6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဖေဖော်ဝါရီလ ၂၃ရက်၊၂၀၁၃
M-Media
သတင်း- ပသီဆောင်းနှင်းမှုံ

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ငြိမ်းချမ်းမူ တည်ဆောက်ရေးကွန်ရက်(Peace Cultivation Network (P.C.N) )၏ စာနယ်ဇင်း ရှင်းလင်းပွဲနှင့် အလှူပေးအပ်ပွဲ အခမ်းအနားကို၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် ဗဟန်းမြို့နယ်၊ရွှေဂုံတိုင်လမ်းရှိ တော်ဝင်နှင်းဆီ ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

P2230194

ထိုပွဲတွင် အခမ်းအနားမှူးအဖြစ် ဦးအုန်းမောင်၊ဦးထွန်းကြည် တို့မှ ဆောင်ရွက်ပြီး သဘာပတိဦးအေးလွင်မှ အဖွင့်အမှာစကားပြောကြားရာတွင် “အကြောင်းမဲ့ အသက်တစ်ချောင်းကို သက်ဖြတ်ခြင်းသည် ရှိရှိသမျှ အသက်ကို သက်ခြင်းမည်သည်။ အသက်တစ်ချောင်းကို ကယ်တင်ခြင်းသည် ရှိရှိသမျှ သတ္တ၀ါတွေရဲ့ အသက်ကို ကယ်တင်ခြင်းမည်သည် ဟု အစ္စလာမ်ဘာသာက ဆုံးမထားပါတယ်။ မြန်မာနိုင်ငံမှာ မိခင်နိုင်ငံအဖြစ် နေထိုင်လာကြတဲ့ နှစ်ပေါင်းတစ်ထောင်ကျော် ကတည်းက ရှိခဲ့ကြတဲ့ ကျွန်တော်တို့ အစ္စလာမ်ဘာသာဝင်တွေဟာ မြန်မာပြည်သည် တို့ပြည်၊ မြန်မာစာသည် တို့စာ ဟုလက်ခံထားကြပါသည်” ကုန်းဘောင်ခေတ်က ထွန်းတောက်ခဲ့တဲ့ စာဆိုတော်တွေ၊ မင်းတုန်းမင်း လက်ထက်၊ ဘိုးတော်ဘုရားလက်ထက် အပါအ၀င် အမျိုးသားကျောင်းဆရာကြီး ဦးရာဇတ်တို့ ဒို့ဗမာ မွတ်စလင်ကြီးများ ခေတ်အဆက်ဆက် သုံးခဲ့ကြတဲ့ တရားဓမ္မ အသုံးအနှန်းများ အကြောာင်းကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။

ငြိမ်းချမ်းမှု တည်ဆောက်ရေးကွန်ရက် ဖွဲ့စည်းဆောင်ရွက်ရခြင်းနှင့် ပတ်သက်၍ ဆရာဦးမြင့်သိန်းမှ “ငြိမ်းချမ်းမှုဆိုတာ လူတစ်ယောက်ချင်းဖြစ်စေ၊ အဖွဲ့အစည်း လိုက်ဖြစ်စေ ကြောက်ရွံ့ဆိုးရိမ်မှုတွေကနေ ကင်းလွတ်သွားတဲ့အခြေအနေကို ငြိမ်းချမ်းမှုဟုခေါ်ပါတယ်။ နတ်ကိုးကွယ်မှု အပါအ၀င် ဘာသာကြီး ၅ခုရှိပါတယ်။ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ မြန်မာနိုင်ငံအတွင်း နေထိုင်ကြပါတယ်။ ကျွန်တော်တို့ ငြိမ်းချမ်းမှု တည်ဆောက်ရေးကွန်ရက်မှာ အဖွဲ့ပေါင်းစုံ၊ ကျွမ်းကျင်တဲ့ ပညာရှင်တွေ၊ အတက်ပညာရှင်တွေ၊ အသိပညာရှင်တွေ အားလုံးပါဝင်ပါတယ်။ ဒီထက်ပိုပြီး ဒီကွန်ရက်ကနေပြီးတော့ မြန်မာနိုင်ငံရဲ့ အကျိုး၊ လူသားတွေရဲ့အကျိုး၊ ဘာသာတရားတွေ တည်ငြိမ်အေးချမ်းစွာနှင့် လွတ်လွတ်လပ်လပ် ၀တ်ပြုနိုင်ရေးအတွက် အခြားအခြားသောကွန်ရက်တွေနဲ့ ပူပေါင်းဆောင်ရွက်နိုင်မှ ကျွန်တော်တို့ အရှိန်ပြင်းထန်စွာနှင့် လိုရာပန်းတိုင်ကို ရောက်မှာဖြစ်ပါတယ်” ဟု ထည့်သွင်းပြောကြားခဲ့သည်။

