ဇွန် ၂၄ ၊ ၂၀၁၅
Professor Robert H. Taylor နှင့် မဇ္ဈိမသတင်းဋ္ဌာနမှ ဂျော့ဖရေး ဂေါ့ဒတ် အင်တာဗျူး
၂၀၁၁ ခုနှစ်အစိုးရအပြောင်းအလဲကာလကတည်းက ဖြစ်ပျက်နေသော ဘာသာရေးလူမျိုးရေးဆိုင်ရာ တိုးတက်ကောင်းမွန်စေမည့် ပြေလည်ရေးနည်းလမ်းတစ်ရပ်ကို မြန်မာ့နိုင်ငံရေးကျွမ်းကျင်သူ ပရော်ဖက်ဆာ ရောဘတ် အိပ်ခ်ျ တိုင်လာ Robert H. Taylor က အချိန်ကိုက်လမ်းပြပြောကြားခဲ့သည်။
စင်ကာပူရှိ အရှေ့တောင်အာရှရေးရာတက္ကသိုလ်မှ ထုတ်ဝေသေည့် Refighting old battles, compounding misconceptions စာတမ်းရှည်တစ်ရပ်၌ ၎င်း၏ အကြီးတန်းအဖွဲ့ဝင်တစ်ဦးဖြစ်သော ပရော်ဖက်ဆာ တိုင်လာက “တိုင်းရင်းသားနှင့် လူမျိုးရေးရာတို့အား နိုင်ငံရေးနည်းလမ်းအရဖြေရှင်းခြင်း မပြုဘဲ ပျက်ကွက်သော် တိုင်းပြည်တည်ငြိမ် တိုးတက်မှုဖြစ်စဉ်အတွက် ကျရှုံး ပျက်စီးဖွယ်ဖြစ်လာနိုင်ကြောင်း” ရေးသားထားသည်။
ပရော်ဖက်ဆာ တိုင်လာသည် အိုဟိုင်းယိုး တက္ကသိုလ်ကျောင်းသားဘ၀ ၁၉၆၀ ခုနှစ်ကပင် မြန်မာ့အရေးကို စိတ်ပါဝင်စားနေခဲ့သူဖြစ်၏။ မဇ္ဈိမသတင်းဋ္ဌာနမှ ဂျော့ဖရေး ဂေါ့ဒတ်သည် အီးမေးလ်ဖြင့် သူ့အား အောက်ပါကဲ့သို့ အင်တာဗျူးခဲ့သည်။
(မေး) ဒီလိုအချိန်မှာ ဒီလိုစာတမ်းကို ဘာကြောင့် ရေးထုတ်လိုက်ရတာလဲ ?
(ဖြေ) အကြောင်းရင်းများစွာ ရှိပါတယ်။ မြန်မာ့လူမျိုးစုတွေနဲ့နိုင်ငံရေးအကြောင်းကို ပညာရှင် လက်ကိုင် စာအုပ်များအဖြစ် ကျွန်တော် ရေးသားခဲ့ပေမယ့် ဖတ်ရှုဖူးသူ မဆိုစလောက်သာ ရှိခဲ့ကြပါတယ်။ မြန်မာ့နိုင်ငံရေးထဲက တိုင်းရင်းသား/လူမျိုးစုဆိုင်ရာပြဿနာဟာ ၂၀၁၀ ခုနှစ်ကစလို့ နိုင်ငံရေးတံခါး ဖွင့်လှစ်မှု၊ သတင်းစာလွတ်လပ်ခွင့်တွေနဲ့တူ ထင်ထင်ရှားရှား တစ်ကျော့ပြန်လည်လာပါပြီ။ ဆွေးနွေးချက် အများအပြားက သမိုင်းကြောင်းကို အခြေမခံဘဲ ခံစားချက်အပေါ် အခြေပြုနေကြတယ်၊ ဒါက လမ်းကြောင်း ချော်ထွက် သွားစေပါတယ်။ ဒါကြောင့် ဒီလိုတစ်ကျော့ပြန်ဖြစ်တည်မှုအခြေအနေကို လူတွေဆီ လျော်ကန်သင့်မြတ်တဲ့ ရှုထောင့်ကနေ ချပြပေးဖို့ လိုအပ်ပြီလို့ ကျွန်တော် ယူဆပါတယ်။ မိမိတို့ရဲ့အခွင့်အရေး၊ ဥပဒေကြောင်းအရ ခံစားခွင့်တွေကို တောင်းဆိုတဲ့နေရာမှာ ခံစားချက်အခြေတည်နိုင်ငံရေး လမ်းကြောင်းနဲ့ သွားခြင်းက ဆန့်ကျင်ဖက်ဖြစ်စေနိုင်ကြောင်း လူထုကလည်းသိရှိဖို့ အရေးကြီးတယ်လို့ ကျွန်တော်မြင်ပါတယ်။
(မေး) မြန်မာနိုင်ငံမှာ လူမျိုးရေး အခြေတည်နိုင်ငံရေး စနစ်ကို ဒီလောက်ထိ အမြစ်တွယ်ရှည်ကြာနေစေတာ ဘယ်အကြောင်းရင်းတွေကြောင့်ပါလဲ ?
