News @ M-Media

Blog

  • ဗုဒ္ဓဟူးနေ့ နိုင်ငံတကာသတင်းများ

    ဗုဒ္ဓဟူးနေ့ နိုင်ငံတကာသတင်းများ

    ဧပြီ ၂၅၊ ၂၀၁၈
    M-Media

    မူးယစ်ဂိုဏ်းအကြောင်းဖော်သည့်အတွက် အသတ်ခံလိုက်ရသည့် မက္ကဆီကို သတင်းထောက်

    ပါလက်စတိုင်းပညာရှင်၏ရုပ်ကလပ် မလေးရှားမှ ဂါဇာသို့ ပို့ဆောင် မြှုပ်နှံမည်
    =====================
    စနေနေ့က ကွာလာလမ်ပူမှာ သေနတ်သမားနှစ်ယောက်ရဲ့ လုပ်ကြံသတ်ဖြတ်မှုကို ခံခဲ့ရတဲ့ ပါလက်စတိုင်း သိပ္ပံပညာရှင် ဖာဒီ အလ် ဘက်ရှ်ရဲ့ ရုပ်အလောင်းကို ဒီကကနေ့ညနေပိုင်းမှာ ဂါဇာကမ်းမြှောင်ကို ပြန်လည်ပို့ဆောင်ကာ မြှုပ်နှံသွားမယ်လို့ မလေးရှားဆိုင်ရာ ပါလက်စတိုင်း သံအမတ် ဒေါက်တာ အန်ဝါရ် အလ် အဂ်ဟာက ပြောကြားလိုက်ပါတယ်။ သတ်ဖြတ်သူလို့ ယူဆရသူနှစ်ဦးရဲ့ ပုံတွေကို မလေးရှားက တနင်္လာနေ့မှာ ထုတ်ပြန်ခဲ့ပေမယ့် ဖမ်းဆီးရမိခြင်းတော့ မရှိသေးပါဘူး။ ဖာဒီရဲ့ မိသားစုကတော့ ဒါဟာ အစ္စရေးထောက်လှမ်းရေး မိုဆာ့ဒ်ရဲ့ လက်ချက်ဖြစ်မယ်လို့ စွပ်စွဲထားပါတယ်။

    မူးယစ်ဂိုဏ်းအကြောင်းဖော်သည့် ဂျာနယ်လစ်အား သတ်သူကို မက္ကဆီကိုဖမ်းဆီး
    ==================
    နိုင်ငံတကာက အသိအမှတ်ပြုထားတဲ့ ဂျာနယ်လစ် ဂျာဗီယာ ဗာလ်ဒက်စ်ကို သတ်ဖြတ်မှုမှာ အဓိကပါဝင်တယ်လို့ သံသယရှိသူကို မက္ကဆီကိုက တနင်္လာနေ့မှာ ဖမ်းဆီးခဲ့ပါတယ်။ ဗာလ်ဒက်ဇ်ဟာ နိုင်ငံအတွင်း မူးယစ်ကုန်သွယ်မှုနဲ့ စနစ်တကျ စီစဉ်ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေကို ဖော်ထုတ်ခဲ့ပြီးတဲ့နောက် ၂၀၁၇ ခုနှစ် မေလမှာ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

    လူ့အခွင့်အရေးကိစ္စ ကန်၏ဝေဖန်မှုကို ကင်ဂျုံအန်ရှုတ်ချ
    =================
    သူ့နိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေနဲ့ပတ်သက်ပြီး အမေရိကန်ရဲ့ ပြီးခဲ့တဲ့တစ်ပတ် ဝေဖန်ပြောဆိုမှုဟာ ရူးနှမ်းမှုဖြစ်တယ်လို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က ရှုတ်ချလိုက်ပါတယ်။ ကင်ဟာ ဒီတစ်ပတ်မှာ နှောင်းပိုင်းမှာ တောင်ကိုရီးသမ္မတနဲ့ တွေ့ဆုံဖို့ရှိနေပြီး နောက်ပိုင်းမှာ အမေရိကန်သမ္မတ ထရမ့်နဲ့လည်း တွေ့ဖို့ စီစဉ်ထားတာပါ။ ထရမ့်က မြောက်ကိုရီးယားအနေနဲ့ နျူအစီအစဉ်ကို လုံးဝစွန့်လွှတ်ဖို့လည်း မနေ့မှာ တိုက်တွန်းခဲ့ပါတယ်။

