ဇူလိုင် ၉ ၊ ၂၀၁၄
M-Media
ဆွေမွန် မြန်မာမှုပြုသည်။
အိန္ဒိယ နဲ့ မြန်မာနိုင်ငံတွေမှာ မွတ်ဆလင်တွေကို ဦးတည်တိုက်ခိုက်တဲ့ ကြောက်လန့်စရာလုပ်ရပ်တွေဟာ မလုံလောက်သေးသလိုမျိုး သီရိလင်္ကာနိုင်ငံလည်း ဒီလိုတိုက်ခိုက်မှုတွေမှာ မကြာခင်ကမှ ပါဝင်လာခဲ့မှုဟာ တောင်အာရှမှာ နေထိုင်ကြတဲ့ မွတ်ဆလင်တွေကြားမှာ အချက်ပေးခေါင်းလောင်းသံတစ်ခု ဖြစ်လာနေခဲ့ပါပြီ။
အစွန်းရောက် ဗုဒ္ဓစွမ်းအားရှင် အကြမ်းဖက် အဖွဲ့ဖြစ်တဲ့ Bodu Bala Sena (BBS) အဖွဲ့က ဦးဆောင်ပြီး စတင်ခဲ့တဲ့ အကြမ်းဖက်မှုကြောင့် အိမ်တွေ၊ ဈေးဆိုင်တွေပေါင်း များစွာဟာ တစစီ ဖျက်ဆီးခံခဲ့ရပြီး သီရိလင်္ကာတောင်ပိုင်းက အလူ့သ်ဂါမာမြို့မှာတော့ ဗုဒ္ဓဘာသာဝင်တွေရဲ့ စိတ်တိုင်းကျ သတ်ဖြတ်ခဲ့မှုတွေကြောင့် အနည်းဆုံး လူလေးဦး သေဆုံးခဲ့ရပါတယ်။ နေရာပေါင်းများစွာမှာ ဘာသာရေးကို အခြေခံတဲ့တိုက်ခိုက်မှုတွေဟာ ဘက်မလိုက်တတ်တဲ့ အစိုးရ အာဏာပိုင်တွေက ဖြစ်ရပ်တိုင်းမှာ လှုံ့ဆော် ကျူးလွန်တဲ့ အဓိကတရားခံတွေကို ထိုက်သင့်ပြစ်ဒဏ်တွေပေးပြီး တင်းတင်းကျပ်ကျပ် ကိုင်တွယ်ဖြေရှင်းလိုက်ရင် စိုးရိမ်စရာ အကြောင်းတစ်ရပ် မဟုတ်တော့ပါဘူး။
ဒါပေမယ့် ပုံမှန်အားဖြင့် ဒေသတစ်ခုတွင်းမှာ ဘာသာရေးဆိုင်ရာ ပွတ်ထိမိမှုတွေနဲ့ တစ်ချိန်လုံး စိုးရိမ်ပူပန်နေစေတာရယ်၊ အကြမ်းဖက်သမား အုပ်စုလိုက်နဲ့ လူနည်းစုတွေ အပေါ်မှာ တိုက်ခိုက်မှုကျူးလွန်တတ်တဲ့ ပုံစံတွေဟာ ၀မ်းနည်းကြေကွဲစရာဖြစ်ရပ်တစ်ခုလုံးကို ကိုယ်စားပြုဖော်ပြနိုင်တဲ့ အကြောင်းအရာတွေတော့ မဟုတ်ပါဘူး။
ဘာသာရေးယုံကြည်ချက်အပေါ် အခြေခံတဲ့ ဒီလိုအကြမ်းဖက်တိုက်ခိုက်မှုပုံစံတွေဟာ ဒေသတစ်ခုလုံးမှာ ပုံစံတူညီမှု ရှိနေပါတယ်။ ဒီလိုမျိုး မွတ်ဆလင်တွေအပေါ်တိုက်ခိုက်ရတဲ့ သူတို့ရဲ့ အခြေခံသဘော သဘာဝအကြောင်းရင်းဟာ ဒီလိုတိုက်ခိုက်မှုတွေကို အကြောင်းခံပြီး သူတို့ဦးစီးလုပ်ကိုင်နေတဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေကို နောက်တစ်ကြိမ် ပြန်ပြီးလူကြိုက်များအောင် လုပ်ဖို့ပဲဖြစ်ပါတယ်။ ဒီလို ဘာသာရေးကို အသုံးချပြီး နိုင်ငံရေးအရ လူကြိုက်များအောင် လုပ်ဆောင်အကြမ်းဖက်မှုတွေက သူတို့ရဲ့ မွတ်ဆလင်ပစ်မှတ်တွေကို အပြစ်ပေးခံရခြင်းမရှိဘဲ စိတ်တိုင်းကျ ထိခိုက်အောင် တိုက်ခိုက်နိုင်ခဲ့ကြပါတယ်။