(ဖြေ) အကြောင်းရင်းများကို ကျွန်တော့် စာတမ်းထဲ အသေးစိတ်တင်ပြထားတယ်လို့ ကျွန်တော် ဆိုချင်ပါတယ်။ ဘုရင်ခေတ်တွေကတည်းက လူ့အဖွဲ့အစည်းတွေဟာ သီးခြားဖယ်ခံခဲ့ရတယ်။ ဘုရင်တွေက ဘာသာစကား ကျင်လည်တဲ့ အုပ်စု ကိုယ်စားလှယ်တွေကတဆင့် တောကြိုအုံကြားအထိ အုပ်ချုပ်ခဲ့ကြတယ်။ ကိုလိုနီခေတ် ကာလအတွင်းမှာတော့ ဒီအချက်တွေဟာ အတိတ်ကာလတုန်းကထက် ပိုပြီးခိုင်မာ အားကောင်းလာတဲ့ အခါ နိုင်ငံရေးနဲ့လူမှုရေးအပေါ် လူမျိုးကြီး ၀ါဒနဲ့အတွေးအမြင်တွေ တွယ်ကပ်သွားခဲ့တယ်လေ။ မြန်မာနိုင်ငံဟာ ဒီလို အစွန်းရောက်ဖြစ်စဉ် သဘောရဲ့ ဥပမာတစ်ခုဖြစ်နေပါတယ်။ အရှေ့တောင်အာရှ လူ့အဖွဲ့အစည်း အများစုက လွတ်လပ်ရေးရချိန် သို့မဟုတ် လွတ်လပ်ရေးရပြီး သိပ်မကြာခင် လူမျိုးစွဲလမ်းကြောင်းကို အဆုံးသတ်ခဲ့ကြပေမယ့်လည်း မြန်မာနိုင်ငံကတော့ ဆက်လက်ကိုင်စွဲနေခဲ့တယ်။ နိုင်ငံရေးအ၀န်းအ၀ိုင်းတွေထဲ လူမျိုးစွဲကိစ္စ အရိုးစွဲသွားတဲ့အခါကျတော့ တိမ်မြုပ်နေရာကနေ နိုင်ငံရေးအဖြစ် အသွင်ဆောင်လာတော့တာပါပဲ။
မြန်မာ့နိုင်ငံရေး လမ်းကြောင်းထဲ လူမျိုးစွဲကိစ္စ ၀င်ရောက်လာစေတဲ့ နောက်ထပ် အကြောင်း တစ်ရပ်ရှိပါတယ်။ မြန်မာနိုင်ငံကို အိန္ဒိယရဲ့လက်အောက်ခံနယ်ပယ်အဖြစ် နှစ်တစ်ရာကျော် ဆက်ဆံခံခဲ့ရတာကြောင့် ပြောင်းရွှေ့ ၀င်ရောက်လာမှုတွေ၊ ပြည်ပစီးပွားရေးလွှမ်းမိုးမှုတွေ ဖြစ်ခဲ့တယ်။ ဒါတွေဟာ လူမျိုးစွဲဝါဒကို ပိုမိုကျယ်ပြန့်သွားစေပါတယ်။
မြန်မာဖက်ယိမ်းတဲ့ မွန်လူမျိုးနဲ့ ကရင်လူမျိုးတွေက ထိုင်းနိုင်ငံမှာ နေထိုင်နေသော်လည်း ထိုင်းနိုင်ငံမှာ မွန် သို့မဟုတ် ကရင် နိုင်ငံရေး ပါတီ တစ်ခုမျှ မရှိပါဘူး။ အင်ဒိုနီးရှားမှာဆိုရင် မြန်မာနိုင်ငံထက် လူမျိုးစုတွေ မျိုးနွယ်ကွဲတွေ များပြားပါတယ်၊ ဒါပေမယ့် နိုင်ငံရေးအရ လွတ်လပ်ရေးမတိုင်မီ နယ်မြေပိုင်နက်ပြဿနာ သို့မဟုတ် စစ်ရေးအရ အခွင့်အရေးတောင်းဆိုတွေ ပါဝင်တဲ့ လူမျိုးရေးအခြေတည် ခွဲထွက်ရေးလှုပ်ရှားမှုတွေ အလျဉ်းမရှိပါဘူး။
လွတ်လပ်ရေးရချိန်ကတည်းက လူမျိုးရေးနဲ့နိုင်ငံရေး ရောယှက်သွားခဲ့တယ်။ အဲ့ဒီကနေ လူထုကို ဦးဆောင်လမ်းညွှန်ပေးသူ ဆိုတာထက် အပေးအယူနိုင်ငံရေးသမားတွေ နေရာရပြီး အဆိပ်အတောက် ဖြစ်စေခဲ့တာပဲ။ BSPP အုပ်ချုပ်ရေးကာလမှာ နိုင်ငံသားအားလုံး တန်းတူညီမျှဖြစ်ရေးကို ပုံကြီးချဲ့ဖို့ကြိုးစားခဲ့ပေမယ့် ပေမှီဒေါက်မှီအဆင့် မရောက်ခဲ့ပါဘူး။ မြန်မာ့နိုင်ငံရေးထဲက လူမျိုးစုရေးရာကို လက်ရှိမှာ ဘာမှ ဖြေရှင်းပေးနေတာမဟုတ်ပါဘူး၊ အလေးထားပြနေတာပဲရှိပါတယ်။ ဒီနည်းအားဖြင့် စီးပွားရေး၊ အုပ်ချုပ်ရေးနဲ့ဥပဒေရေးရာ ပြန်လည်တည်ဆောက်မွမ်းမံမှု ဆိုတဲ့ ပင်မအရှိတရားကနေ လူထုအာရုံကို ဆွဲထုတ်လိုက်တာပါ။
(မေး) လူမျိုးစွဲနိုင်ငံရေးက ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်အတွက် အကြီးမားဆုံး စိန်ခေါ်မှုလို့ ခင်ဗျား ထင်မြင်ပါသလား ?