အလှူငွေ     ပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ “ဗုဒ္ဓဘာသာဝင် မင်းကောင်းမင်းမြတ်တွေ များကိုအောင်းမေ့တသ မိကတည်းက သတိရမိတာကတော့ အသောကမင်းကြီးဟာဆိုရင် တိုင်းနိုင်ငံမှာရှိတဲ့ တိုင်းသူပြည်သား အားလုံးဟာ ငါ့ရဲ့ရင်နှစ်သည်းခြာ သားသမီးများဖြစ်ပါတယ်။ ဗုဒ္ဓဘာသာ အထွန်းကားဆုံး ဖြစ်တဲ့အချိန်မှာ အခြားဘာသာဝင်တွေရဲ့ ကျောင်းကန် ၀တ်ပြုဆောင်တွေကိုလည်း ဆောက်လုပ်ခွင့်ပေးခဲ့ပါတယ်။ ဒီလိုမင်းကောင်းမင်းမြတ်တွေကို သတိရခြင်းအားဖြင့် သံဃာတော် အရှင်သူမြတ်တွေကို အခုလို အလှူပေးရခြင်းဖြစ်ပါတယ်။ ဒုက္ခရောက်နေတဲ့ ညီနှောင်သားခြင်းတွေကိုလည်း အလှူငွေပေးအပ်ခြင်းဖြစ်ပါတယ်။ ဇေယျကျော်ထင် ဗိုလ်မှူးကြီးဘရှင် ပြောခဲ့တဲ့ စကားနဲ့ နိဂုံးချုပ်စကားပြောရမယ်ဆိုရင် အစ္စလာမ်သာသနာသည် ရှေးကတည်းက ရှိခဲ့ပြီး ဗုဒ္ဓဘာသာဝင်၊ အစ္စလာမ်ဘာသာဝင်နှင့် အခြားဘာသာဝင် နိုင်ငံသားတို့အား ဤနက်နဲကျယ်ပြန့်သော မေတ္တာ၊ ဂရုဏာ တရားတို့ကပင် အပြန်အလှန် ချည်နှောင်ပေးထား သဖြင့် နိုင်ငံသားတို့သည် ဘာသာတွေမတူကြလင့် တိုင်အောင် အချင်းချင်း ထောက်ထားစာနာမှုဖြင့် ချစ်ခင်မှုတို့ကို မွေးမြူကျင့်သုံးနိုင်ခဲ့ကြကာ  တိုင်းပြည်တာဝန်ကို ထမ်းဆောင်လာနိုင်ခဲ့ခြင်းဖြစ်ပါကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

