6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဒီဇင်ဘာ ၂၈၊ ၂၀၁၄
M-Media

10891693_816480348394437_5708292146008077858_n

ရေးသားသူ – ထက်မြတ်

မနက်မိုးသောက် နေလုံးနီနီကြီးက အရှေ့အရပ်မှ ထွက်လုနီးနီးဖြစ်နေပြီ။ အချိန်ကား နံနက် (၄) နာရီခန့်ပင်။ တစ်နေ့ တစ်နေ့ အချိန်ကုန်တာ မြန်လွန်သလား အောက်မေ့မိသည်။ အိပ်ရတာ ဘယ်လောက်မှပင် မရှိသေး။ မနက်မိုးသောက်ကို ရောက်နေပြီ။ အိပ်ချင်မူးတူး ဖြစ်နေသော်လည်း မတတ်နိုင်ပေ။ ဝမ်းစာအတွက် ကြိုးပမ်းရဦးမည် မဟုတ်လား။ အဲဒီစိတ်နှင့်ပင် မောင်ကောင်းတစ်ယောက် အိပ်ရာမှ လူးလိမ့်ထခဲ့ရသည်။

အသက် (၁၃) နှစ်အရွယ်သာသာရှိလှသည့် မောင်ကောင်းတစ်ယောက် ရန်ကုန်မြို့သို့ သတင်းစာလှည့်လည်ရောင်းရန်အတွက် မျက်နှာသစ်ပြီး ညကကျန်သည့် ထမင်းကြမ်းခဲလေးနှင့် ဟင်းကျန်လေးကို သူ၏မိခင်မှ ပန်းကန်ထဲထည့်ပေးပြီး မနက်စာအဖြစ် စားလာခဲ့ရသည်။ မောင်ကောင်း၏အမေမှာ မုဆိုးမတစ်ယောက်ဖြစ်၍ သားနှစ်ယောက်နှင့် နေထိုင်လာခဲ့ရသည်မှာ အငယ်လေးဖြစ်သော မောင်စိန်၏ တစ်သက်ပင် ဖြစ်သည်။ မောင်ကောင်းတို့သားအမိမှာ ၎င်းတို့မိသားစုသုံးယောက်ဝမ်းစာနှင့် မောင်စိန်လေး၏ ကျောင်းစရိတ်အတွက် လုပ်ကိုင်စားသောက်နေကြရခြင်း ဖြစ်သည်။

မောင်ကောင်းမှာ မနက်စောစော သတင်းစာဒိုင်တွင် ယနေ့ထုတ်သတင်းစာများကို သွားရောက်ယူဆောင်ပြီး ရန်ကုန်မြို့ လူစည်ကားရာနေရာ၊ လူထူထပ်ရာနေရာများတွင် သတင်းစာများကို လှည့်လည်ရောင်းရသည့် တာဝန်ကို နေပူပူ မိုးရွာရွာ နေ့စဉ်ထမ်းဆောင်လျှက်ရှိသည်။

ရန်ကုန်မြို့ မနက်စောစောသည် ကျောင်းကားများစည်ကားသော အချိန်ဖြစ်သည်။ အဖြူ အစိမ်းကလေးနဲ့ ကလေးတွေကို တွေ့ရင်ပဲဖြစ်ဖြစ်၊ ပုဂ္ဂိလိကကျောင်းက ကလေးတွေကို တွေ့ရင်ပဲဖြစ်ဖြစ် မောင်ကောင်းတစ်ယောက်မှာ လည်ပြန်မကြည့်ဘဲနှင့် မနေနိုင်ပါ။ အဘယ်ကြောင့်ဆိုသော် မောင်ကောင်းတစ်ယောက်မှာ ကျောင်းအလွန်တက်ချင်နေသောကြောင့် ဖြစ်သည်။ မိသားစုအခြေအနေ အကြောင်းအရင်းကြောင့် မောင်ကောင်းမှာ ၃ တန်းနှင့် ကျောင်းထွက်ခဲ့ရသည်။ အငယ်ဖြစ်သူညီလေးကို ငဲ့ကွက်ပြီး ညီလေးကျောင်းတက်နိုင်ရန်နှင့် အသက်အရွယ်ကြီးနေပြီဖြစ်သည့် အမေအိုကြီးကို တစ်ဖက်တစ်လမ်းမှ ကူညီနိုင်ရန်အတွက် ကျောင်းထွက်ကာ စီးပွားရှာနေခြင်းဖြစ်သည်။

အမေအိုကြီးမှာတော့ မိန်းမသား အသက်ကြီးနေပြီဖြစ်သော်လည်း သွက်လက်ချက်ချာနေတုန်း။ သူမက အရွယ်နဲ့မလိုက်အောင်ကို အလုပ်လုပ်နိုင်နေတုန်းပါပဲ။ သူမကျွမ်းကျင်နေတဲ့ အလုပ်ဖြစ်တဲ့အတွက်ကြောင့်လည်း မိသားစုကို ယင်းအလုပ်ဖြင့် ၀င်ငွေရှာဖွေပေးနိုင်ခြင်းဖြစ်သည်။