(ဖြေ) ဟုတ်ပါတယ်။ အတိအကျပါပဲ။ ကျောင်းသားနိုင်ငံရေးဆိုတဲ့အရာနဲ့အတူ လူမျိုးစွဲနိုင်ငံရေးဆိုတာ ၁၉၅၀ နှစ်များနဲ့ ၁၉၆၀ နှစ်ဦးပိုင်းများအတွင်း ပွင့်လင်းမြင်သာသော အစိုးရအဖွဲ့တည်ဆောက်နိုင်ရေးကို ကျရှုံးသွားစေတဲ့ အချက်တစ်ရပ် ဖြစ်ခဲ့ပါတယ်။ ယနေ့နိုင်ငံရေးကို သက်ကြီးဝါကြီးမြန်မာများက သူတို့ငယ်ရွယ်စဉ်က အခြေအနေ အတိုင်းပဲဆိုပြီး စိတ်ပျက်နေကြလိမ့်မယ်လို့ ကျွန်တော် သုံးသပ်မိပါတယ်။
(မေး) ဒီစိန်ခေါ်မှုတွေကို ဖြေရှင်းဖို့ ဘာလိုအပ်ပါသလဲ ?
(ဖြေ) အခြေအနေနဲ့အချိန်အခါအပေါ် ရှင်းလင်းစွာ တွေးဆဆင်ခြင်ရပါမယ်။ အပြောအဆိုအသုံးအနှုန်းပိုင်းမှာ ပိုမိုတိကျဖို့ မရှိမဖြစ်လိုအပ်ပါတယ်။ ဒါ့အပြင် မြန်မာပြည်မှာ လူမျိုးစွဲဝါဒ ဘယ်လိုခေါင်းထောင်ထလာပြီး ပျက်စီးစေခဲ့သလဲဆိုတာ လူတွေ နားလည်ဖို့ လိုအပ်ပါတယ်။ လူမျိုးနွယ်ဆိုတာ လူမှုရေးတည်ဆောက်ချက် တစ်ရပ် ဖြစ်ပါတယ်။ အခြားသူများနဲ့ဆက်ဆံဖို့ လူမှုဖြစ်စဉ်တွေအားဖြင့် လူတွေရဲ့ ဖန်တီးထားချက်သာ ဖြစ်ပါတယ်။ ဒါကြောင့် လူမျိုးနွယ်လို့ပြောမယ်ဆိုရင် ကမ္ဘာပေါ်မှာ တစ်မျိုးတည်းပဲ ရှိပါတယ်။ အဲ့ဒါကတော့ “လူသား” ဖြစ်ခြင်းပါပဲ။ ဒါပေမယ့် လူ့စိတ်က ကွဲပြားခြားနားမှုတွေကို ဖန်တီးနေလေ့ရှိတယ်။ အဲ့ဒါတွေဟာ စိတ်ကူးယဉ်ချက်ဖြစ်နေပေမယ့်လည်း တစ်ချို့ အစစ်အမှန်လို့ထင်နေကြတယ်လေ။
ဗုဒ္ဓဘုရားရှင်က သွန်သင်ထားပါတယ်။ “လှည်းတစ်စီးရဲ့ပုံပမာနဲ့ သင်ခန်းစာယူပါ။ လှည်းတစ်စီးရဲ့ အဓိကအစိပ်အပိုင်းတွေဖြစ်တဲ့ ၀င်ရိုး၊ ဘီး၊ ကြမ်း၊ အကာ စတာတွေ ကျိုးပျက်သွားခဲ့ရင် လှည်း မမည်တော့ပါဘူး။ ဒါတွေအားလုံးဟာ ဆက်စပ်ချိတ်ဆက်နေရတဲ့ အပိုင်းအစတွေပါပဲ။ အလားတူစွာ ငါသည်လည်း ပုံပန်း၊ အမြင်၊ အယူအဆ၊ အတ္တ၊ သတိသမ္ပစဉ် အစရှိသော အရာအမျိုးမျိုးနဲ့ ပေါင်းစပ် ဖွဲ့စည်းမှုဖြစ်တယ်။ သေဆုံး သွားသော်လည်း ဒီအရာတွေဟာ စကြာဝဠာ အနန္တထဲကနေ ပျောက်ပျက်မသွားဘူး။ တစ်နေရာရာမှာ ပေါင်းစပ်မှု အသစ်နဲ့ ပြန်လည်ဖြစ်တည်လာမယ်” တဲ့။