    နိုင်ငံ၏ ပထမဆုံးဂြိုဟ်တုကို ဆုံးရှုံးလိုက်ရကြောင်း အန်ဂိုလာကြေငြာ
    ==============
    ရုရှားကတည်ဆောက်ကာ ဒီဇင်ဘာမှာ လွှတ်တင်ပေးခဲ့တဲ့ ကန်ဒေါ်လာ သန်း ၃၀၀ တန် နိုင်ငံရဲ့ ပထမဆုံးဂြိုဟ်တုကို ဆုံးရှုံးလိုက်ရပြီလို့ အာဖရိကက အန်ဂိုလာနိုင်ငံက ကြေငြာလိုက်ပါတယ်။ လွှတ်တင်ပြီး ရက်အနည်းငယ်ကတည်းက ဆက်သွယ်ရေးဆိုင်ရာနဲ့ နည်းပညာဆိုင်ရာ ပြဿနာတွေကို ကြုံတွေခဲ့တာဖြစ်ပြီး နောက်ဆုံးမှာ လုံးဝ ဆုံးရှုံးလိုက်ရပါတယ်။ ရုရှားကတော့ စာချုပ်အရ ဂြိုဟ်တု နောက်ထပ်တစ်လုံး ပြန်ဆောက်ပေးမယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera, CNA

  • ကူဝိတ်အချုပ်အခြာအာဏာ ချိုးဖောက်မှုအတွက် ဖိလစ်ပိုင်ပြန်တောင်းပန်

    ကူဝိတ်အချုပ်အခြာအာဏာ ချိုးဖောက်မှုအတွက် ဖိလစ်ပိုင်ပြန်တောင်းပန်

    ဧပြီ ၂၄၊ ၂၀၁၈
    M-Media

    – အိမ်အကူလုပ်သားတွေကို ကယ်တင်ရာမှာ ကူဝိတ်နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိပါးသလိုဖြစ်သွားတဲ့ ကိစ္စအတွက် ဖိလစ်ပိုင်နိုင်ငံက ပြန်လည်တောင်းပန်လိုက်ပါတယ်။

    ကူဝိတ်မှာရှိတဲ့ ဖိလစ်ပိုင်သံရုံးဟာ စနေနေ့က ဖိလစ်ပိုင်အိမ်အကူတွေကို သူတို့အလုပ်လုပ်ရာ အိမ်တွေကနေ ကယ်ထုတ်ခဲ့ပြီး ဒီဗီဒီယိုကလည်း အွန်လိုင်းပေါ်မှာ ပြန့်နှံ့သွားခဲ့ပါတယ်။

    ကူဝိတ်အစိုးရကတော့ ဒီလုပ်ရပ်ကို ကန်ကွက်ခဲ့ပြီး ဖိလစ်ပိုင်သံအမတ်ကို ဖြေရှင်းဖို့ ဆင့်ခေါ်ခဲ့ကာ ဒီအဖြစ်အပျက်မှာ ပါဝင်ခဲ့တဲ့ သံရုံးဝန်ထမ်းနှစ်ဦးကိုလည်း ဖမ်းဆီးခဲ့ပါတယ်။

    ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး အလန် ပီတာ ကာယီတာနိုက ကူဝိတ်သံအမတ်ဟာ သမ္မတဒူတာတေး၊ အင်္ဂါနေ့က သူနဲ့ တွေ့ဆုံကာ ဖိလစ်ပိုင်ရဲ့ ရှင်းပြမှုကို လက်ခံခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

    “ကူဝိတ်နိုင်ငံခြားရေးဝန်ကြီးကို စာတစ်စောင်ပို့ထားပြီး၊ ကူဝိတ်က သူတို့အချုပ်အခြာကို ချိုးဖောက်တယ်လို့ ရှုမြင်တဲ့ ဒီကိစ္စအတွက် ကျွန်တော်တို့ တောင်းပန်တယ်လို့ ပြောထားပါတယ်”

    ဒီလိုကိစ္စမျိုး နောက်ထပ်မဖြစ်ဖို့အတွက် လုပ်ဆောင်စရာရှိတာတွေ လုပ်ဆောင်ဖို့ ကူဝိတ်အာဏာပိုင်တွေနဲ့ သဘောတူညီချက်ရခဲ့တယ်လို့လည်း ကာယီတာနိုက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ဖိလစ်ပိုင်အိမ်အကူတစ်ယောက် အသတ်ခံရပြီး ရေခဲသတ္တာထဲမှာ ၂ နှစ်လောက် ပိတ်ထားခံရတဲ့သတင်း ပေါ်ထွက်လာခဲ့ပြီးတဲ့နောက်ပိုင်း ဇန်န၀ါရီလမှာ ဖိလစ်ပိုင်ဟာ ကူဝိတ်ကို အိမ်အကူလွှတ်တာ ပိတ်ခဲ့ပါတယ်။

