6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

အောက်တိုဘာ၊ ၂၃၊ ၂၀၁၂
M-Media
ရေးသူ- တင်မင်းထွဋ်

သတင်းကြားမိတော့ စိတ်မကောင်းဖြစ်မိတယ်။ ၂၂ ရက်နေ့ ညနေထဲက ကျွန်တော် သတင်းခိုင်ခိုင်မာမာ ရနေတယ်။ ဒါပင်မဲ့ မဖြစ်ပါစေနဲ့ လို့  အကြိမ်ကြိမ် အခါခါ ဆုတောင်းမိတယ်။ ဒါကြောင့် တတ်နိုင်သလောက် တွေ့ သမျှ လူတွေကိုလည်း မဖြစ်နိုင်ပါဘူးလို့  မျက်စိမှိတ်ငြင်းခဲ့ပါသေးတယ်။ အခုကျတော့လည်း ကုရ်ဘာနီ ကြေညာချက်ထုတ်တော့ အားလုံးက ကြေညာလိုက်တော့လည်း ရင်နာနာနဲ့  လက်ခံခဲ့ရသလို တစ်ဖက်မှာလည်း ချိန်ကိုက်ဗုံး တစ်လုံးကို စနက်တံ ဖြုတ်လိုက်လို့ တော်သးတယ်လို့ လည်း ၀မ်းနည်း ၀မ်းသာကြီး ခံစားရတယ်ဗျာ။

ကုရ်ဘာနီ    အနှစ်သာအလွန်ပြည့်စုံတဲ့ အဓိပ္ပါယ်များစွာနဲ့  စွန့် လှူခြင်းပါ။ ကျွန်တော်တို့  မြန်မာမွတ်စ်လင်မ်တွေ လုပ်ခွင့် မရခဲ့ဘူး။ ဒီနှစ်မှာ မြန်မာမွတ်စ်လင်မ်တွေ စွန့် လွှတ်ခဲ့ရတဲ့ အရာတွေ အလွန်များခဲ့ပါပြီ။ သက်ရှိအရာတွေက စလို့  သက်မဲ့အရာတွေ အဆုံး ဆုံးရှုံးခဲ့ရတဲ့ အပြင် အခုတော့ နာမ်ပိုင်းဆိုင်ရာပါ ဆုံးရှုံးခဲ့ရပါလား။

နှစ်စဉ်မည်သို့ သော အခက်ခဲ ဒုက္ခမျိုးစုံ ၊ ပိတ်ဆို့ မှုများစွာကို ကျွန်တော်တို့  မွတ်စလင်မ်တွေ ကျော်ဖြတ်ပြီး စွန့် လှူမှုတွေကို လုပ်ခဲ့ကြတယ်။ တစ်နှစ်ထက်တစ်နှစ် အလ္လာဟ်အရှင်မြတ်အလိုတော်နဲ့ ပိုမိုပြုလုပ်နိုင်ခဲ့ကြတယ်။ ကျွန်တော်တို့ ပြုလုပ်ခဲ့တာတွေကို အလ္လာဟ်အသိဆုံးပါ။

အခုချိန်မှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေအပေါ် ခံပြင်းမှုတွေ အားလုံး ကိုယ်စီရှိကြမှာပါပဲ။ ကျွန်တော့်  အမြင်မှာကတော့ ရှို့ မဲ့မီးတစ်စကို မီးလောင်မှုကြီး မဖြစ်အောင် ကြိုတင်တားဆီးလိုက်ခြင်းလို့  မြင်မိပါတယ်။ အများစုကတော့ စိတ်ညစ်ခြင်းနဲ့  စိတ်တိုခြင်း နှစ်မျိုးကို ခံစားနေကြရတယ်။ ဒီ အကြောင်းချက်ပေါ် မူတည်ပြီး သူတို့ တွေ မီးစ ကို ထုတ်ချင်နေပါတယ်။