မေး- ၀ှိုက်ကဒ် ခေါ်တဲ့ ယာယီနိုင်ငံသား လက်မှတ်ကိုင်ဆောင်သူများဟာ ဒီနှစ်ကုန်ပိုင်းမှာကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ မဲပေးနိုင်တယ်ဆိုပြီး သမ္မတဦးသိန်းစိန်က ပြီးခဲ့တဲ့ဒီဇင်ဘာမှာ မှတ်ချက်ပြုခဲ့တယ်။ တစ်ခါ ၀ှိုက်ကဒ်တွေက မတ်လ ၃၁ ရက်မှာ တရားမ၀င်တော့ဘူးဆိုပြီး ဖေဖော်ဝါရီ ၁၁ ရက်နေ့မှာ ဆိုပြန်ပါတယ်။ ဒါဟာ မွတ်စ်လင်မ်အများစုပါဝင်နေတဲ့ ၀ှိုက်ကဒ်ကိုင်ဆောင်ထားသူ လူတစ်သန်းကျော်ကို မဲပေးခွင့်မရအောင် ထိထိရောက်ရောက်လုပ်ဆောင်လိုက်ခြင်း ဖြစ်ပါတယ်။ ဒါက မြန်မာနိုင်ငံမှာ လူမျိုးစွဲနိုင်ငံရေးလုပ်ခြင်းရဲ့ စံနမူနာတစ်ရပ် မဟုတ်ပေဘူးလား ?
ဖြေ- ဒါဟာ လူမျိုးစွဲလမ်းကြောင်းထဲက လူမျိုးရေး၊ ဘာသာရေးအသွင်ဆောင်လာအောင် ပုံဖော်လေ့ရှိပုံမျိုးလို့ ကျွန်တော် ယူဆပါတယ်။ ရိုဟင်ဂျာအရေးနဲ့ပတ်သက်ပြီး သမ္မတအပေါ် မကျေနပ်သံ လျှံထွက်နေကြတယ်။ ဒါက သမိုင်း စီးဆင်းမှု ပြဿနာ ဖြစ်တယ်။ သမ္မတကြီးက အခြားနိုင်ငံရေးခေါင်းဆောင်များနဲ့ လက်တွဲပြီး ခေတ်သစ်ကမ္ဘာရဲ့ မတူကွဲပြားဘာသာတရား အခြေခံပြဿနာများကို ကြောင်းကျိုးကျကျ ဆွေးနွေးဖြေရှင်းစေဖို့၊ ပညာပေး အမြင်ဖွင့်ဖို့ ဆိုတာထက် သြဇာ အာဏာသုံးဖြေရှင်းခဲ့မှု အပေါ် ကျွန်တော် တွေ့နေရတာ ၀မ်းနည်းစရာကောင်းလှပါတယ်။ တိုင်းကျိုးပြည်ပြုနိုင်ငံရေးသမား တစ်ယောက်ဟာ နောက်ထပ်ရွေးကောက်ပွဲအတွက်တင်မက လာမယ့်မျိုးဆက် အတွက်ပါ ထည့်သွင်း စဉ်းစားလေ့ရှိပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းက ဘာသာရေးကနေ နိုင်ငံရေးကို သီးခြားဖြစ်စေပြီး အဲ့ဒီ အတိုင်း ဆောင်ရွက်ခဲ့ပါတယ်။
(မေး) ၁၉၈၂ နိုင်ငံသားဥပဒေဖန်တီးဖို့ ဗိုလ်ချုပ်နေ၀င်းကို ဘာတွေက စေ့ဆော်လိုက်တာလဲ ?