စုစုပေါင်း သေဆုံးရမှုအရေအတွက် ၁၀၀၀၀ ကျော်ထိ မြင့်တက်ခဲ့တဲ့ အိန္ဒိယနိုင်ငံက မွတ်ဆလင် ဆန့်ကျင်ရေး အစုအပြုံလိုက် သတ်ဖြတ်မှုတွေဖြစ်ကြတဲ့ ၁၉၆၉ မှာ ဖြစ်ခဲ့တဲ့ ဂူဂျရတ်သတ်ဖြတ်မှု၊ ၁၉၈၀ မှာ မိုရာဒါဘတ်သတ်ဖြတ်မှု၊ ၁၉၈၃ မှာ နယ်လီသတ်ဖြတ်မှု၊ ၁၉၈၉ မှာ ဘာဂါလ်ပါးလ်သတ်ဖြတ်မှု၊ ၁၉၉၂ မှာ ဘာဘရီဗလီဖြစ်ရပ်နဲ့ ဆက်နွယ်ခဲ့တဲ့ ဘုံဘေ အဓိကရုဏ်းနဲ့ ၂၀၀၂ မှာ ဖြစ်ခဲ့တဲ့ ဂူဂျရတ် အစုလိုက် အပြုံလိုက်သတ်ဖြတ်မှုစတဲ့ ဖြစ်စဉ်တွေအားလုံးမှာ မွတ်ဆလင်တွေကို ရက်ရက်စက်စက်သတ်ဖြတ်တယ်၊ အစိုးရကိုယ်တိုင် အားပေးထောက်ခံတယ် ဒါမှမဟုတ် အရေးယူမှု လုံးဝ မရှိဘူးစတဲ့ ပုံစံတူတွေရှိခဲ့ပါတယ်။
သဏ္ဍာန်တူစွာပဲ မွတ်ဆလင် ဆန့်ကျင်ရေး အကြမ်းဖက်မှုတွေဖြစ်တဲ့၂၀၁၃ ခုနှစ်မှာ ဗုဒ္ဓဘာသာ အများစုနေထိုင်ရာ မြန်မာ နဲ့ ၂၀၁၄ ခုနှစ်မှာ သီရိလင်္ကာတို့မှာလည်း သတ်ဖြတ် ဖျက်ဆီးမှုတွေကျူးလွန်ပြီး လုံးဝ အရေးမယူတဲ့ ဖြစ်ရပ်တွေဟာ တစ်ပုံစံတည်းဖြစ်ခဲ့ပါတယ်။ အစွန်းရောက် ဗုဒ္ဓ၀ါဒဟာ အခြားသော ဘာသာတရား အယူဝါဒတွေအပေါ်မှာ အမုန်းတရားဟောပြောပို့ချမှုတွေ၊ ရက်ရက်စက် တိုက်ခိုက်မှုတွေ၊ အစိုးရကိုယ်တိုင် ပူးပေါင်း ပါဝင်မှုတွေနဲ့အတူ ထင်ရှားလာခဲ့ပါတယ်။
တောင်အာရှဒေသက မွတ်ဆလင် အများစုနေထိုင်ရာ တိုင်းပြည်တွေက မွတ်ဆလင် မဟုတ်တဲ့ လူနည်းစုတွေမှာလည်း ကြောက်ရွံ စိုးရိမ်နေရမှုတွေဟာလည်း မြင့် တက်လာနေပါတယ်။
ပမာဆိုရရင် အိန္ဒိယက RSS အဖွဲ့၊ မြန်မာပြည်က ၉၆၉ လှုပ်ရှားမှု၊ သီရိလင်္ကာက BBS အဖွဲ့၊ ပါကစ္စတန်မှာ TTP စတဲ့အဖွဲ့တွေဟာ ဒီလို “ဘာသာခြား မွတ်ဆလင်တွေကို မုန်းတီးတိုက်ခိုက်ခြင်းဟာ ဗုဒ္ဓသာသနာကို ကာကွယ်ရာရောက်တယ်” ဆိုတဲ့ အတွေးအခေါ်တွေကို ဗုဒ္ဓဘာသာဝင်ကလေးတွေမှာ အရှိန်အဟုန်နဲ့ ရိုက်သွင်းခဲ့ပါတယ်။
ဘာသာတရားဟာ ဆင်းရဲလှတဲ့ လူဦးရေများပြားရာ တောင်အာရှဒေသက လူတွေအတွက် သောက တရားအားလုံးပြေငြိမ်းရာ အဖြေ တစ်ခုဖြစ်ပါတယ်။ အတိတ်ကာလက အကြောင်းအရာတွေနဲ့ ဆက်စပ်ပြီး ပြိုင်ဖက်ဘာသာ တရားအယူဝါဒတွေက ဗုဒ္ဓဘာသာအယူအပေါ်မှာ လွှမ်းမိုးကျယ်ပြန့်သွားမှာကို အကြမ်းဖက် တားဆီးရမယ်ဆိုတဲ့ ဟောပြော သတ်မှတ်ချက်တွေကို ဘုန်းကြီးတွေကိုယ်တိုင်က ချမှတ်ကာ လိုက်နာစေဖို့ ဖိအားပေးနေတာတွေကို ဒီတောင်အာရှက လူတွေ ရင်ဆိုင်နေရပါတယ်။