ကျွန်တော်တို့ တွေရဲ့  အမှားကို ရှာကာ သူတို့ တွေ နိုင်ငံအနှံ့ မီးမွေးနေချင်တယ်။ ပြသနာကို ယခုအချိန်ထိ ဆွဲဆန့် ထားခြင်း ကိုသာကြည့်ပါ။ လူမျိုးတုံးသတ်ဖြတ်မှုတွေကို အရှိန်တိုး ဆောင်ရွက်နေတယ်။ OIC အရေးနဲ့  ပြည်သူတွေကို စိတ်ဆွထားတယ်။ မီဒီယာများရဲ့  တစ်ဖက်စောင်းနင်းတွေကို မျက်နှာလွှဲထားတယ်။ ယခင်ခေတ်အဆက်ဆက်က စာပေစိစစ်ရေးဆိုတာ ဘယ်ဆီရောက်နေလဲ။

ကာလတစ်လျှောက်လုံး ဈေးနှုန်းအဆမတန်နဲ့  လိုင်းကြေးတွေ တအားမြင့်တဲ့ Internet လိုင်းတွေကို  နောက်လမှာ ဈေးအဆမတန် လျော့ချလိုက်တယ်။ ရခိုင်အရေး  ဖြစ်ခါစမှာပဲ mobile internet တွေကို တပ်ဆင့်ခွင့်တွေ အလွယ်တကူ ချပေးသလို ဈေးနှုန်းတွေ လျော့ချပေးခဲ့တယ်။ ဒါဟာ စေတနာတွေလား အမုန်းတရား တွေတိုးဖို့  မီးစာ တွေစုပေး နေတာလား။  မှတ်ချက်    မိုဘိုင်း အင်တာနက်တွေမှာ ပိတ်ထားတဲ့ ဆိုဒ်တွေ တော်တော်နည်းပါတယ်။

အပြင်မှာ လူ ၄-၅ ယောက်ဖြင့် စကားပြောရုံဖြင့် ထောက်လှမ်းရေးများရဲ့  အကြည့်ခံရကာ ၁၀ယောက်ကျော်ပါက စခန်းရောက်သွားတဲ့ နိုင်ငံမှာ လူ ၂၀၀ကျော် -၃၀၀ ဖြင့် ထင်တိုင်းကြဲနေသော ပွဲများကို လွှတ်ထားခြင်းမှာ သဘောရိုးပါလား။

ဒါတွေဟာ ကျွန်တော် ငပိန်း တွေးမိတဲ့ အတွေးတွေပါ။ ဒီလိုနဲ့  ကျွန်တော် ငပိန်း ပြဇာတ်ရုံ ထဲရောက်သွားတယ်။

ကြိုးကိုင်နေတဲ့ လူတစ်စုကို သိသော်လည်း နှာစေး ချင်ယောင်ဆောင်ကာ ပြဇာတ်က နေကြတယ်။ အကွက်ချကာ လူမျိုးတုံးရေးနှင့် အဏာကိုလည်းရ အမျိုးသားသူရဲကောင်ကြီးလည်း ဖြစ်မယ့် ကမ်းချင်ယောင်ဆောင်နေတဲ့ နာဇီခေါင်းဆောင်ကတော့ ဇတ်ညွန်းနဲ့  ဒါရိုက်တာပေါ့ဗျာ။ မင်းသားကြီးကတော့ ပြုံးစိစိနဲ့  အမေရိက က ရောက်လာသလို နာမည်ကြီး မင်းသမီးကတော့ ပရိသတ်က ဗီလိန်လို့  ထင်သွားမှာစိုးလို့ တဲ့။ ဒီဇာတ်လမ်းကို ခဏတောင် ၀င်သရုပ်မဆောင်တော့ဘူး။

