6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇွန် ၂၇၊ ၂၀၁၃
M-Media
KK

ရန်ကုန် ။             ။လူမျိုးဘာသာပေါင်းစုံ အတူယှဉ်တွဲနေထိုင်ရေးမှသည် ငြိမ်းချမ်းရေးဆီသို့ ဦးတည်သောအားဖြင့် ဘာသာပေါင်းစုံ တရားပွဲကို ဇွန်လ ၂၉-ရက်နေ့ နေ့လည် (၁)နာရီမှ (၄း၃၀)နာရီအထိ တောင်ဥက္ကလာပမြို့နယ်တွင် ပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။

sokl

အဆိုပါ လူမျိုး၊ ဘာသာပေါင်းစုံ အတူယှဉ်တွဲနေထိုင်ရေးမှသည် ငြိမ်းချမ်းရေးဆီသို့ တရားပွဲကို တောင်ဥက္ကလာပမြို့နယ်လုံးဆိုင်ရာ ငြိမ်းချမ်းရေးလူငယ်များမှ ဦးစီးကျင်းပတာဖြစ်ပြီး သီရိဇေယျာခန်းမ၊ သီရိဇေယျာလမ်း၊ (၇)ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့တွင် နေ့လည် (၁)နာရီမှ (၄း၃၀)နာရီအထိ ပြုလုပ်မှာ ဖြစ်ကြောင်း သိရပါသည်။

ယင်းတရားပွဲ၌ ဗုဒ္ဓဘာသာမှ ဦးပဏ္ဍ၀ံသ[(Ph.D.Thesis) အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်မြို့]၊ သီတဂူအရှင်တိက္ခသာရ (သာသနဓဇဓမ္မာစရိယ) [(M.A.(Srilanka) သဲတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်မြို့]၊ ခရစ်ယာန်ဘာသာမှ Rev.Fr.George Shwe Tun (ကစ်သလစ် ဂိုဏ်းချုပ်ကျောင်း၊ ရန်ကုန်မြို့)၊ အစ္စလာမ်ဘာသာမှ အလ်ဟဂ်ျခလီဖွာဦးအေးလွင် (ကာဒရီယာ၊ အလီယာ၊ အစ္စလာမ်ဓမ္မဗိမာန်၊ ရန်ကုန်မြို့)၊ မုဖ်သီနူးရ်မိုဟမ္မဒ်(နာယက – Peace & Religion)၊ ဟိန္ဒူဘာသာမှ စရီဦးမောင်မြင့် (မဟာသိဒ္ဓိတင် – မဟာပဏ္ဍိတဂုရု(အိန္ဒိယ)၊ ရန်ကုန်မြို့) တို့မှ တရားဒေသနာများ ဟောကြားမည်ဖြစ်ပါသည်။

Photo-Zin Wai FB

Leave a Reply