(ဖြေ) အဲ့ဒီဥပဒေပြဋ္ဌာန်းလိုက်ပြီလို့ သူပြောလိုက်တဲ့ အချိန်ကျမှသာ ကျွန်တော်တို့ သိခဲ့ကြတာပါ။ ကျနော့်ရဲ့ နောက်ထွက်မယ့် “ဦးနေ၀င်း အကြောင်း” စာအုပ်မှာ ဒီအချက်တွေနဲ့ပတ်သက်လို့ ဒီလို ရေးသား ထားပါတယ်။
သတ္တမကြိမ်မြောက် ဗမာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ BSPP ဗဟိုကော်မတီအစည်းအဝေးကို အလုံလမ်း သမ္မတအိမ်တော်မှာ ၁၉၈၂ ခုနှစ်၊ အောက်တိုဘာ ၈ ရက်မှာ ပြုလုပ်ခဲ့တယ်။ အဲ့ဒီမှာ ဦးနေ၀င်း အဓိကခေါင်းစဉ် တပ်ပြောကြားတာကတော့ အတည်ပြုလိုက်ပြီးတဲ့ နိုင်ငံသားဥပဒေ ဖြစ်တယ်။ မည်သူ့ကိုမျှ ထိခိုက်နစ်နာစေဖို့ မရည်ရွယ်ပါ၊ မပြုလုပ်လိုပါဆိုပြီး သူက အခိုင်အမာ ဆိုပေမယ့်လည်း သမိုင်းကြောင်း တစ်ချို့ကို ပြန်လှန်ပြီးတော့ “အမှန်ဆိုရရင် တစ်ချိန်ချိန်မှာ တစ်စုံတစ်ဦးကို ထိခိုက်နစ်နာမှု ဖြစ်ကောင်းဖြစ်သွားနိုင်ပါတယ်” လို့ ဆိုပါတယ်။ ကိုလိုနီခေတ်က အကြောင်း အမျိုးမျိုးနဲ့ဝင်ရောက်လာခဲ့ကြတဲ့ တောင်အာရှသား အများစုနဲ့ တရုတ်လူမျိုး အနည်းစုတွေကို ရည်ညွှန်းပြောဆိုလိုက်ခြင်းပဲဖြစ်ပါတယ်။
(မစ္စတာတိုင်လာရဲ့ မူရင်းရေးသားချက်ကို အောက်ပါအတိုင်း ဖော်ပြလိုက်ပါတယ်)။
This had given rise to a mixed population of indigenous persons, guests, mixed race persons, and the off spring of immigrants. After explaining the content of the two nationality acts passed at the time of independence to give “guests”, i. e., immigrants, and their offspring, Myanmar citizenship, he noted two problems with the legislation. One was that the Minister for Immigration had sole discretion on the granting of citizenship and the other was that there were many persons who had not taken action under the existing legislation to regularise their status. Also, there were now a third group, those who had arrived in Myanmar subsequent to independence. Something had to be done to regularise the status of those persons who had arrived, or were descended from persons who had arrived, between 1824 and 1948 in order to distinguish them from post-1948 entrants who came under different auspices, often illegally.
As for those to whom the 1948 laws applied, he said: If we could do something definite to define their rights, they will be happy. We on our part must be magnanimous. In reality too we cannot be but magnanimous. . . . We are, in reality, not in a position to drive away those people who had come at different times for different reasons from different lands [before 1948]. We must have sympathy on those who had been here for such a long time and give them peace of mind. We have therefore designated them eh-naingngan-tha (associate citizens) in this law.
Associate citizens would not be allowed to be involved: in matters involving the affairs of the country and the destiny of the State. This is not because we hate them. If we were to allow them to get into positions where they can decide the destiny of the State and if they were to betray us we would be in trouble.
He then explained, by way of example, the problem posed for the government by associate citizens who had siblings abroad. Through their networks of overseas relatives, they often became involved in smuggling to the detriment of the state. This could not be allowed. Those who had arrived and applied for citizenship under the 1948 legislation would be made eh-naingngan-tha. These persons will gradually disappear as they become assimilated into the Myanmar society with the passage of the generations.
This is the first time we are taking action to enable those who have been in our country since before independence to escape from a life of uncertainty about their nationality. If necessary qualifications are met, they can live in our county; if they live correctly and properly, their grandchildren will become full citizens. . . . I would also like to tell our true citizens, the Burmese, that they should not treat such persons arrogantly, saying that they came from abroad or they are guests, but should realise that one day they will become one of us and all will be travelling in the same boat.
What Ne Win was addressing was a problem left over from colonialism, the plural society that J. S. Furnivall described in 1948 and in which Ne Win and his generation had grown up. In political terms, that society could “be distinguished by three characteristic features: the society as a whole comprise[d] separate racial sections; each section [was] an aggregate of individuals rather than a corporate or organic whole; and as individuals their social life [was] incomplete.” [J.S. Furnivall, Colonial Policy and Practice: A Comparative Study of Burma and Netherlands India (Cambridge: Cambridge University Press, 1948), p. 306.] What Furnivall was highlighting was that the legacy of free immigration had created a polity without “the unitary society that western people take for granted.” Such a unitary society creates a national will, and makes shared sacrifice possible in times of crisis and shared wealth in times of plenty. This was the basis of a modern integrated society, a prerequisite for a democracy, which Myanmar lacked. Overcoming that condition was essential for national unity, and through the racially loaded language of the colonial period in which people discussed the question of national integration, Ne Win was proposing an end to the residues of the plural society as well as ensuring that post-1948 immigration was regulated.
(မေး) အဲ့ဒီဥပဒေဟာ တိုင်းရင်းသားလို့ခေါ်တဲ့ ပြဿနာကို တမင်သက်သက် အကြောင်းမဲ့ အစပျိုးလိုက်ခြင်းလို့ ခင်ဗျား ရေးသားထားတယ်။ ဘာကြောင့်လဲ ?
