလေးရှား အတိုက်အခံခေါင်းဆောင် အင်္ဂါနေ့လွတ်မည်

    မလေးရှား အတိုက်အခံခေါင်းဆောင် အင်္ဂါနေ့လွတ်မည်

    မေ ၁၂၊ ၂၀၁၈
    M-Media

    အတိုက်အခံခေါင်းဆောင် အန်ဝါရ် အီဘရာဟင်

    – မလေးရှားနိုင်ငံက အတိုက်အခံခေါင်းဆောင် အန်န၀ါရ် အီဘရာဟင်ဟာ ဘုရင်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အင်္ဂါနေ့မှာ လွတ်မြောက်မယ်လို့ သမီးဖြစ်သူ နူရူလ် အီဇာဟ်က ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။

    အန်ဝါရ်ဟာ ၀န်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်လက်ထက် ၂၀၁၅ ခုနှစ်က လိင်တူဆက်ဆံမှုနဲ့ ထောင်ဒဏ် ၅ နှစ် ချခံခဲ့ရတာဖြစ်ပြီး နိုင်ငံရေးအရ လုပ်ကြံခံရမှုဖြစ်တယ်လို့ တော်တော်များများက ရှုမြင်ကြပါတယ်။

    အန်ဝါရ်ကို ချွင်းချက်မဲ့ လွတ်ငြိမ်းချမ်းသာခွင့် ပေးမယ်လို့ ဘုရင်က ပြောကြားခဲ့ကြောင်း ၀န်ကြီးချုပ်သစ် မဟာသီယာ မိုဟာမက်က ယမန်နေ့ သတင်းစာရှင်းလင်းပွဲမှာ ထည့်သွင်းပြောဆိုခဲ့ပေမယ့် ရက်အတိအကျကို မပြောခဲ့
    ပါဘူး။

    နူရူလ် အီဇာဟ်က သူ့ဖခင် လွတ်မြောက်ရေးအတွက် စာရွက်စာတမ်းတွေကို စီစဉ်နေတယ်လို့ ဆိုပါတယ်။ အန်ဝါရ်ဟာ လက်ရှိ ကွာလာလမ်ပူက ဆေးရုံတစ်ခုမှာ ခွဲစိပ်ကုသမှုခံယူပြီး အနားယူနေပါတယ်။

    အန်ဝါရ်လွတ်မြောက်လာမယ်ဆိုရင် အမတ်အရွေးခံကာ ၀န်ကြီးချုပ်အဖြစ် တင်မြှောက်မှာ ဖြစ်တယ်လို့ မဟာသီက ပြောကြားထားပါတယ်။

    အန်ဝါရ်ဟာ ယခင်က ဒုတိယ၀န်ကြီးချုပ် ဖြစ်ခဲ့ဖူးပြီး ၁၉၉၈ ခုနှစ်မှာ လိင်တူဆက်ဆံမှု၊ အာဏာအလွဲသုံးစားမှုတွေနဲ့ ထောင် ၆ နှစ် ကျခံခဲ့ရဖူးပါတယ်။ ဒါပေမယ့် ၂၀၀၄ ခုနှစ်မှာ မလေးရှား တရားရုံးချုပ်က လိင်တူဆက်ဆံမှု စွဲချက်ကို ပယ်ဖျက်ကာ သူ့ကို ပြန်လွှတ်ပေးခဲ့ပါတယ်။

    Ref: Aljazeera