ဒီဇာတ်လမ်းကို တော့ မကြာသေးခင်က လွှတ်လာတဲ့ လူကြမ်းကြီးလည်း ပါတယ်ဗျ။ သူကတော့ ဒီဇာတ်တွေကို အတွေ့ အကြုံခဏခဏ ရှိပြီးသားဆိုတော့ဗျာ သရုပ်ဆောင်ကောင်းလိုက်တာ ပရိသတ်တောင် သတိမထားမိဘူး။ အဲဒီလောက်တော်သာ။ ဇာတ်ရံတွေကတော့ သနားပါတယ်။ တစ်ချို့ ကိုကျတော့ ရှာလာတာပေါ့ဗျာ။ အများစုကတော့ တကယ့် အဖိနှိပ်ခံတွေပဲ။ သူတို့ ကို အသုံးချပြီး ရိုက်နေတာ။ အားလုံးလည်း သိပါတယ်။ ဟုတ်တယ်မလား။

ပရိသတ်ကတော့ လူပေါင်းစုံ ပါတယ်ဗျ။ ရှေ့ ဆုံးတန်းမှာတော့ မျက်ကန်းတွေ၊ နာလေးတွေ၊ ဦးနှောက်တစ်ဖက်ပဲ အလုပ်လုပ်တဲ့သူတွေ ၊ အလုပ်လက်မဲ့တွေ ၊ တအားချစ်တတ်တဲ့ စာရိုက်သမားတွေ စုံလို့  ပေါ့ဗျာ။ အလယ်တန်းမှာတော့ လေးလုံးတွေ၊ ကောက်ရိုးမီး ချစ်သူစုံတွဲလေးတွေ၊ ကုပ်ချောင်းကုပ်ချောင်း အခွင့်ရေးသမားတွေ၊ လစ်မှ ထအော်တတ်တဲ့ အရူးလေးတွေ အစုံပါပဲ။ နောက်ဆုံးကတော့ အထက်တန်းဆိုတော့ ရူနာရှိုက်ကုန်း မှုးကြီးမတ်ရာတွေ ၊ ကျောင်းသားဘ၀က မတက်တော့တဲ့ ကျောင်းသားတွေ၊ တစ်ပိသာယူပြီး ငါးမူးပြန်ပေးတဲ့ ခရိုနီကြီးတွေ ၊  ခေါင်းရှောင်တတ်သော ခေါင်းဆောင်ကြီးတွေ အစုံပါပဲ။ တွေ့ ရတာ။

အမျိုးမျိုးသော တတ်သိနားလည်သောပညာရှင်ကြီးများနှင့် လူ့ အခွင့်အရေးအော်ကာ တောင်းဆိုခဲ့ကြသော ပုဂ္ဂိုလ်ကြီး တွေကတော့ ချောင်လေးထဲကနေ ချောင်းကြည့်နေကြတယ်။ တစ်ချို့ ကတော့ လူမသိအောင် လက်ခုပ်လေးတီးသလို တစ်ချို့ ကတော့ ထခုန်ပြီးတောင် အာပေးကြတယ်။ အားပေးကြတာတော့ အမျိုးသားရေး စိတ်ဓါတ်နဲ့ အားပေးတာ။ တစ်ချို့ ဆို ဆုတော်ငွေတောင် ထ ထပြီး အားပေးတာ။ အဲဒီလိုပေးလိုက်တော့လည်းဗျာ တစ်သက်လုံး ဂုတ်သွေး စုပ်လာတဲ့သူတွေ သူတော်ကောင်းတန်းဖြစ်တာပဲ။

သမိုင်းဆိုတာလည်း ဒါရိုက်တာ ဇာတ်ညွန်းဆရာကြီးရဲ့  ရေးချက်များ အတိုင်းပဲ။ ကြည့်နေတဲ့ ပရိသတ်ကလည်း ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ အမျိုးသားရေးစိတ်ဓါတ်နဲ့  အားပေးတာပဲ။