(ဖြေ) ပေါင်းစပ်ထည့်သွင်းထားတဲ့ စကားလုံးတွေဟာ ဥပဒေဘောင် မ၀င်လို့ပါ။ ပြီးတော့ လူမျိုးစု သို့မဟုတ် လူမျိုးနွယ်၊ အခွင့်အရေးနဲ့ နိုင်ငံသားအရေး ဆွေးနွေးချက်များမှာ မကြာခဏဆိုသလို ရှုပ်ထွေးမှုဖြစ်စေတဲ့ အခင်းအကျင်း တစ်ရပ်လည်း ဖြစ်နေလို့လေ။ လူမျိုး သို့မဟုတ် လူမျိုးနွယ် ဆိုတာက လူမှုရေး တည်ဆောက်ချက်တွေ ဖြစ်ပြီး၊ လူမှုဝန်းကျင်အုပ်စုတွေထဲ အခြေခံအားဖြင့် တည်ရှိနေနိုင်ပါတယ်။ သို့သော် နိုင်ငံသားဖြစ်မှု ဆိုတာက လူမျိုး/မျိုးနွယ်တွေနဲ့ အလျဉ်း မသက်ဆိုင်သော လူတစ်ဦးချင်းပေါ်ရှိတဲ့ ဥပဒေကြောင်းအရ အခွင့်အရေးပါ။
နည်းလမ်း သုံးမျိုးနဲ့ နိုင်ငံသား အဖြစ် သတ်မှတ်ကြပါတယ်။ သက်ဆိုင်ရာနယ်မြေ ပိုင်နက်ထဲမှာ မွေးဖွားခြင်း သို့မဟုတ် ဥပဒေကြောင်းအရ သက်ဆိုင်ရာရဲ့ဆုံးဖြတ် သတ်မှတ်ပေးခြင်း။ ရယူစုဆောင်းခြင်း/ တိုင်းရင်းမျိုးနွယ်အဖြစ် သွတ်သွင်းခြင်း။ မိဘဘိုးဘွားစဉ်ဆက်ဆင်းသက်မျိုးရိုး။ မြန်မာနိုင်ငံသားဖြစ်မှု သတ်မှတ်ချက်ကို ဘယ်လူမျိုး အုပ်စုဝင်ဖြစ်စေ ဘယ်ဒေသဖွားဖြစ်စေ မိဘ ဘိုးဘွားတွေက မြန်မာနိုင်ငံထဲ မွေးဖွားခဲ့သူဖြစ်မှ မျိုးရိုး ဆင်းသက်မှုအားဖြင့် ပေးခြင်း ဖြစ်နေတယ်။ တိုင်းရင်းသား အုပ်စုဝင်ဖြစ်ခြင်း မဖြစ်ခြင်းက နိုင်ငံသားဖြစ်ခြင်း မဖြစ်ခြင်းနဲ့ မသက်ဆိုင်ပါဘူး။ (မြန်မာနိုင်ငံအဖို့) နိုင်ငံသားအဖြစ် သိမ်းသွင်းမှုပုံဟန်လည်း ဖြစ်နိုင်ချေ မရှိသေးပါဘူး။ နိုင်ငံသား ဆိုတာ လူတစ်ဦးချင်းအပေါ်မှာသာ မူတည်တဲ့ကိစ္စပါ။ လူ့အုပ်စုတွေအပေါ် မူတည်ခြင်း မရှိပါဘူး။
(မေး) တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးဆိုတဲ့စာရင်းဟာ ဗြိတိသျှတွေဆီက အမွေခံလာတဲ့ ပြဿနာအစိတ်အပိုင်းလား ?
(ဖြေ) လုံးဝမဟုတ်ပါဘူး။ ၁၉၈၉ ခုနှစ်မှာ ဗိုလ်ချုပ်ကြီးစောမောင် ရည်ညွှန်းခဲ့တဲ့ ဒီစာရင်းက မြန်မာနိုင်ငံတွင်း လူမျိုးစုအရေးနဲ့ပတ်သက်ပြီး သမိုင်းအမြတ်ထုတ်လုပ်ကြံချက် အရှုပ်ထုပ်တစ်ခုသာ ဖြစ်ပါတယ်။ ဒီစာရင်း ဘယ်ကနေ ထွက်လာသလဲ၊ လူတွေသိရှိထားကြတဲ့ အခြားလူမျိုးတွေကို ချန်ရစ်ပြီး ဘာကြောင့် ထုတ်ပြခဲ့သလဲ ဆိုတဲ့အချက်ကို လူမျိုးစုရေးရာအကြောင်း ဆွေးနွေးလေတိုင်း လူအချို့က ထာဝစဉ် မေးခွန်းထုတ်နေတာပဲ ကြည့်လိုက်ရင် သိသာနေပါတယ်။
(မေး) လူ့အခွင့်အရေးဆိုင်ရာ ကုလအထူးသံတမန် ယန်ဟီးလီက မတ်လ ၁၆ ရက် မိန့်ခွန်းတစ်ရပ်မှာ မိမိကိုယ်ကို ရိုဟင်ဂျာတွေလို့ ခေါ်ဆိုနေတဲ့ အသုံးအနှုန်း – ရခိုင်ပြည်နယ်ထဲမှာ ပစ်ပယ်ရှုတ်ချနေတဲ့ လူမျိုးကို အသိအမှတ်ပြုခဲ့တယ်။ အဖြေက ဘာဖြစ်မလဲ ?
