6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

မပြတ်မစဲသနားကြင်နာတော်မူသော အနန္တကရုဏာတော်ရှင်ဖြစ်တော်မူသော (အလ္လာဟ်)အရှင်မြတ်၏ နာမတော်ဖြင့်(အစပြုပါ၏)

“မည်သူမဆို လူတစ်ဦးတယောက်ကို(အသက်ဘေး အန္တရာယ် မှကယ်ဆယ်ခြင်းအားဖြင့်)အသက်ရှင်စေခဲ့ပါမူ   လူသားမျိုးနွယ်စုတရပ်လုံး၏ အသက်ကို ကယ်တင်ဘိသကဲ့သို့ပင်တည်း” ကုရ်အာန် ကျမ်းတော်မြတ်(စူရတုလ် မာအေ့ဒဟ် -၅း ၃၂ )

“လူသားထု အား ကြင်နာခြင်းကို ပြလော့။ သို့မှသာ အလ္လာဟ်အရှင်မြတ်ကလည်း သင်တို့အား ဂရုဏာပြုလိမ့်မည်” (မဟာတမန်တော်မြတ်(ဆွ)၏ သြ၀ါဒတော်)

မွတ်စလင် စေတနာရှင် သွေးလှူရှင်များခင်ဗျာ-
မန်းလေးမြို့ရှိ ကျန်းမာရေးအတွက် ဆေးကုသခံနေသောလူနာများအဖို့ အရေးပေါ်အလွယ်တကူသွေးလိုအပ်လျှင် ရရှိနိုင်ရန် ၀ိုင်းဝန်းကူညီဆောင်ရွက်ပေးရေးမှာ အထူးလိုအပ်လျက်ရှိပါသည်။

ကျွှန်တော်များအဖွဲ့သည် သွေးလှူရန် ဆန္ဒရှိသူများနှင့် (၄) လ တစ်ကြိမ် သွေးလှူနေကျ မွတ်စလင်သွေးလှူရှင်များကို ရပ်ကွက်/မြို့နယ်အလိုက် တိကျသေချာစွာ အမည်စာရင်း လိပ်စာနှင့်တကွလိုအပ်သောအချက်အလက်များအား စုဆောင်း မှတ်ပုံတင်ထား ရှိပါမည်။

သွေးလှူလိုသူ၏ ရပ်ကွက်/မြို့နယ်အတွင်း နေထိုင်သူ မှတ်ပုံတင် အကျိုးဆောင်၏အမည် နေရပ်တို့ကိုလည်းကြော်ငြာထားမည် ဖြစ်ပါသည်။ထို့ကြောင့် သွေးလှူမည့် မွတ်စလင် စေတနာရှင်များသည် ရပ်ကွက်/မြို့နယ်၏အကျိုးတော်ဆောင်များထံ စာရင်းပေးသွင်းကြရန် အသိပေးကြေညာအပ်ပါသည်။

မန္တလေးမြို့လုံးဆိုင်ရာ မွတ်စလင် သွေးလှူရှင်များအဖွဲ့ နယကကြီးများ

၁။အလ်ဟာဂ်ျ ဒေါက်တာခင်မောင်ကျော် (ဆီး နှင့် ကျောက်ကပ်အထူးကုဆရာဝန်ကြီး)
၂။အလ်ဟာဂ်ျ ဒေါက်တာ ဦးမောင်မောင် (နှင်းမေတ္တာအထူးကုဆေးခန်း)
၃။အလ်ဟာဂ်ျ ဒေါက်တာခင်မောင်ထွေး (နှလုံးခွဲစိတ် အထူးကုဆရာဝန်ကြီး)
၎။အလ်ဟာဂ်ျ ဦးမျိုးသိန်း (ဈ / မြို့သစ်)
၅။ဦးရဂျဗ်ဘိုင် (ခ) ဦးစန်းထွေး (ဥက္ကဌ၊ ဇာဝေယာဗလီ)
၆။ဦးချိုတား (သီရီမာလာအရှေ – ပုတီးစုရပ်)
ရ။အလ်ဟာဂ်ျ ဦးအောင်ဇော်ဝင်း (စွမ်းအားအီလက်ထရွန်းနစ်)