ပြဇာတ်ထဲမှာ ပေါက်တဲ့ စကားတွေလည်း ရှိတယ် “ကုလား” “ဘင်္ဂလီ” ကမပါမဖြစ် “လည်လှီးသတ်မယ်’’ ဆိုတာလည်း ပါတယ်ဗျ။ နောက်စကားတွေကတော့ ကျွန်တော်လည်း မပြောရဲဘူး ဒီပြဇတ်လောက် ဆင်ဆာမရှိတဲ့ ပြဇတ် မကြည့်ဖူးလို့ ။ တိုက်ပွဲတွေကတော့ ပေါသလားမမေးနဲ့  တစ်ဖက်က သေနတ်နဲ့ ပစ်တယ် နောက်တစ်ဖက်ကတော့ လက်မဲ့ဘဲ အသေခံရတာ။ ကိုယ့်အိမ် ကိုယ်မီးရှို့ တယ် ဆိုတဲ့ ဇာတ်ကွက်ကတော့ အဓိပ္ပါယ် မရှိလိုက်တာ။

ဒုက္ခသည်ယောင်ဆောင်ထားတဲ့ မောက်တွေက လည်း မခေသားဗျ။ ရသမျှ ယူတဲ့အပြင် အချင်းချင်းတောင် အဝေမတည့်ကြဘူး။ ဖြစ်ပုံတွေများ။

သူတော်ကောင်းတရား ထားတဲ့လူတွေ ကိုင်ထားတဲ့ တုတ်ကတော့ ကြောက်စရာဗျ။ အကြမ်းဖက် လုယက်၊ မီးရို့ ၊ အဓမ္မကျင့်၊ လူသတ် စတာ တွေပေါ့ဗျာ။ ဂုဏ်းချုပ်ကြီးတွေကတော့ ခြုံလွှာကြီးနဲ့ ပေါ့။

နာဇီအကျဉ်း စခန်းတွေလည်း ပါတယ်။ ညှင်းပန်း နှိပ်စက်မှုတွေကို မြင်ရတာ မျက်ရည် စို့ တယ်။ ဘာဖြစ်လို့  လည်းဆိုတော့ နာဇီဟစ်တလာကြီး ကတောင် သချိုင်းမှာ ထိုင်ငိုရလောက်တဲ့အထိ ရက်စက်တယ်။

အဲဒီမှာ ဘာလုပ်လုပ် အပြစ်မဖြစ်တဲ့ အာပတ်ဖြေနည်းက “အမျိုးသားရေးဝါဒ” ပဲ။ ခင်ဗျားပဲ ဖြစ်ဖြစ် ကျွန်တော်ပဲဖြစ်ဖြစ် လုပ်ချင်ရာလုပ် ပြီးရင် အမျိုးသားရေးဝါဒ လို့ အော်။ အဲဒါဆို ပုရိသတ်က လက်ခုပ် တဖြောင်းဖြောင်း တီးပြီး အားပေးမယ်။ ကံကောင်းရင် ဆုတော်ငွေတောင်ရမယ်။ မနည်းဘူးနော်။

ဥပဒေစိုးမိုးမှုဆိုတဲ့ စကားလား စိုးမိုးမှု မပြောနဲ့  ဥပဒေကိုတောင် ပိတ်ကန်လိုက်တာ။ လည်ထွက်သွားတယ်။ လုံခြုံရေးဆိုတာလား မြင်တော့မြင်ဖူးပါတယ် ။ မီးသတ်လား အင်း ဓါတ်ဆီလိုက် ဖြန်းတာတော့ တွေ့ တယ်။