ဗုဒ္ဓသာသနာတော် ကမ္ဘာကို ပြန့်ပွား ထွန်းကားခဲ့တဲ့ “ရွှေခေတ်ကာလ”ကို ပြန်လည် ရရှိစေဖို့ လုပ်ဆောင်ရမယ်ဆိုတဲ့ အကြောင်းရင်းဟာ ဒီလို အကြမ်းဖက်မှုတွေကို “ဗုဒ္ဓသာသနာကို ကာကွယ်တဲ့ မြင့်မြတ်တဲ့ လုပ်ရပ်” အဖြစ် ဗုဒ္ဓဘာသာဝင် အသိုင်းအ၀ိုင်းရဲ့ ကြီးမားတဲ့ အစိတ်အပိုင်း တစ်ရပ်ကို လှုံ့ဆော် ပုံသွင်းဖို့ရာ လုံလောက်စေခဲ့ပါတယ်။
ငယ်ရွယ်လွန်းလှတဲ့ ဗုဒ္ဓဘာသာဝင်ကလေးတွေဟာ အမုန်းတရားတွေကို ထပ်ဆင့်ကာ ဟောပြောဖြန့်ဖြူးသူ၊ အမုန်းတရားတွေကို လေ့ကျင့် လိုက်နာစေသူ ဒါမှမဟုတ် ကိုယ်တိုင် ၀င်ရောက်တိုက်ခိုက်ကာ ဗုဒ္ဓသာသနာကို ကာကွယ်သူတွေဖြစ်ကြတယ်ဆိုတဲ့ အယူအဆတွေကို ရိုက်ထည့်သွင်းခြင်း ခံခဲ့ကြရပါတယ်။ ပမာဆိုရရင် အိန္ဒိယက RSS အဖွဲ့၊ မြန်မာပြည်က ၉၆၉ လှုပ်ရှားမှု၊ သီရိလင်္ကာက BBS အဖွဲ့၊ ပါကစ္စတန်မှာ TTP စတဲ့အဖွဲ့တွေဟာ ဒီလို “ဘာသာခြား မွတ်ဆလင်တွေကို မုန်းတီးတိုက်ခိုက်ခြင်းဟာ ဗုဒ္ဓသာသနာကို ကာကွယ်ရာရောက်တယ်” ဆိုတဲ့ အတွေးအခေါ်တွေကို ဗုဒ္ဓဘာသာဝင်ကလေးတွေမှာ အရှိန်အဟုန်နဲ့ ရိုက်သွင်းခဲ့ပါတယ်။
ဖြစ်ပျက်ခဲ့တဲ့ကိစ္စတိုင်းမှာလည်း အစိုးရရဲ့ အားပေးထောက်ခံမှုကို ရရှိခဲ့တာလည်း သက်သေအထင်အရှား ရှိနေပါတယ်။ အကျိုးဆက်ကတော့ ဘာသာရေးကို နိုင်ငံရေးမှာအသုံးချပြီး လူကြိုက်များအောင် လုပ်ဆောင်နေမှုတွေဟာ တောင်အာရှဒေသကို ဗဟိုပြုကာ အလျင်မြန်ဆုံးပြန့်ပွားလာနေပြီဖြစ်သလို လက်ရှိအနေနဲ့ ဒီလိုလုပ်ဆောင်နေမှုတွေကို နိုင်ငံ ၉ နိုင်ငံမှာ တွေ့နေရပါပြီ။
အိန္ဒိယနိုင်ငံမှာ ဟိန္ဒူတွေရဲ့ ဘာသာရေးကို နိုင်ငံရေးမှာ အသုံးချပြီး လူကြိုက်များအောင်လုပ်ဆောင်နေမှုတွေဟာ ရာစုနှစ် နှစ်ခုနီးပါး ရှိလာခဲ့ပါပြီး RSS ရဲ့ ဦးဆောင်ဟောပြောသူ နာရင်ဒြာမိုဒီ ၀န်ကြီးချုပ်ဖြစ်လာမှုနဲ့ အတူ ဘာသာရေးကို နိုင်ငံရေးမှာအသုံးချမှုဟာ အမြင့်ဆုံးရောက်လာ ခဲ့ပါတယ်။ နီပေါနိုင်ငံကတော့ ဟိန္ဒူလူများစုရဲ့ အကြီးအကျယ် လွှမ်းမိုးမှုရှိနေခဲ့ပြီး ဘူတန်နိုင်ငံကတော့ ဟိန္ဒူတွေလက် တစ်ဆုပ်စာမျှသာရှိနေပေမယ့် သဘာဝအားဖြင့်ကို အိန္ဒိယရဲ့လက်ရှိနိုင်ငံရေး အခြေအနေတွေ အမြဲလွှမ်းမိုးခံနေရတဲ့ နိုင်ငံငယ်ဖြစ်ပါတယ်။