P2230196

၎င်းနောက် စာနယ်ဇင်းများမှ သိလိုသည်များကို မေးမြန်းပြီး တာဝန်ရှိသူများ ဖြစ်ကြသော ဦးအုန်းမောင်၊ ဦးအေးလွင်၊ ဦးမြင့်သိန်း၊ ဦးခင်မောင်ချို၊ ဦးထွန်းကြည်တို့မှ သိလိုသည့်အချက်များကို ပြန်လည်ဖြေကြားပေးခဲ့သည်။ ပြီးနောက် အလှူငွေများနှင့် လှူဘွယ်ဝတ္ထု ပစ္စည်းများကို တရားဥပဒေ စိုးမိုးရေးနှင့် တည်အေးချမ်းရေးအတွက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်လျှက်ရှိသော ဘုန်းတော်ကြီး ကျောင်းတိုက်များနှင့် သံဃာတော်များအား ဆပ်ကပ်လှူဒါန်းခြင်း၊ ရခိုင်ပြည်နယ် ဘေးဒုက္ခခံစားကြရသော ရခိုင်လူမျိုးများ အတွက် လှူဒါန်းခြင်း၊ ရခိုင်ပြည်နယ် ဘေးဒုက္ခခံစားကြရသော အစ္စလာမ်ဘာသာဝင်များအတွက် လှူဒါန်းခြင်း၊ ကချင်ဒေသ ဘေးဒုက္ခခံစားနေကြရသော ပြည်သူများအတွက် အလှူငွေများ ပေးအပ်ခဲ့သည်။

P2230263

ငြိမ်းချမ်းရေးလိုလားသော ဒီမိုကရေစီ ဘက်တော်သားများ ကိုယ်စား မုဒိတာ မေတ္တာစကားများ ပြောကြားရာတွင် ရွှေတိမ်ဓမ္မသိင်္ဂီကျာင်းတိုက်မှ ဆရာတော်ဦးစန္ဒိမာမှ “ချီးမြှောက် ထောက်ပံ့တဲ့အနေနဲ့ ဆရာတော် သံဃာတော်များကို သူတို့ရဲ့ချွေးနည်းစာထဲက တတ်နိုင်သမျှ လှူဒါန်းတဲ့အတွက် သံဃာတော်များကိုယ်စား ၀မ်းမြောက်ဂုဏ်ယူကြောင်း ပဏမပြောလိုပါတယ်။တိုင်းပြည်မှာ ပြည်သူတွေအတွက် လိုအပ်တဲ့ ပြောင်းလဲမူတွေရရှိဖို့အတွက် အခုလို ကွန်ရက်တွေ အသီးသီး၊အဖွဲ့အစည်းတွေ အသီးသီး၊တနိုင်တပိုင် တတ်စွမ်းသမျှ အားလုံးပူးပေါင်းပြီး ခုလိုဆောင်ရွက်ကြဖို့ လိုအပ်ပါတယ်။ဒီကနေ့ တိုင်းပြည်မှာ ဖြစ်ပျက်နေတဲ့ ပဋိပက္ခ တွေဟာ ဘက်တစ်ဘက်ရဲ့ လှုံဆော်မူတွေကြောင့် ဖြစ်နေတာလား ဆိုတာ စဉ်းစားရမှာဖြစ်တယ်။ ဒီကနေ့ တိုင်းပြည်မှာ ပြည်တွင်းငြိမ်းချမ်းရေး ခုထိ တည်ဆောက်လို့ မရသေးဘူး။ ဘာသာရေး၊လူမျိုးရေး အဓိကရုဏ်းတွေ ဒီနေ့ထိ ဖြစ်နေပါသေးတယ်။အမှန်ဆို ဒီဟာတွေဟာ တကယ့်လက်တွေ့မှာ မဖြစ်သင့်တော့ပါဘူး။ဒါတွေ မဖြစ်ဖို့အတွက် အားလုံး ဒီဖြစ်စဉ်တွေကို သတိထားရှောင်ရှားကြဖို့ ဦးဇင်းအနေနဲ့ ပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်” ဟုထည့်သွင်းပြောကြားခဲ့သည်။ဆက်လက်၍ ရွှေတောင်ကျောင်းတိုက်ဆရာတော်၊ ဓမ္မပီယကျောင်းတိုက်ဆရာတော်၊ ကချင်ကက်သလစ် အသင်းတော် ကျောင်းတိုင်ဘုန်းကြီး၊ ၀ါရင့်နိုင်ငံရေးသမား ဦးသာဘန်း၊ ရွှေမင်းသား ဖောင်ဒေရှင်းဥက္ကဌ တို့မှ မုဒိတာ စကားအသီးသီး မြွတ်ကြားခဲ့ကြောင်း သိရသည်။

