News @ M-Media

တူရကီနှင့်တရုတ် အစ္စလာမ့်ပညာရေးတွင် ပူးပေါင်းဆောင်ရွက်မည်

တူရကီနိုင်ငံရှိ အစ္စလာမ့်လေ့လာရေး အဆင့်မြင့်ကျောင်းများ ၌ တရုတ်ကျောင်းသားများ လေ့လာသင်ယူနိုင်ရန် တရုတ်နိုင်ငံနှင့်တူရကီအကြား  သဘောတူညီချက်ရရှိခဲ့ကြောင်း သိရသည်။ တူရကီ သာသနာရေးရာ ၀န်ကြီးဌာနမှ ညွန်ကြားရေးမှူး Mehmet Gormezက တရုတ်အစ္စလာမ် အစည်းအရုံး အကြီးအကဲ Hilaluddin Chen Guangyuan တွေဆုံစဉ် ယင်းသို့ သဘော တူညီချက် ရရှိခဲ့ခြင်းဖြစ်သည်။
မိမိတို့သည် မွတ်စလင် ၈၁နိုင်ငံနှင့် သာသနာရေးရာပူးပေါင်း ဆောင်ရွက်မှုများရှိနေခဲ့ သော်လည်း တရုတ်မွတ်စလင်များနှင့် ပူးပေါင်းဆောင်ရွက်မှုများ မရှိသေးကြောင်း တရုတ်မွတ်စလင်မ်များနှင့် ပူးပေါင်းဆောင်ရွက်မှု စတင်နိုင်ပြီဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲတွင်ပြောကြားသွားခဲ့သည်။ တရုတ်မွတ်စလင်များ တူရကီနှင့် ပူးပေါင်း ဆောင်ရွက်မှုများကနေ ယဉ်ကျေးမှု၊ ဘာသာတရား များ အပြန်အလှန် ဖလှယ် မျှဝေ နိုင်မှာဖြစ်ကြောင်း ညွန်ကြားရေးမှူး Mehmet Gormezကပြောကြားသည်။ တရုတ်မွတ်စလင်များအနေဖြင့်လည်း ပညာရေး၊ဟဂ်ျရေးရာ ကဏ္ဍများတွင် တူရကီနှင့်ပူးပေါင်းသွားမည်ဟု တရုတ်မွတ်စလင်အကြီးအကဲ Guangyan ပြောကြားသည်။

http://www.worldbulletin.net/?aType=haber&ArticleID=69942

Comments

Leave a Reply