ဗုဒ္ဓဘာသာကို နိုင်ငံရေးမှာအသုံးချပြီး လူကြိုက်များအောင်လုပ်ဆောင်နေမှုတွေဟာ မြန်မာနိုင်ငံ၊ သီရိလင်္ကာနဲ့ ဘူတန်တို့မှာ တူညီစွာ ဖြစ်ပေါ်ခဲ့ပါတယ်။ ဗုဒ္ဓဘာသာကို နိုင်ငံရေးမှာအသုံးချပြီး လူကြိုက်များအောင်လုပ်ဆောင်နေတဲ့ ၉၆၉ လှုပ်ရှားမှုဟာ မြန်မာနိုင်ငံမှာ ကြီးမားကျယ်ပြန့်တဲ့ အကြမ်းဖက် သတ်ဖြတ်မှုတွေကို ဖြစ်စေပြီး မွတ်ဆလင်တွေ အများအပြားသေကြေပျက်စီးစေတဲ့ထိ ဦးတည်သွားစေခဲ့ပါတယ်။
ယခုတော့ မွတ်ဆလင် လူနည်းစုတွေအပေါ်မှာ BBS အစွန်းရောက် ဗုဒ္ဓစွမ်းအားရှင်အကြမ်းဖက်အဖွဲ့ရဲ့ အုပ်စုဖွဲ့အကြမ်းဖက် တိုက်ခိုက်မှုတွေဟာ သီရိလင်္ကာမှာ ပြန့်နှံ့လာခဲ့ပြန်ပါပြီ။
အိမ်နီးချင်းနိုင်ငံတွေမှာ ပိုမိုပြီး မွတ်ဆလင် ဆန့်ကျင်ရေး အကြမ်းဖက်မှုတွေရှိလာလေလေ၊ တရားဥပဒေနဲ့ ထိန်းချုပ်ဖို့ခက်လှတဲ့ အစွန်းရောက်ဗုဒ္ဓ၀ါဒ အမုန်းတရားဟောပြောပို့ချမှုတွေဟာ ကျွန်တော်တို့ရဲ့ တိုင်းပြည်ပေါ်မှာ ဖိအားတွေအမျိုးမျိုးနဲ့ နေရာပေါင်းစုံမှာ တွင်တွင်ကျယ်ကျယ်နေရာယူကာ တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေဦးမှာဖြစ်ပါတယ်။ နိုင်ငံတစ်နိုင်ငံမှာ အစွန်းရောက်ဗုဒ္ဓ၀ါဒ ပိုမိုထွန်းကားလာမှုက မနှစ်သက်စရာနောက်ဆက်တွဲ ရလာဒ်တွေကို ဆက်တိုက်ဖြစ်ပေါ်စေမှာဖြစ်ပြီး အခြားသော တောင် အာရှဒေသနိုင်ငံတွေမှာ မွတ်ဆလင် ဆန့်ကျင်ရေး အကြမ်းဖက်မှုတွေကို ပိုမိုတွင်ကျယ်စေဦးမှာ ဖြစ်ပါတယ်။
ဒီလို ရက်စက်ပြင်းထန်ခက်ထန်လှတဲ့ သက်ရောက်မှုနဲ့ တန်ပြန်သက်ရောက်မှု အမုန်း၊ ကြောက်ရွံမှု၊ သွေးထွက်သံယိုအကြမ်းဖက်မှု သံသရာစက်ဝန်းထဲမှာ မလွတ်မြောက်နိုင်တော့တဲ့ အခြေအနေတွေဆီကို ကျွန်တော်တို့ ဦးတည်နေ မိပြီလားဆိုတဲ့ မေးခွန်း ကိုတော့ တောင်အာရှဒေသက နိုင်ငံခေါင်းဆောင်တွေ စဉ်းစားဆုံးဖြတ်ရမယ့် အချိန်ကိုရောက်နေပါပြီ။
The Express Tribune တွင်ဖော်ပြခဲ့သော ဆောင်းပါးရှင် Adnan Randhawa ရေးသားသည့် Muslims under attack in Lanka ဆောင်းပါးအား ဆွေမွန် ဆီလျော်အောင် ပြန်ဆိုပါသည်။
Comments