(ဖြေ) ပြဿနာကဘာလဲ ဆိုတဲ့အပေါ် အဖြေက မူတည်နေပါတယ်။ သူမ ဒီစကားလုံးကို သုံးနှုန်းသွားတာ အကြောင်းတစ်စုံတစ်ရာရှိပါလိမ့်မယ်။ ၁၉၆၀ ခုနှစ်များအတွင်း မြန်မာနိုင်ငံအကြောင်း ကျွန်တော် စတင်လေ့လာနေခဲ့စဉ်က၊ ၁၉၇၀ နဲ့ ၁၉၈၀ ခုနှစ်များအတွင်း ကျွန်တော် ရန်ကုန်မြို့မှာ နေခဲ့စဉ်က ဒီဝေါဟာရကို လုံးဝ အသုံးမပြုခဲ့ကြပါဘူး။ အဲ့ဒီကာလမှာပင်လျှင် ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ နိုင်ငံသား စိစစ်မှုတွေကြောင့် ရာပေါင်းများစွာ ဘင်္ဂလားဒေ့ရှ်ဖက် ထွက်ပြေးနေတဲ့အချိန်ပါ။
လွန်ခဲ့တဲ့ ဆယ်နှစ်ဝန်းကျင် ကျွန်တော် ဘူးသီးတောင်နဲ့ မောင်တောကို အလည်အပတ် ရောက်ရှိစဉ်ကလည်း ဘယ်သူမှ ဒီလိုဖော်ပြသုံးနှုန်းတာ မရှိခဲ့ပါဘူး။ ဒါဟာ အခြား တိုင်းရင်းမျိုးနွယ်စု အပေါင်းလိုပဲ တီထွင်(သတ်မှတ်) တဲ့ အသုံးအနှုန်းဖြစ်ပြီး၊ တကယ့် မူရင်းအနွယ်တွေထက် အခွင့်အရေးလိုချင်လို့ ဒီလိုကြွေးကြော်သူတွေ ပိုများနေတယ် (လို့ ကျွန်တော် မြင်ပါတယ်)။ အုပ်စုဝင် တစ်ဦးဖြစ်သွားယုံနဲ့ အဲ့ဒီ(မူလ)အုပ်စုဝင် တစ်ဦးရဲ့အခွင့်အရေး ရှိနေတယ်လို့ မဆိုနိုင်ပါဘူး။ နိုင်ငံသားဖြစ်မှသာ နိုင်ငံသားရဲ့အခွင့်အရေးကို ရရှိမှာဖြစ်ပါတယ်။ ဒါဟာ လူတစ်ဦးချင်း အပေါ် ဥပဒေကြောင်းအရ ဆုံးဖြတ်ချက်ပါ။
(မေး) မစ္စလီက ရခိုင်ပြည်နယ်မှာ လူ့အခွင့်အရေး တိုးတက်လာအောင် အုပ်စုတိုင်းအတွက် ထိရောက်ပြည့်ဝတဲ့နည်းလမ်းတွေ ရှာကြံဖော်ဆောင်ဖို့ လိုတယ်လို့လည်း ပြောကြား ခဲ့ပါတယ်။ ဖြစ်လာနိုင်ပါ့မလား ?
(ဖြေ) သူမရဲ့ဆိုလိုချက်ကို ကျွန်တော် မရှင်းလင်းပါဘူး။ ရိုဟင်ဂျာလို့ မိမိကိုယ်ကို ကင်ပွန်းတပ် သူတိုင်းက နိုင်ငံသားအဖြစ် သတ်မှတ်ပေးအပ်ရမယ်လို့ သူမက ဆိုလိုခဲ့ရင် – နိုင်ငံရေးအရရော ဥပဒေကြောင်းအရပါ မှားယွင်းနေတာပါပဲ။ ရခိုင်ပြည်နယ်ထဲမှာနေပြီး နိုင်ငံသားအဖြစ် သတ်မှတ်ခြင်း မခံရသေးသူတိုင်းအနေနဲ့ သူတို့တစ်ဦးချင်းဟာ မြန်မာနိုင်ငံဥပဒေအရ နိုင်ငံသားဖြစ်ခြင်း မဖြစ်ခြင်းအပေါ် စစ်ဆေးခံဖို့ အခွင့်အရေး ရှိနေပါတယ်။ အဲ့ဒီလို သူမ ပြောဆိုမှ မှန်ကန်ပါလိမ့်မယ်။
(မေး) မျိုးနွယ်အုပ်စုဆိုင်ရာအခွင့်အရေးတွေဟာ ၀ါဒရေးရာအဆိုတွေ ဖြစ်တယ်၊ ပြီးတော့ တိုင်းရင်းအုပ်စု ဆိုတာ လူမှုတည်ဆောက်ချက် တစ်ရပ်ဖြစ်တယ်လို့ ခင်ဗျား ရေးသားထားပါတယ်။ ဒီတော့ကာ မိမိကိုယ်ကို ရိုဟင်ဂျာလို့ ဆိုသူများအနေနဲ့ မိမိဖာသာ ကိုယ်ပိုင်လက္ခဏာ သတ်မှတ်ခွင့် မရှိတော့ဘူးလား ?