ဒေါ်ဖြူအလုပ်သည်ကား ပန်းဒိုင်မှ ပန်းများဝယ်ယူပြီး ဝေဟင်မှာပျံသည့် လေယာဉ်အလား လိုင်းကားတိုးစီးကာ မနက်စောစောဈေးထဲတွင် ထိုပန်းများကို ရောင်းချရသည့်အလုပ်ပင် ဖြစ်သည်။ မနက် (၅) နာရီမှစကာ မောင်ကောင်းနှင့်အတူ အိမ်မှထွက်ခွာလာပြီး ညနေ ပန်းများကုန်သည်အထိ သူမ၏ခန္ဓာကိုယ်အစုံကို လှုပ်ရှားရင်း ရောင်းဝယ်ဖောက်ကားနေရသည်။

သတင်းစာများကုန်သွားလောက်သည့်အချိန်ဖြစ်သည့် နေ့လည်တွင် မောင်ကောင်းတစ်ယောက် ဆန်ဝယ်၊ ဟင်းဝယ်ပြီး အိမ်သို့ပြန်ကာ ညီလေးထမင်းစားကျောင်းဆင်းချိန်အမီ ချက်ပြုတ်ရလေသည်။ မနက်စာစားသောက်ပြီးချိန်တွင် မောင်ကောင်းတစ်ယောက် ရပ်ကွက်ထဲရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်တွင် နေ့တစ်ဝက် စားပွဲထိုးလုပ်ရပြန်သည်။ ကလေးအရွယ်နှင့် မလိုက်ဖက်အောင် မိသားစုတာဝန်ကို ထမ်းဆောင်နေသည့် မောင်ကောင်း၏ဘဝမှာ ည (၉) နာရီမှ အိမ်သို့ပြန်လည်ရောက်ရှိလာရသည်။

အိမ်တွင်ကျန်ရှိနေခဲ့သည့် (၄) တန်းကျောင်းသားအရွယ် မောင်စိန်လေးမှာ မနက် (၇) နာရီတွင် အိပ်ယာမှထ မျက်နှာသစ် မုန့်စား ကိုယ့်အလုပ်ကိုယ်လုပ်ပြီး ကျောင်းသို့ အသော့နှင်ရသည်။ မောင်စိန်လေးမှာ ကျောင်းဝတ်စုံ (၂) ထည်သာရှိပြီး လှည့်ပတ်ဝတ်နေရသည်။ မောင်စိန်လေးမှာလည်း သူ့အားညှာတာကာ ရှာဖွေကျွေးမွေးနေသည့် အကိုဖြစ်သူနှင့် အမေအိုကြီး၏ ကျေးဇူးကို သိမြင်တတ်သူတစ်ဦးဖြစ်၍ ကျောင်းနှင့်ပတ်သက်သည့် လိုအပ်သည့်အရာများကို မပြောပဲ ၎င်းကိုယ်တိုင် တတ်နိုင်သလောက် ဖြေရှင်းသည်။ ကျောင်းမှဆရာ ဆရာမများနှင့် သူငယ်ချင်းများကလည်း မောင်စိန်လေးကိုချစ်ကြသည်။ လိုအပ်သည်များကို တတ်နိုင်သလောက် ကူညီပေးကြသည်။

၎င်းတို့မိသားစုသုံးယောက်တွင် နှစ်ယောက်မှာ အလုပ်ရှိသော်ငြားလည်း ၎င်းတို့မိသားစုတွင် ကျောတစ်ခင်းစာ နေစရာ အစိုးမရ၊ လယ်တစ်ကွက်မပိုင်၊ ဒီနေ့ မနက်ဖြန်အတွက် ခက်ခဲပင်ပန်းစွာ ရုန်းကန်နေရသည်မှာ မြေကြီးလက်ခတ်မလွဲပါ။ ၎င်းတို့မိသားစုနှင့် ဘဝတူမိသားစုပေါင်း မြောက်မြားစွာ အမိမြန်မာနိုင်ငံတော်ကြီးတွင် မည်မျှရှိနေမည်နည်း။ ကျောင်းတက်ရမည့်အရွယ်တွင် ကျောင်းမတက်ရဘဲ အိမ်ထောင့်တာဝန်ကို ထမ်းဆောင်နေရမည့် ကလေးသူငယ်များ မည်မျှရှိနေမည်နည်း။ စသည့် အတွေးပေါင်းမြောက်များစွာနှင့် တွေးကာနေမိသည်။

နိုင်ငံတော်အစိုးရက ဆင်းရဲသားပပျောက်မှုတွေ လုပ်နေတယ်လို့ ဆိုနေပေမယ့်လည်း မြန်မာနိုင်ငံရဲ့ သာမန်ဆင်းရဲသား အောက်ခြေလူတန်းစားတွေကို ဘာတွေများ ပြောင်းလဲပေးခဲ့ပြီးပြီလဲ။ ပြောင်းလဲမှုတွေနဲ့ ဘာတွေတွေ့မြင်ခဲ့ရသလဲဆိုရင်တော့ ဒီမေးခွန်းတွေရဲ့အဖြေတွေဟာ ဘာမှထူးခြားလာတာမရှိပါဘူးလို့ပဲ ပြောရမှာပါ။ အပြောနဲ့လက်တွေ့တွေက တစ်ခြားဆီ သီးသန့်ကို ဖြစ်နေပါတယ်။ လူလုံးမလှ ရုပ်လုံးမကြွသေးသည့် ဘဝပေါင်းများစွာ ကျန်ရှိနေသေးသည်ဆိုတာကို သတိချပ်မိစေရင်း။

Leave a Reply