6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဆူဒန်တောင်ပိုင်းသမ္မတနိုင်ငံပေါ်ထွက်လာ

ဆူဒန်တောင်ပိုင်းသမ္မတနိုင်ငံသည် လွန်ခဲ့သည့် ဇူလိုင်လ ၉ ရက်နေ့က လွတ်လပ်သော သမ္မတနိုင်ငံ တစ်ခုအဖြစ် သတ်မှတ်ခြင်းခံရပြီး မကြာမီက ၁၉၃ နိုင်ငံမြောက် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်လာသည်။

မလေးရှားဆန္ဒပြပွဲ အကြမ်းဖက်နှိမ်နင်း

မလေးရှားနိုင်ငံတွင် ရွေးကောက်ပွဲဥပဒေနှင့် မဲပေးမှုစနစ်ကို ပြင်ဆင်ပေးရန် တောင်းဆို ဆန္ဒပြကြသူများအား ဇူလိုင်လ ၉ ရက်နေ့က ရဲတပ်ဖွဲ့မှ မျက်ရည်ယိုဗုံးများအသုံးပြု၍ အကြမ်းဖက်နှိမ်နှင်းခဲ့ပြီး တစ်ဦးသေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြသည်။ (Islamonline)

သြစတြေးလျ မွတ်စ်လင်မ်အမျိုးသမီးများ ရဲတပ်ဖွဲ့တောင်းဆိုမှုအရ မျက်နှာအုပ်ပုဝါ ဖွင့်ပြရမည်

သြစတြေးလျနိုင်ငံ၊ နယူးဆောက်သ်ဝေးလ်စ်ပြည်နယ်တွင် ဟီဂျဗ်ဝတ်ဆင်သော မွတ်စ်လင်မ်အမျိုးသမီးများ အား ရဲတပ်ဖွဲ့မှ တောင်းဆိုပါက မျက်နှာအုပ်ပုဝါကို လှစ်ဟပြရန် ဥပဒေတစ်ခုကို လွှတ်တော်အမတ်များက အဆိုတင်သွင်းလိုက်သည်။ (AFP)

ဆစ်ဒနီမြို့အပါအ၀င် နယူးဆောက်သ်ဝေးလ်စ်ပြည်နယ်တစ်ခုလုံးနှင့်သက်ဆိုင်သော အဆိုပါဥပဒေကို လာမည့် သြဂုတ်လတွင် အတည်ပြုသင့်၊ မပြုသင့် မဲခွဲဆုံးဖြတ်မည် ဖြစ်သည်။ ဘယ်လ်ဂျီယမ်၊ အီတလီ၊ ပြင်သစ်၊ ဒိန်းမတ်နှင့် နယ်သာလန်တို့တွင် အလားတူ ဥပဒေများ ပြဌာန်းထားသည်။ (The National)

ဂျာမနီရှိ မွတ်စ်လင်မ်အမျိုးသမီးများ အလုပ်အကိုင်ရှာဖွေရာတွင် အခက်အခဲကြုံရ

ဂျာမနီနိုင်ငံတွင် အရည်အချင်းပြည့်မီပြီး ရည်မှန်းချက်ကြီးမားသော မွတ်စ်လင်မ်အများစု၊ အထူးသဖြင့် ပုဝါ၀တ်ဆင်ထားသော အမျိုးသမီးများ၊ အလုပ်အကိုင်ရှာဖွေရာတွင် ဘာသာရေးခွဲခြားခံရမှုနှင့် ရင်ဆိုင်နေ ရသည်။

“မွတ်စ်လင်မ်အသိုင်းအ၀ိုင်းမှာ အမျိုးသမီးတွေကို အလုပ်မလုပ်ခိုင်းဘူးလို့ ပြောကြတယ်။ ဒါပေမယ့် တကယ်ကျတော့ တခြားလူမှုအသိုင်းအ၀ိုင်းက မွတ်စ်လင်မ်အမျိုးသမီးတွေ အလုပ်လုပ်တာကို အဆင့်အတန်းခွဲခြား တားမြစ်နေတာပါ´´ဟု ဂျာမနီ မွတ်စ်လင်မ်အမျိုးသမီးများဆိုင်ရာ အဖွဲ့အစည်းတစ်ခု၏ အုပ်ချုပ်မှု ဒါရိုက်တာ၊ ၁၉၈၀ ကျော်တွင် အစ္စလာမ်ကို လက်ခံခဲ့သူ၊ အဲရစ်ကာ သီဆင်က ပြောကြားသည်။ (Deutsche Welle)

ဆော်ဒီမင်းသား News Corp တွင် ဆက်လက် ရင်းနှီးမြှုပ်နှံရန် ဆုံးဖြတ်

မကြာမီက ဖြစ်ပွားခဲ့သည့် တယ်လီဖုန်းကြားဖြတ်နားထောင်မှုများနှင့် voice mail များအား ခိုးနားထောင်ခြင်းများ၏ နောက်ဆက်တွဲအဖြစ် အင်္ဂလန်နိုင်ငံ News Corporation ၏ အရောင်းရဆုံးသတင်းစာ News of the World ကို ထုတ်ဝေမှုရပ်ဆိုင်းရန် ဆုံးဖြတ်လိုက်သော်လည်း ဆော်ဒီအာရေဗျ မင်းသား အလ်အ၀ိဒ် ဘင်န် တလာလ်က ၎င်း၏ ရင်းနှီးမြှုပ်နှံမှုကို ထုတ်ယူမည် မဟုတ်ဟု ပြောကြားသည်။ မင်းသား အလ်အ၀ိဒ်၏ Kingdom Holding ကုမ္ပဏီသည် News Corp တွင် ရှယ်ယာ ၇ ရာခိုင်နှုန်းပိုင်ဆိုင်ထားသည်။ (Reuters)

စီစဉ်တင်ပြသူ Zaw Htet

Leave a Reply