    ဒါပေမယ့် နိုင်ငံခြားအလုပ်သမားတွေကို ကာကွယ်ပေးရေး နှစ်နိုင်ငံသဘောတူညီချက် ရရှိခဲ့ပြီးတဲ့နောက် ဖိလစ်ပိုင်က ပိတ်ဆို့မှုကို ပြန်ဖျက်သိမ်းခဲ့ပါတယ်။

    Ref: Alrabiya

  • အင်္ဂါနေ့ ဘောလုံးသတင်းများ

    အင်္ဂါနေ့ ဘောလုံးသတင်းများ

    ဧပြီ ၂၄၊ ၂၀၁၈
    M-Media

    ယူရို ၂၀၁၆ ချန်ပီယံ ပေါ်တူဂီအသင်း

    ဆာလာဟ် ဂိုးမသွင်းဖို့ ဂျက်ကိုက ပြောထား
    ==============
    ဒီနေ့ည ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲမှာ မိမိတို့အသင်းဖက်ကို ဂိုးမသွင်းဖို့အတွက် လီဗာပူးလ်တိုက်စစ်မှူး မိုဟာမက် ဆာလာဟ်ကို ပြောကြားထားတယ်လို့ ရိုးမားတိုက်စစ်မှူး ဂျက်ကိုက ဖွင့်ဟလိုက်ပါတယ်။ ဆာလာဟ်ဟာ ရိုးမားမှာ ၃ နှစ်တာ ကစားပြီးခဲ့တဲ့နောက် မနှစ်ကမှ လီဗာပူးကို ပြောင်းရွှေခဲ့ပြီး အခုအချိန်အထိ ပြိုင်ပွဲအားလုံးမှာ ၄၁ ဂိုး သွင်းပေးထားပါတယ်။ ဂျက်ကိုကတော့ ဆာလာဟ်ဟာ ရိုးမားမှာ အများကြီး သင်ယူသွားနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

    ရော်နယ်ဒိုက မက်ဆီထက်ပိုပြီး ယှဉ်ပြိုင်နိုင်စွမ်းရှိတယ်
    =================
    ရီးယဲလ်မက်ဒရစ်တိုက်စစ်မှူး ရော်နယ်ဒိုဟာ မက်ဆီထက်ပိုပြီး ယှဉ်ပြိင်နိုင်စွမ်းရှိတယ်လို့ ဘိုင်ယန်နောက်ခံလူ ဂျိုရှူဝါ ကင်မစ်ခ်ျက ပြောကြားလိုက်ပါတယ်။ ဘိုင်ယန်နဲ့ ရီးယဲလ်တို့ဟာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ကို မနက်ဖြန်ညမှာ ကစားမှာပါ။ မနှစ်က ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ ဒီနှစ်သင်း တွေ့ဆုံခဲ့ပြီး ဘို င်ယန်က ထွက်ခဲ့ရပါတယ်။ ကင်မစ်ခ်ျကတော့ ရော်နယ်ဒိုဟာ အဆုံးအဖြတ်ပေးတဲ့ ကစားသမားဖြစ်တယ်လို့ ဆိုပါတယ်။

    ယူရို၂၀၂၄ အိမ်ရှင်ဖြစ်ခွင့်ရရန် ဂျာမနီက အမည်စာရင်းသွင်း
    ===========
    ၂၀၂၄ ခုနှစ် ဥရောပဖလား ဘောလုံးပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပနိုင်ရေး ဂျာမနီက အမည်စာရင်း တင်သွင်းလိုက်ပါတယ်။ တူရကီကလည်း အိမ်ရှင်ဖြစ်ခွင့်ရရေး ဒီတစ်ပတ်ထဲ စာရင်းပေးမှာဖြစ်ပြီး ယူအီးအက်ဖ်အေက စက်တင်ဘာ ၂၇ ရက်နေ့မှာ အိမ်ရှင်ရွေးချယ်မှာပါ။ ယူရို၂၀၂၀ ကို ဥရောပတစ်ဝှမ်းက မြို့ကြီးတွေမှာ ကျင်းပဖို့ စီစဉ်ထားပြီး ၂၀၂၄ ခုနှစ်မှာတော့ နိုင်ငံတစ်ခုတည်းကသာ လက်ခံကျင်းပမှာ ဖြစ်ပါတယ်။ ယူရို ၂၀၁၆ ကို ပြင်သစ်က လက်ခံကျင်းပခဲ့ပြီး ပေါ်တူဂီက ဗိုလ်စွဲခဲ့ပါတယ်။