ထမင်းစားခန်းတွေကတော့ သူဋ္ဌေးနဲ့ ဆင်းရဲသား အိမ်က စားတဲ့အခန်းတွေထက်တောင်ဆိုးတယ်။ တစ်ဖက်က အဆင့်သင့် ဇွန်းကိုင်ပြီးစားရတယ်။ နောက်တစ်ဖက်ကတော့ ဗမာကားတွေမှာ ချဉ်ပေါင်ကြော်စားရင် တော်တော်ဆင်းရဲတယ်ပေါ့ဗျာ။ ဒီမှာတော့ ပိန်းရွက်နဲ့  ဋ္ဌက်ပျော်အူ စားနေရတယ်။ စားစရာမရှိလို ငတ်ပြတ်နေတဲ့ လူတွေက များသား။

ကယ်ဆယ်ရေးအဖွဲ့ နဲ့ စစ်ဆေးရေးအဖွဲ့ တွေကိုလည်း အကွက်စိအောင် ထည့်ထားပါတယ်။ သူတို့ ကိုတော့ ကျွန်တော် လေယာဉ်စီးမင်းသားများလို့  ခေါ်ချင်တယ်။ မိုက်တယ်ဗျ။ အခေါက်ခေါက် အခါခါ လေယာဉ်စီး ပြန်လာ၊ ပြန်စီး ။ ဓါတ်ပုံရိုက်- ထမင်းစား ပြန်လာ။ သူတို့ လည်း သိပ်တော့ ထမင်းမစားနိုင်ဘူး။ လေယာဉ်နဲ့ ဆိုတော့ အစာကျေမလွယ်ဘူး။

တစ်ဖက်လပ် မျက်ကန်း မီဒီယာသမားတွေကို တော့မတွေ့ ချင်မှ အဆုံး တွေ့ နေရတယ်။ တစ်ဖက်ထဲမြင်တော့ တစ်ဖက်ထဲ တင်ပြပေးတာပေါ့ဗျာ။ ဥပမာ ဓါတ်ပုံရိုက်တော့ တစ်ခြမ်းပဲ ပါတာတို့  လူနှစ်ယောက်အတူတူရိုက်ရင် တစ်ယာက်ပဲ ပါတာတို့  ပေါ့။ ပုရိသတ် အားပေးဆုံးဆိုတော့ သူတို့ လည်း မြောက်နေတာ အောက်ကို မရောက်တော့ဘူး။ ပြဇတ်ထဲမှာ ဂျာနယ်တွေ အရင်ထက် တအားရောင်းကောင်းတယ်။ သူတို့ လည်း အမျိုးသားရေးဝါဒ ကိုမှီ ဆင်ဖြူတော်ကိုမှီ ကြံဆုပ် သလိုပေါ့။

ပြဇတ်လား မဆုံးသေးပါဘူး။ သူတို့ ဆက်ချင်သေးတယ်လေ။ အခုတောင် နွားတွေမသတ်တော့ဘူးဆိုလား ဘာလားကြားတော့ သူတို့  ဆက်ဖို့ ခက်နေတယ်လေ။ သူတို့ ကတော့ နွားသနားတယ်ပြောပြီး ရှေ့ ဆုံးက ယူမယ့် ပုဂ္ဂိုလ်တွေလေ။ နောက်ပြီး ဒီနှစ်မှာ အထူးလက်ဆောင် ပြန်ပေးဖို့ ရှိတယ်လေ။ မီးစ တွေပေါ့ မဟုတ်ဘူးဗျ ချိန်ကိုက်ဗုံး ပေးမှာ။ အခု သူတို့ ပြဇာတ်ဆက်ဖို့  ခက်နေတယ်။ နွားဇာတ်နဲ့  ဆက်လုပ်ဖို့ တာဆူထားတာ။

ကျွန်တော်လား ဘေးက ထိုင်ကြည့်နေတာ ။ ပြဇာတ်မှာ စတေးခဲ့ရတဲ့ဘ၀တွေ ပေးဆပ်နေရဆဲ ဘ၀တွေ ဘယ်တော့များမှ လွတ်မြောက်မလဲဆိုတာ ဆုတောင်းကာ . . .

Tags:

Leave a Reply