6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

မနေ့က ပဲရစ်မှာကျင်းပခဲ့တဲ့ ၂၂ နိုင်ငံပါဝင်တဲ့ ညီလာခံကနေ လစ်ဗျားနိုင်ငံအား စစ်အင်အားဖြင့်အရေးယူရန် ဆုံးဖြတ်ချက်ချမှတ်ခဲ့သည်။ တိုက်လေယဉ် အစီး ၂၀ ပါဝင်တဲ့ ပထမအသုတ် လှုပ်ရှားမှုတွင် Benghazi ၌ ကဒါဖီအင်အားစုများ၏ တင့်ကား ၄စီးအား ပစ်ခတ်ခဲ့သည်။ အမေရိကန် စစ်သင်္ဘောများမှပစ်လွှတ်သော Tomahawk ဒုံးကြည်များဖြင့် လေကြောင်းခုခံမှုများအား ချိန်ရွယ်ခဲ့ကြောင်းသိရသည်။ လစ်ဗျားမှ အစိုးရဆန့်ကျင်သူများက တိုက်ခိုက်မှုများအား ကျေနပ်နှစ်သက်ကြကြောင်း ပြောကြားခဲ့ကြသည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ မီးစိမ်းပြပြီးသည်နှင့် အနောက်နိုင်ငံများက လစ်ဗျားနိုင်ငံအား စစ်ဆင်ရေးကို မနေ့ညက စတင်ခဲ့ကြသည်။ “အာရုဏ်ဦးခရီးရှည်” ဟု အမည်ပေးထားသည့် စစ်ဆင်ရေးကို အမေရိကန်၊ ပြင်သစ်၊ ဗြိသိသျှ၊ အီတလီ နှင့် ကနေဒါနိုင်ငံများက နိုင်ငံ၏ နေရာမျိုးစုံမှတိုက်ခိုက်ရန် စီမံခဲ့ကြသည်။ အမေရိကန်နှင့် ဗြိသိသျှ စစ်သင်္ဘောများ၊ ရေငုပ်သင်္ဘောများဖြင့် မြို့တော် Tripoli  နှင့် Misrata မြို့တဝိုက်တွင် တိုက်လေယာဉ် ၂၀ဖြင့် Tomahauk ဒုံးကြည် ၁၁၀ ပစ်ခတ်ခဲ့ကြသည်။ ပြင်သစ် တိုက်လေယာဉ်များက အတိုက်အခံများ၏ တင့်ကား ၄ စင်းအား ဗဟို Benghazi တွင်ဖျက်ဆီးခဲ့သည်။ Tripoli, Misarata, Benghazi, zuvere နှင့် Sirte မြို့များတွင် ဗုံးမိုးများ ရွာခဲ့သည်။

လစ်ဗျားအစိုးရဆန့်ကျင်သူများက စစ်ဆင်ရေးအား ကျေနပ်နှစ်သက်ကြောင်းနှင့် စစ်ဆင်ရေးအားစတင်သော မဟာမိတ်အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း ဖွင့်ပြောခဲ့သည်။ လစ်ဗျားရုပ်သံမှ ပစ်ခတ်မှုများတွင် ပြည်သူများအား ပစ်မှတ်ထားခဲ့ကြောင်း၊ Tropoli ရှိ ဆေးရုံတစ်ရုံအား ဒုံးကြည်များပစ်ခတ်ခဲ့ကြောင်း ကြေညာခဲ့သည်။ ကဒါဖီက “ကရူးဆိဒ်စစ်ပွဲ” လို့ ပြောခဲ့ပြီး စစ်ဆင်ရေးအားဆန့်ကျင်၍ လစ်ဗျားပြည်သူများအား ပစ်ခတ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ စစ်ဆင်ရေး၏ ဆုံးဖြတ်ချက်အား ပဲရစ်၌ ၂၂ နိုင်ငံပါဝင်သည့် ညီလာခံ၌ ချမှတ်ခဲ့သည်။ ညီလာခံပြီးပြီးချင်း ပြင်သစ်သမ္မတ Nicolas Sarkozy က စစ်ရေးအရေးယူမှု စတင်ပြီဖြစ်ကြောင်းကြေညာခဲ့သည်။