    ရိုးမားနှင့်ဆာလာဟ် မိတ်ဆွေမဟုတ်တော့ဟု ကလော့ သတိပေး
    ==================
    လီဗာပူးလ်နည်းပြ ကလော့က ရိုးမားအသင်းသားတွေဟာ သူ့ကို မိတ်ဆွေလို ဆက်ဆံမှာမဟုတ်တော့ဘူးဆိုတာ ဆာလာဟ်တစ်ယောက် တွေ့ရမှာဖြစ်ြေ ကာင်း၊ အီတလီနောက်ခံလူတွေဟာ ဘယ်တုန်းကမှ မိတ်ဆွေလိုပုံစံမျိုး ပွဲမကစားဘဲ ဆာလာဟ်အနေနဲ့လည်း ဘောလုံးလောကထုံးစံအရ တုန့်ပြန်နိုင်မှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

    Ref: BBC, Goal

  • နျူသဘောတူညီချက်ကို ဖောက်ဖျက်လျှင် ဆိုးကျိုးများကြုံမည်ဟု ထရမ့်ကို အီရန် သတိပေး

    နျူသဘောတူညီချက်ကို ဖောက်ဖျက်လျှင် ဆိုးကျိုးများကြုံမည်ဟု ထရမ့်ကို အီရန် သတိပေး

    ဧပြီ ၂၄၊ ၂၀၁၈
    M-Media

    – ၂၀၁၅ ခုနှစ်မှာ ရရှိခဲ့တဲ့ နျူသဘောတူညီချက်ကို အလေးထားဖို့ အီရန်သမ္မတ ရူဟာနီက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို တိုက်တွန်းလိုက်ပြီး ဒီလိုမှမဟုတ်ရင် ဆိုးရွားတဲ့ အကျိုးဆက်တွေနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ သတိပေးခဲ့ပါတယ်။

    အမေရိကန်အပါအ၀င် အင်အားကြီး ၆ နိုင်ငံနဲ့ အီရန်တို့ ရရှိခဲ့တဲ့ ဒီသဘောတူညီချက်အရ အီရန်ဟာ သူ့ရဲ့ နျူအစီအစဉ်ကို ရပ်ဆိုင်းပေးခဲ့ပြီး အပြန်အလှန်အားဖြင့် နိုင်ငံတကာက အီရန်အပေါ် ပြုလုပ်ထားတဲ့ ပိတ်ဆို့မှုတွေကို ဖယ်ရှားပေးခဲ့ပါတယ်။

    ဒါပေမယ့် ထရမ့်က ဒီကိစ္စကို ဝေဖန်မှုတွေလုပ်ခဲ့ပြီး အမေရိကန်ဟာ သဘောတူညီချက်ကနေ နှုတ်ထွက်မယ်လို့ ပြောဆိုထားပါတယ်။

    ဒီသဘောတူညီချက်မှာ အမေရိကန် ဆက်ပါမလားဆိုတာကို မေလ ၁၂ ရက်နေ့မှာ ထရမ့်က ဆုံးဖြတ်ဖို့ ရှိနေတဲ့အချိန် အီရန်က ဒီလို သတိပေးလိုက်တာပါ။

    ဒီနေ့ ရုပ်သံမိန့်ခွန်းမှာ ရူဟာနီက အိမ်ဖြူတော်အနေနဲ့ သဘောတူညီချက်က ကတိက၀တ်တွေအတိုင်း ဆောင်ရွက်မှုမရှိဘူးဆိုရင် အီရန်အစိုးရက ခိုင်ခိုင်မာမာ တုန့်ပြန်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    နျူသဘောတူညီချက်မှာ ဆက်လက်ပါဝင်ဖို့အတွက် နိုင်ငံတကာခေါင်းဆောင်တွေက ထရမ့်ကို တိုက်တွန်းထားပါတယ်။