အလုပ်အမှုဆောင်အဖွဲ့

၁။ ဥက္ကဌ -အလ်ဟာဂ်ျ ဦးလှမြင့် (တံခွန်)
၂။ဒုတိယဥက္ကဌ -အလ်ဟာဂ်ျ ဦးတင်မြင့် (ဥက္ကဌ ကာစေမီယာအရဗီကျောင်း)
၃။ ဒုတိယဥက္ကဌ – ဦးမောင်နု (နိဗာန်ဆော်အဖွဲ့)
၎။ ဒုတိယဥက္ကဌ -အလ်ဟာဂ်ျ ဦးမိုးလွင် (Ever Smile )
၅။အတွင်းရေးမှူး -ဦးခင်မောင်ဝင်း (ဓူဝံ)
၆။တွဲဖက်အတွင်းရေးမှူး -ဦးခင်မောင်မြင့်(မြို့သစ်)
ရ။တွဲဖက်အတွင်းရေးမှူး -ဦးတင်ဝေ (ဇာဝေယာ)
၈။ဘဏ္ဍာရေးမှူး -ဟာဂျီ ဦးခင်မောင်ဆန်း (ဆန်း အီလက်ထရွန်းနစ်)
၉။စာရင်းစစ် -ဆရာအောင်သန်း (ကွန်ပြူတာနည်းပြ)
၁၀။စာရင်းစစ် -ဦးထွေးထွေး (အစ္စလာမ်ရောင်ခြည်- စကြာ)
၁၁။စည်ရုံးရေးမှူး -ဦးညီညီကျော် (တက္ကသိုလ် မွတ်စလင်မိတ်သဟာအသင်း)
၁၂။စည်းရုံးရေးမှူး -ဦးအောင်နိုင် (စိန်ပန်း နိဗာန်ဆော်)
၁၃။ပြန်ကြားရေးမှူး -ဦးအောင်ဇော်ဌေး(Cushion)
၁၄။ပြန်ကြားရေးမှူး -ဦးတေဇမောင်မောင် (တောင်ဘလူ)
၁၅။အမှုဆောင် -ဦးယူစွပ်(ခ) ဦးဇော်လင်းအောင် (Ever Sweet)သီးစုံဖျော်ရည်
၁၆။အမှုဆောင် -ဟာဂျီ ဦးမူဆာ (နှင်းဆီခြံ)
၁ရ။အမှုဆောင် -ဟာဂျီဦးမောင်သန်း(ကာစေမီယာအရဗီကျောင်း)
၁၈။အမှုဆောင် -ဦးမြင့်ဦး (ကျောက်ဗလီ)
၁၉။အမှုဆောင် -ဦးတင်ဝင်း (ကျောက်ဗလီ သာရေးနာရေးအဖွဲ့)
နှင့် သာရေး/နာရးအသင်းအဖွဲ့ များမှအမှုဆောင်အဖြစ်ပါဝင်သော ကိုယ်စားလှယ် (၂၆)ဦးတို့ဖြင့်ဖွဲ့စည်းဆောင်ရွက်နေပါသည်။

သွေး သည်ယနေ့အထိလူသားများက အတုပြုလုပ်မရသေးသော အသက်ကယ်ဆေးတစ်ခုဖြစ်သောကြောင့် သွေးသည်လူ၏ အသက်ပင်ဖြစ်သည်။ဆေးပညာ ကုသမှု ကဏ္ဍတွင်မရှိမဖြစ်သောအရာမှာ သွေးနှင့်သွေးပစ္စည်းဖြစ်သည်။

သွေးအလှူရှင်များ

ခန္ဒာကိုယ် အင်္ဂါအစိတ်အပိုင်းများထိခိုက်ဒဏ်ရာရမှုများတွင် သွေးအလှူရှင်များ၏ အလွန်မွန်မြတ်သည့်ဒါန ဖြစ်သောသွေးကို ပေးလှူ ကြသဖြင့် အသက်ရှင်ခွင့်ရရှိကြပါသည် ။သွေးအလှူရှင်များသည် ထိုသို့ အသက်ကယ်ရှင်များဖြစ်သည့်အတွက်သိရှိနိုင်ခဲသော ဇီဝိဒါန (အသက်ကယ် လှူဒါန်းမှု)ပြုသူဖြစ်ပါသည်။

သွေးသန့်အလှူရှင်

ဒီလို သွေးလှူဒါန်ပြုရာမှာလည်း သွေးလှူရှင်၏ သွေးကိုအစဉ်အမြဲ သန့်စင်အောင် ထိန်းသိမ်းပြီး စေတနာအပြည့်ဖြင့် ပုံမှန် သွေးလှူဒါန်းရန်လိုအပ်ပါသည်။ ဆေးပညာ တိုးတက်လာသည်နှင့်အမျှ ထိရောက်စွာ ကုသမှုများပြုလုပ်လာနိုင်သော်လည်း သွေးသွင်းကုသများအတွက် သန့်စင်သည့်သွေးများ စုဆောင်းရရှိမှုသည်လည်း အရေးကြီးဆုံးအဖြစ်ရပ်တည် နေပါသည်။ယခုဆိုလျှင် ခောတ်မီ နည်းပညာများနှင့် လှူလိုက်သော သွေးတစ်ပုလင်းကို သွေးပစ္စည်း အမျိုးအစားများပြန်ခွဲထုတ်ပြီး လှူလို့ရနေပြီးဖြစ်သည်။စေတနာသွေးလှူရှင်များက မိမိသွေးသန့်စင်မှုကိုတာဝန်ယူခြင်းဖြစ်ပြီး သွေးလက်ခံယူသောလူနာများအတွက် စိတ်ချရသော သွေးသွင်းကုသများ လုပ်လာနိုင်ပြီးဖြစ်သည်။