(ဖြေ) မည်သူမဆို မိမိကိုယ်ကို ကိုယ်ကြိုက်ရာ ခေါ်ဆိုလို့ရပါတယ်။ သူဟာ နိုင်ငံသားဖြစ်စေ၊ ခိုးဝင်ဖြစ်စေ ဒီအခြေအနေမှာ မကွာခြားပါဘူး။ ဒါက ဥပဒေကြောင်း အရပြဿနာ ဖြစ်ပါတယ်၊ လူမျိုးစုဆိုင်ရာပြဿနာ မဟုတ်ပါဘူး။
(မေး) ယမန်နှစ် ဇူလိုင်လက ပြည်သူ့လွှတ်တော်က တိုင်းရင်းသားရေးရာ ၀န်ကြီးဋ္ဌာနအတွက် မူကြမ်းတစ်ရပ်ကို လက်ခံခဲ့တယ်။ ရှိနှင့်ပြီးသော တရုတ်-ဗမာကပြားနဲ့ အိန္ဒိယ-ဗမာကပြား(သွေးနှော) လူ့အဖွဲ့အစည်းတွေအတွက် မဟုတ်ဘဲ မူရင်းဒေသခံ တိုင်းရင်းသား လူနည်းစုအခွင့်အရေးကို ကာကွယ်ပေးဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။ ဒီတော့ လူမျိုးစွဲနိုင်ငံရေးက ဖယ်ကြဉ် ခွဲထုတ်မှုနိုင်ငံရေး မဟုတ်ပေဘူးလား ?
(ဖြေ) အဲ့ဒါက လူ့အကြိုက်လိုက် မြူဆွယ် မက်လုံးပေး နိုင်ငံရေးသဘောပါပဲ။ ၁၉၄၇ ခုနှစ်ကတည်းက မြန်မာနိုင်ငံရဲ့ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ စည်းမျဉ်းတွေက လူမျိုးရေးအကြောင်း အရေးဆိုဖို့ ဆင့်ကဲဆင့်ကဲ လမ်းဖော်ခဲ့တယ်။ ပြဿနာက ကြီးထွားသထက် ကြီးထွားလာတယ်။ ဒါဟာ လှည့်စားချက် တစ်ရပ် ဖြစ်ပါတယ်။ အကျိုးသင့်အကြောင်းသင့် စဉ်းစားဆင်ခြင်တတ်သူတွေ အချေအတင်ဆွေးနွေးဖျန်ဖြေနိုင်မယ့် ပြဿနာ အစိုင်အခဲတွေကို မှေးမှိန်မှိုင်း မိသွားစေခြင်းရယ်ပါ။ လူတစ်ဦးချင်းက မိမိဟာဘာလဲဆိုတာ ပြေလည်အောင်ဖြေရှင်းခွင့် မရနိုင်တော့ဘူး။ ကိုယ်ပိုင် လက္ခဏာ သတ်မှတ်ချက်နိုင်ငံရေးက အကွဲအပြဲနိုင်ငံရေးဖြစ်စေပါတယ်။ ဒီတော့ အဲ့ဒီအရာမျိုးကို လွှတ်ထားလိုက်ပါ။ လူတစ်ဦးချင်းအပေါ် သက်ရောက်နေတဲ့ ဥပဒေအတိုင်း၊ လူသားအားလုံးနဲ့ သက်ဆိုင်တဲ့ အခွင့်အရေးအတိုင်း ရပ်တည်လိုက်နာ ကျင့်သုံးသွားခြင်းက အကောင်းဆုံးပါပဲ။
xxxxxxxxxxxxxxxxxxxx
(Professor Taylor ၏ ယနေ့ မြန်မာ့လူမျိုးစွဲနိုင်ငံရေးအကြောင်းစာတမ်း Refighting old battles, compounding misconceptions ကို ISEAS “Perspective” series တစ်ခုအဖြစ် www.iseas.edu.org တွင် ရယူဖတ်ရှုနိုင်ပြီး ဗိုလ်ချုပ်နေ၀င်း၏ နိုင်ငံရေး ဘ၀စာအုပ်ကိုလည်း ယခုနှစ်အတွင်း ပုံနှိပ်ထုတ်ဝေမည်ဖြစ်သည်)
Mizzzima ၏ The issue of ethnicity in Myanmar politics is now not being resolved but rather encouraged အင်တာဗျူးသတင်းဆောင်းပါးကို မင်းထွဋ်ခေါင် မှ ဆီလျော်အောင် ပြန်ဆိုသည်။
Comments