    ပြင်သစ်သမ္မတ အီမန်နျူယဲလ်မာခရွန်က တကယ်လို့ ထရမ့်အနေနဲ့ ဒီသဘောတူညီချက်ကနေ ထွက်မယ်ဆိုရင် နောက်ထပ် အစီအစဉ်တစ်ခု ရှိမှာမဟုတ်ဘူးလို့ တနင်္ဂနွေနေ့မှာ ပြောကြားခဲ့ပါတယ်။

    အမေရိကန်ရုပ်သံ CBS နဲ့ တနင်္ဂနွေနေ့ အင်တာဗျူးမှာ အီရန်နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဂျာဗဒ် ဇာရစ်ဖ်က အမေရိကန်ဟာ သဘောတူညီချက်ကနေ ထွက်မယ်ဆိုရင် အီရန်က နျူလုပ်ငန်းကို အရှိန်မြှင့်ဆောင်ရွက်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • မှတ်ပုံတင် စမတ်ကဒ်စီမံကိန်းတွင် ဒေါ်လာ သန်းချီ ခိုးခဲ့သည့် လွှတ်တော်အမတ်ကို အင်ဒို ထောင်ချ

    မှတ်ပုံတင် စမတ်ကဒ်စီမံကိန်းတွင် ဒေါ်လာ သန်းချီ ခိုးခဲ့သည့် လွှတ်တော်အမတ်ကို အင်ဒို ထောင်ချ

    ဧပြီ ၂၄၊ ၂၀၁၈
    M-Media

    ပြည်သူ့ဘဏ္ဍာမှ ကန်ဒေါ်လာ သန်း ၁၇၀ ခိုးခဲ့သည့် လွှတ်တော်အမတ်ဟောင်း နိုဗန်တို

    – ပြည်သူ့ဘဏ္ဍာကနေ ကန်ဒေါ်လာ သန်း ၁၇၀ ခိုးယူမှုနဲ့ လွှတ်တော်အမတ်တစ်ဦးကို အင်ဒိုနီးရှားက ထောင် ၁၅ နှစ်ချမှတ်လိုက်ပြီး ခြစားမှုတိုက်ဖျက်ရေး အင်ဒိုနီးရှားရဲတပ်ဖွဲ့ရဲ့ အောင်မြင်မှုတစ်ခုလည်း ဖြစ်ပါတယ်။

    ဆက်ယာ နိုဗန်တိုဖြစ်ပြီး Golkar ပါတီရဲ့ ဥက္ကဌအဖြစ် ဆောင်ရွက်ခဲ့သူပါ။

    တရားသူကြီးတွေက နိုဗန်တိုဟာ ၂၀၁၁ ခုနှစ်ကနေ ၂၀၁၂ ခုနှစ်အတွင်း ပြုလုပ်ခဲ့တဲ့ ကန်ဒေါ်လာ သန်းပေါင်း ၄၄၀ တန် အီလက်ထရောနစ် မှတ်ပုံတင်စီမံကိန်းမှာ ရန်ပုံငွေရဲ့ သုံးပုံတစ်ပုံကို ခိုးယူခဲ့တဲ့ အစိုးရတာဝန်ရှိသူ ၈၀ မှာ ပါဝင်တယ်လို့ ဒီကနေ့ အမိန့်ချမှတ်မှုမှာ ပြောကြားခဲ့ပါတယ်။

    နိုဗန်တိုကတော့ သူ့အနေနဲ့ အပြစ်မရှိကြောင်း ငြင်းဆိုခဲ့ပြီး ပူးပေါင်းကြံစည်မှုကို ထုတ်ဖော်ကာ ဖော်ကောင်အဖြစ် သက်ညှာမှုရရေး ကြိုးပမ်းခဲ့ပေမယ့်လည်း မအောင်မြင်ခဲ့ပါဘူး။

    တရားသူကြီးအဖွဲ့က နိုဗန်တိုအနေနဲ့ ဒဏ်ငွေ အင်ဒိုရူပြား သန်း ၅၀၀ (ကန်ဒေါ်လာ ၃၆၀၀၀) ပေးဆောင်ဖို့နဲ့ ထောင်ကထွက်ပြီး နောက်ထပ် ၅ နှစ် အစိုးရအဖွဲ့မှာ တာဝန်ထမ်းမှုမလုပ်ဖို့ အမိန့်ချခဲ့ပါတယ်။

    နိုဗန်တိုကတော့ အယူခံဝင်မလားဆိုတာကို စဉ်းစားသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera