6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇွန် ၂၂၊ ၂၀၁၅
M-Media

gaza 1

– ပြီးခဲ့သည့်နှစ်နွေရာသီက ဂါဇာကမ်းမြှောင်တွင် ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုတွင် အစ္စရေးနှင့် ပါလက်စတိုင်းလက်နက်ကိုင် နှစ်ဖက်စလုံး စစ်ရာဇ၀တ်မှုဟု သတ်မှတ်၍ရသည့် ဆိုးရွားသော ကျူးလွန်မှုများ ရှိခဲ့သည်ဟု ကုလ၏ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်က
ပြောကြားလိုက်သည်။

ရက် ၅၀ ကြာ ဖြစ်ပွားခဲ့သည့် အဆိုပါတိုက်ခိုက်မှုအတွက် ယနေ့တွင် ထုတ်ပြန်သော အစီရင်ခံစာ၌ ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး ဂါဇာပြည်သူများ၏ ထိခိုက်ခံစားရမှုများမှာ မကြုံစဖူးဖြစ်သည်ဟု ဆိုသည်။

“ဂါဇာမှာ ပျက်ဆီးဆုံးရှုံးမှုနဲ့ ပြည်သူတွေရဲ့ ထိခိုက်ခံစားရမှု ပမာဏက မကြုံစဖူးဖြစ်ပြီး နောက်လာမယ့် မျိုးဆက်တွေမှာပါ သက်ရောက်မှာပါ” ဟု ကော်မရှင်၏ ဥက္ကဌဖြစ်သူ နယူးယောက်မြို့တရားသူကြီး မေရီ မက်ဂိုဝမ် ဒါးဗစ်က ပြောကြားခဲ့သည်။

အဆိုပါအစီရင်ခံစာတွင် အစ္စရေး၏ အကြိမ် ၆၀၀၀ ကျော်သော လေကြောင်းမှ တိုက်ခိုက်မှု၊ လက်နက်ကြီးများဖြင့် အကြိမ် ၅၀၀၀၀ ပစ်ခတ်မှုနှင့်အတူ ဂါဇာ၌ “ပေါက်ကွဲအားပြင်းထန်သည့်” လက်နက်များ အသုံးပြုမှုကို ပြစ်တင်ရှုတ်ချထားသည်။

“နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေနဲ့ နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေတွေကို အစ္စရေးစစ်သားတွေက ချိုးဖောက်ခဲ့မှုအတွက် အပြစ်ပေးခံရမှုက ကင်းလွတ်ခြင်းဟာ နေရာတိုင်းမှာ ပြန့်နှံ့နေမှာကို ကော်မရှင်က စိုးရိမ်ပါတယ်” ဟု အစီရင်ခံစာတွင် ရေးသားဖော်ပြထားသည်။

ပါလက်စတိုင်းလက်နက်ကိုင်များနှင့် ပတ်သက်၍ အစီရင်ခံစာ၌ ထိုအဖွဲ့မှ အစ္စရေးဘက်သို့ ပစ်လွှတ်သော ဒုံးကျည်အများစု၏ လက်လွတ်စပယ်ဖြစ်မှုနှင့် အရပ်သာများအား ပစ်မှတ်ထားမှုအတွက် ကော်မရှင်က အလွန်အမင်း စိုးရိမ်မိပြီး ထိုကိစ္စမှာ နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်ကာ စစ်ရာဇ၀တ်မှုအဖြစ် သတ်မှတ်၍ရသည်ဟု ဖော်ပြထားသည်။

ဒါးဗစ်နှင့်အတူ ဆီနီဂေါရှေ့နေနှင့် လူ့အခွင့်အရေးကျွမ်းကျင်သူ ဒူဒူ ဒီယန်နီတို့ ဦးဆောင်သည့် အဆိုပါ ကော်မရှင်မှာ ပါလက်စတိုင်း၏ တောင်းဆိုချက်ကြောင့် စုံစမ်းစစ်ဆေးမှုများကို လွန်ခဲ့သည့် ၁ နှစ်ကပင် စတင်ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

ထိုအစီရင်ခံစာတွင် နှစ်ဖက်စလုံး နိုင်ငံရေးခေါင်းဆောင်မှုကို ပြသရန်နှင့် နိုင်ငံတကာ ရာဇ၀တ်ခုံရုံးမှ စုံစမ်းစစ်ဆေးသူများနှင့် ပူးပေါင်းဆောင်ရွက်ရန်လည်း တိုက်တွန်းထားသည်။

အစ္စရေးက အဆိုပါ အစီရင်ခံစာမှာ “ကျင့်ဝတ်ပိုင်းအရ အပြစ်အနာအဆာရှိသည်” “အလွန်အမင်း ဘက်လိုက်သည်” ဟု ချက်ခြင်းပင် ပြန်လည်တုံ့ပြန်ခဲ့သည်။

ဂါဇာကမ်းမြှောင်အား အစ္စရေးတို့ တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းပြည်သူ ၂၂၀၀ ကျော် သေဆုံးခဲ့ပြီး၊ ဟားမက်စ်တို့၏ တိုက်ခိုက်မှုကြောင့် အစ္စရေးစစ်သား ၆၆ ဦးနှင့် အစ္စရေးအရပ်သား ၆ ဦး သေဆုံးခဲ့သည်ဟု ကုလက အတည်ပြုထားသည်။

ထို့ပြင် ဂါဇာကမ်းမြှောင်ရှိ လူနေအိမ်များ၊ စာသင်ကျောင်းများ၊ ဆေးရုံများ၊ ဗလီဝတ်ကျောင်းတော်များ၊ ကုလ၏ ယာယီကယ်ဆယ်ရေးစခန်းများပါမကျန် အစ္စရေးက ဗုံးကြဲဖျက်ဆီးခဲ့သည်။

Ref: Aljazeera

Tags:

Leave a Reply