Sarkozy ၏ ကြေညာချက်မတိုင်မီ ၁ နာရီအလျင်ကပင် ပြင်သစ်ဂျက်လေယာဉ်များက လစ်ဗျားလေပိုင်နက်အတွင်းသို့ စဝင်ခဲ့သည်။ ပြင်သစ်နိုင်ငံ Saint-Dizier မြို့မှထွက်ခဲ့သော စောင့်ကြည့်ရေးလေယာဉ်များ ထောက်လှမ်းရေးခရီးစဉ်များ ပျံသန်းစဉ် GMT 18:45 ၌ Benghazi မြို့၏ အနောက်တောင်ဘက်ရှိ ကဒါဖီအင်အားစုများပိုင် တင့်ကားလေးစီးအား ဗုံးကြဲခဲ့သည်။ အမေရိကန်က နောက်တစ်နာရီအကြာမှာ ဝင်ရောက်ခဲ့ပါတယ်။ မြေထဲပင်လယ်ထဲမှာ တည်နေတယ့် စစ်သင်္ဘောတွေနဲ့ ရေငုပ်သင်္ဘောတွေက ပစ်လွှတ်လိုက်တဲ့ Tomahawk ဒုံးကြည် ၁၁၀စင်းက Tropoli နဲ့ Misrata ပတ်ဝန်းကျင်က လေတပ်ခုခံရေးတွေကို ဖျက်ဆီးလိုက်ပါတယ်။

ဘရာဇီးမှာရှိနေတဲ့ အမေရိကန်သမ္မတ Barack Obama က လစ်ဗျားအား အကန့်အသတ်ရှိ စစ်ဆင်ရေးကို အတည်ပြုကြောင်းကြေညာခဲ့သည်။ “စစ်ရေးအရအရေးယူခြင်းဟာ ကျွန်တော်တို့ရဲ့ ပဏာမရွေးချယ်မှုမဟုတ်ပါဘူး” လို့ ပြောခဲ့သူ Obama က “ခေါင်းဆောင်တစ်ဦးက မိမိပြည်သူအား ရက်ရက်စက်စက် အနိုင်ကျင့်နေသူအား ကိုင်တွယ်ရန်တခြားနည်းမရှိတော့”ဟု ပြောဆိုခဲ့သည်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Hillary Clinton က လစ်ဗျားအား စစ်သားတွေ ပို့လွှတ်မှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။ လစ်ဗျားစစ်ဆင်ရေးတွင် ပြင်သစ်၏ Corsica ကျွန်းမှ Solenzara နှင့် အီတလီ၏ Sigonella လေတပ်များက အဓိကဇာတ်ကောင်များဖြစ်နေသည်။

ကဒါဖီက တိုက်ခိုက်မှုများအား ရပ်ဆိုင်းရန် ပစ်မှတ်ဖြစ်နိုင်သောနေရာများအား အရပ်သားများဖြင့် ဖြည့်တင်းနေပါသည်။ လစ်ဗျားခေါင်းတောင်၏ “တိုက်ခိုက်သူတွေရဲ့ အသက်တွေကို ငရဲသို့လွှဲပြောင်းကြစို့” ဟုခြိမ်းခြောက်ရင်း လစ်ဗျားအင်အားစုများအား ပထမလှုပ်ရှားမှုဟာ ဒုံးကြည်ပစ်ခတ်ခြင်းမဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။ လစ်ဗျားနိုင်ငံပိုင်ရုပ်သံကတော့ Tripolis အနီးအနားတွင် ပြင်သစ်လေယာဉ်တစင်းအား ပစ်ချလိုက်ကြောင်း အခိုင်အမာပြောကြားခဲ့သည်။ ဒါပေမယ့် ပဲရစ်ကတော့ လေယာဉ်ပျံအားလုံး ဘေကင်းစွာ ၎င်းတို့၏လေတပ်သို့ရောက်ရှိခဲ့ကြောင်း ကြေညာခဲ့သည်။ ကဒါဖီကတော့ မနေ့က မြေထဲပင်လယ်နှင့် မြောက်အာဖရိကအား စစ်မြေပြင်အဖြစ်ကြေညာရင်း ဆက်လက်စိန်ခေါ်ခဲ့ပါတယ်။

Source: Zaman News

Leave a Reply