6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ကအ်ဗာဟ်ဝတ်ကျောင်းတော်၏ အထင်ကရအိမာမ်ရှေ့ဆောင်ဖြစ်သူ ရှိုခ် အဗ္ဗဒူလ် ရဟ်မာန် အလ် ဆုဒိုင်းစ် သည် ဗြိတိန်နိုင်ငံ သို့အလည်ပတ်ရောက်ရှိခဲ့သည်။ ရှိုခ် ဆိုဒိုင်းစ်သည် ဘလက်ဘမ် လန်ကတ်စ်ရှိုင်းယားတွင် ကာတာတော်ဝင်မိသားစု၏ လှုဒါန်းငွေဖြင့်ဆောက်လုပ်နေသော သောင်ဟီဒ်ဒွလ်အစ္စလာမ် ဗလီကြီးတွင် ဗြိတိန်မွတ်စလင်များအား ခွသ်ဗဟ် မိန်ခွန်းပြောကြားခဲ့သည်။

အစ္စလာမ်က လူသားအကျိုးစီးပွါးရဲ့ အကာကွယ်ပါ၊ ဆိုးမှုအထွေထွေကို ဟန့်တားပေးတဲ့ အဟန့်အတားပါ၊ လူမှုအဖွဲအစည်း အားလုးံကို ပေါင်းကုးပေမဲ့ တံတားတစ်စင်းပါ ယနေ့ကမ္ဘာကြီးက အစ္စလာမ်နဲ့ မွတ်စလင်တို့အပေါ်အထင်အမြင်လွဲမှားကာ ကြောက်ရွံနေ မသင့်ပါဘူး အစ္စလာမ်ဟာ ငြိမ်းချမ်းရေး၊ စာနာဂရုဏာ နဲ့ သဘောထားကြီးမှုတွေ ကို ဆောင်ကြဉ်းလာတဲ့ သာသနာဖြစ်သာဖြစ်ပါတယ်ဟု ပြောဆိုခဲ့ သည်

ရှိုခ်ဆိုဒိုင်းစ်သည် အနောက်နိုင်ငံများတွင် လူနည်းစုအဖြစ်နေထိုင်ကြသည့် မွတ်စလင်မျာအား သူ၏ ခါသ်ဗာတွင် အထူးတလည် အလေးထား ပြောကြားသွားသည်။ အနောက်တိုင်းရှိ မွတ်စလင်တို့ဟာ နေထိုင်ရာ နိုင်ငံ ရဲ့ဥပဒေကို လေးစားလိုက်နာရပါမယ် သင်တို့ ဟာနေထိုင်ရာ ပတ်ဝန်းကျင် ကို အပြုသဘောဆောင် တဲ့အခန်းဂဏ္ဍကနေ ရပ်တည် တုန့်ပြန်သင့်ပါတယ် ..လုံခြုံရေးနဲ့ တည်ငြိမ်ရေးကိုထိပါးစေမဲ့ လုပ်ရပ်တွေကို ရှောင်ရှားသင့်ပါတယ် ဟု ပြောဆိုခဲ့သည်။ မတူကွဲပြားသည့်ဘာသာများ နှင့်ပတ်သက်ပြီး လည်းသူကပြောကြားရတွင်
မွတ်စလင်တို့ စံနမူအဖြစ်ထားရှိတဲ့ တမန်တောမြတ် (ဆွ) ကွယ်လွန်သေဆုံးချိန်တွင် ဂျူးတစ်ယောက်ထံတွင် သံချက်ကာအင်္ကျီ ကို
လုံခြုံရေးအတွက် အပ်နှံထားခဲ့ပါတယ် အိမ်နီးနားချင်းဂျူး တွေထံ အလည်ပတ်သွားလေ့ရှိ ခဲ့ပါတယ် ဒီလိုနည်းလမ်းတွေ နဲ့ မွတ်စလင်မဟုတ်သူများ ကို အစ္စလာမ်ရဲ့သတင်းစကားကို တင်ပြသင့်ကြပါတယ်ဟု တိုက်တွန်းသွားခဲ့သည်။

သူကဆက်ပြီး မွတ်စလင်မဟုတ် သူများအကြားတွင် နေထိုင်ကြသည့် မွတ်စလင်များ သည် အစ္စလာမ်သံတမန်များဖြစ်ကြကြောင်း မွတ်စလင်များနှင့် သာမက မွတ်စလင်မဟုတ်သူများအား အစ္စလာမ်စံနှုန်း အပြည်အ၀ဖြင့် ဖတ်လှဲတကင်းဆက်ဆံသွားရမည်ဖြစ်ကြောင်း
သူ၏ ခွသ်ဗာတွင် တိုက်တွန်းသွားသည်။ သောင်ဟီးဒ်ဒွလ် အစ္စလာမ် ဗလီ အုပ်ချုပ်ရေးအကြီးအကဲ ဖြစ်သူ လော့ဒ်အဒမ် ပတေး က
ယနေ့ ၂၁ရာစုတွင် မတ်စ်ဂျိဒ်များ၏ အခန်းကဏ္ဍသည် အလွန် အရေးပါလာကြောင်း ၊ တမန်တော်မြတ် လက်ထက်က မတ်စ်ဂျိဒ်နဗ၀ီ ကဲ့သို့ ယနေ့ မတ်စဂျိဒ်များသည် နာမ်ပိုင်းဆိုင်ရာ ပညာရေးနှင့် လူမှုရေးနယ်ပယ်တို့တွင် ကျယ်ပြန့်စွာအကောင်အထည် ဖေါ် ဆောင်ရွက်ရမှာဖြစ်ကြောင်း ၊ သောင်ဟိးဒ်ဒွလ် အစ္စလာမ်ဗလီကြီးသည် မွတ်စလင်များသာမက အစ္စလာမ်အပေါ် လေ့လားစူးစမ်းလို သည့်မွတ်စလင် မဟုတ်များအတွက်ပါ ဘက်စုံ လေ့လာရေးစံပြဌါနတစ်ခုပေါ်ထွန်းလာရန်ရည်မှန်းထားကြောင်း ယနေ့မတ်စ်ဂျိဒ်များ၏ အခန်းဂဏ္ဍကို အရေးကြီးပုံကို ပြောကြားသွားခဲ့သည်။

mm.netမှကူးသည်

Leave a Reply