လှူရမည့် သွေးပမာဏ

လူတစ်ဦးမှာ သွေးပမာဏ ၅ လီတာ(သို့) ၅၀၀၀ စီစီ (သို့) ဂလူးကိုစ့်ပုလင်း (၁၀) ပုလင်းစာမျှရှိသည်။သွေးလှူဒါန်းရာတွင် သွေး(၃၅၀ စီစီ မှ ၄၀၀ စီစီ) (သွေးအလှူရှင် တကိုယ်လုံးရှိသွေးမှ ၈ % ) သာ ဖောက်ယူခြင်းဖြစ်သည်။

သွေးအလှူရှင်တိုးပွားရေး

မိမိကိုယ်တိုင် သွေးလှူခြင်းနှင့် စေတနာသွေးလှူရှင်များ တိုးပွားများပြားလာစေရေးအတွက် လူအား ငွေအား ပစ္စည်းအားဖြင့် ပါဝင်ကြိုးပမ်းအားထုတ်ကြခြင်းသည် မွန်မြတ်သော ကုသိုလ်ပြုခြင်းဟု ကျွှနုပ်တို့ အလေးအနက် ယုံကြည်ပါသည်။

တကြိမ်သွေးလှူပြီး နောက်တကြိမ်လှူရန်စောင့်ရမည့်ကာလ (၄) လဖြစ်သည်။

သွေးလှူရှင်များအသက်

(၁၈)နှစ် မှ (၅၅) နှစ်ကြား

သွေးမလှူသင့် သူများ

၁။လွန်ခဲ့သော ၂ နှစ်ခန့်က ဌက်ဖျားရောဂါခံစားထားရသူများနှင့် မူးယစ်ဆေးဝါး လိင်ပိုင်ဆိုင်ရာမကင်းသူများ

၂။သွေးမလှူခင်(၃) ပတ်အတွင်း ၀က်သက် ပါးချိတ်ရောင် ရေယုန် ဂျိုက်သိုး ရေကျောက်ဖြစ်ပွားသူများ
ကာကွယ်ဆေး တစ်မျိုးမျိုးထိုးထားသူများ
၃။လွန်ခဲ့သော တစ်နှစ်အတွင်း သွေးသွင်းခံရဖူးသူများ နှင့် ၆ နှစ်အတွင်းအကြီးစားခွဲစိတ်ကုသခံထားရသူများ
၎။မိမိ မိသားစုအတွင်း အသည်းရောင် အသားဝါဖြစ်ပွားမှုခံနေရသူများ
၅။(၃)လအတွင်း ကိုယ်အလေးချိန် သိသိသာသာကျဆင်းလာသူများ
၆။ ၇ ရက်အတွင်းဝမ်းပျက် ၀မ်းလျှောရောဂါဖြစ်သူများ
ရ။ ၃ ရက်အတွက် သွားနှုတ်ထားသူများ
၈။သွေးမတိတ်ရောဂါ သွေးအားနည်းရောဂါရှိသူများ
အမျိုးသမီးများ -ဓမ္မတာ လာနေသူများ လွန်ခဲ့သော ၆ လအတွင်း ကလေးမီးဖွားခဲ့သူ ကိုယ်ဝန်ပျက်ခဲ့သူယခုကိုယ်ဝန်ရှိနေသူများ။ ယခု ကလေးနို့တိုက်နေသူများ သွေးလှူရန်မသင့်ပါ။

သွေးလှူခြင်းမှ ရရှိသော ကောင်းကျိုးများ

၁။ပုံမှန်သွေးလှုခြင်းဖြင့် သွေးထဲမှာ ကိုလက်စထရော ပမာဏကိုထိန်းထားနိုင်ပါသည်။
၂။ထုတ်ယူလိုက်သော သွေးနှင့်အတူပါသွားသော သံဓါတ် များကြောင့် သွေးလှူရှင်များရဲ့ ကိုယ်မှ သံဓါတ်
လျော့နည်းစေပါသည်။
၃။သွေးအလှူရှင်တို့မှာ လေဖြတ်ခြင်းနှင့် နှလုံးရောဂါဖြစ်နိုင်ခြေအလားအလာ သည် သွေးမလှူသောလူများထက်
သုံးပုံတစ်ပုံ နည်းပါးဆိုသည်ကို (ကင်းဆက် ဗဟိုဆေးတက္ကသိုလ်)မှ လေ့လာတွေ့ရှိခဲ့သည်။
၎။လှူဒါန်းလိုက်သော သွေးတအိတ်ကြောင့် သွေးလှူရှင်မှာ ကယ်လိုရီ (၆၅၀)စာလျော့ကျစေသည်။
၅။သွေးလှူပြီး အားနည်းဆိုသည်မှာ မဟုတ်ပါ။သွေးလှူပြီး ဆဲလ်အသစ်များရရှိစေသည်။လတ်ဆတ်သော
သွေးသစ်များ ရရှိပြီး လန်းဆန်းစေသည်။

ပြန်ကြားရေးဌာန

မန္တလေးမြို့လုံးဆိုင်ရာ မွတ်စလင် သွေးလှူရှင်များအသင်း

“လူငယ်များ သွေးသန့်စင် အသက်ကယ်ကြစို့ ကမ္ဘာတစ်ခွင်”
“လူမျိုး ဘာသာ သွေးအုပ်စုမရွေး သွေးလှူပေး”

Leave a Reply