ဇွန် ၂၇၊ ၂၀၁၃
M-Media
KK
ရန်ကုန် ။ ။လူမျိုးဘာသာပေါင်းစုံ အတူယှဉ်တွဲနေထိုင်ရေးမှသည် ငြိမ်းချမ်းရေးဆီသို့ ဦးတည်သောအားဖြင့် ဘာသာပေါင်းစုံ တရားပွဲကို ဇွန်လ ၂၉-ရက်နေ့ နေ့လည် (၁)နာရီမှ (၄း၃၀)နာရီအထိ တောင်ဥက္ကလာပမြို့နယ်တွင် ပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။
အဆိုပါ လူမျိုး၊ ဘာသာပေါင်းစုံ အတူယှဉ်တွဲနေထိုင်ရေးမှသည် ငြိမ်းချမ်းရေးဆီသို့ တရားပွဲကို တောင်ဥက္ကလာပမြို့နယ်လုံးဆိုင်ရာ ငြိမ်းချမ်းရေးလူငယ်များမှ ဦးစီးကျင်းပတာဖြစ်ပြီး သီရိဇေယျာခန်းမ၊ သီရိဇေယျာလမ်း၊ (၇)ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့တွင် နေ့လည် (၁)နာရီမှ (၄း၃၀)နာရီအထိ ပြုလုပ်မှာ ဖြစ်ကြောင်း သိရပါသည်။
ယင်းတရားပွဲ၌ ဗုဒ္ဓဘာသာမှ ဦးပဏ္ဍ၀ံသ[(Ph.D.Thesis) အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်မြို့]၊ သီတဂူအရှင်တိက္ခသာရ (သာသနဓဇဓမ္မာစရိယ) [(M.A.(Srilanka) သဲတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်မြို့]၊ ခရစ်ယာန်ဘာသာမှ Rev.Fr.George Shwe Tun (ကစ်သလစ် ဂိုဏ်းချုပ်ကျောင်း၊ ရန်ကုန်မြို့)၊ အစ္စလာမ်ဘာသာမှ အလ်ဟဂ်ျခလီဖွာဦးအေးလွင် (ကာဒရီယာ၊ အလီယာ၊ အစ္စလာမ်ဓမ္မဗိမာန်၊ ရန်ကုန်မြို့)၊ မုဖ်သီနူးရ်မိုဟမ္မဒ်(နာယက – Peace & Religion)၊ ဟိန္ဒူဘာသာမှ စရီဦးမောင်မြင့် (မဟာသိဒ္ဓိတင် – မဟာပဏ္ဍိတဂုရု(အိန္ဒိယ)၊ ရန်ကုန်မြို့) တို့မှ တရားဒေသနာများ ဟောကြားမည်ဖြစ်ပါသည်။
Photo-Zin Wai FB
Comments