အခမ်းအနားကို ညနေ၃နာရီတွင် စတင်ခဲ့ပြီး သဘာပတိမှ ကျေးဇူးတင်ကြောင်းပြောပြီး အခမ်းအနားကို ညနေ ၆နာရီခန့်တွင် ရုပ်သိမ်းခဲ့ကြောင်းသတင်းရရှိသည်။

ငြိမ်းချမ်းမူ တည်ဆောက်ရေးကွန်ရက်(Peace Cultivation Network (P.C.N) )၏ ရည်ရွယ်ချက်များမှာ

(၁)     ပြည်ထောင်စု မြန်မာနိုင်ငံသားများ၏ စွမ်းရည်တည်ဆောက်မှု (Capacity Building)၊ ပညာရေး နှင့် ဘဝနေထိုင်မှု အဆင့်အတန်းမြှင့်တင်ပေးရန်
(၂)     ပြည်ထောင်စုဖွားအချင်းချင်းချစ်ကြည်ရင်းနှီးသောဆက်ဆံမှုများတည်ဆောက်ရန်
(၃)     တရားဥပဒေ စိုးမိုးရေး။ တည်ငြိမ်အေးချမ်းရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် တက်ကြွစွာ   ပါဝင်ဆောင်ရွက်ရန်
(၄)     ရည်ရွယ်ချက်တူ အခြား အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန်

တိုဖြစ်ကြပြီး

 လုပ်ငန်းစဉ်များအနေဖြင့်

(က) လူမှုစီးပွားရေး (Social Economic)

(၁)     ဒီမိုကရေစီ နှင့် လူ့အခွင့်အရေး ဖော်ဆောင်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်း
(၂)     ပြည်ထောင်စုအတွင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ရေး ဆောင်ရွက်ခြင်း
(၃)     တရားဥပဒေစိုးမိုးရေး လုပ်ငန်းများတွင် ပါဝင်ကူညီဆောင်ရွက်ခြင်း
(၄)     လူမှု အကျိုးစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ခြင်း

–         ကလေးသူငယ်၊ မိဘမဲ့၊ လူငယ်၊ အမျိုးသမီး၊ သက်ကြီးရွယ်အိုများပြုစု ပျိုးထောင် စောင့်ရှောက်ရေး ကဏ္ဍ။

–         နာရေး ကူညီမှု၊ ဆေးရုံ၊ ဆေးခန်း စသည့် ကျန်းမာရေး ဆိုင်ရာကဏ္ဍ

–         အစာအာဟာရ ဘေးဥပါဒ် အန္တရာယ် ကင်းရှင်းရေး ကဏ္ဍ (Food Safety)

–         အလှူဒါနများ စနစ်တကျ စီမံခန့်ခွဲရေးနှင့် ဆင်းရဲ နွမ်းပါးမှု တိုက်ဖျက်ရေးကဏ္ဍ

(ခ)    လူ့အခွင့်အရေး (Human Rights)

(၁)     ၂၀၁၄ခုနှစ် သန်းကောင်စာရင်းကောက်ယူရာတွင် ပြန်တမ်းဝင် လူမျိုးစုအမည်တစ်ခု တစ်ညီတစ်ညွတ် တည်းဖြစ်စေရေး

(၂)     ဒေသအသီးသီးတွင် လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ ပါဝင်သော ငြိမ်းချမ်းမှုထိန်းသိမ်းရေး (သို့မဟုတ်) ပဋိပက္ခများ ဟန့်တားဖြေရှင်းရေး အစီအစဉ် များပေါ်ပေါက်ရေး

(၃)     ဘေးဒဏ်သင့် ဒေသများတွင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများပါဝင်ဆောင်ရွက်ရေး

(၄)     လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ ရှင်သန်စေရေး

(ဂ)    သတင်းနှင့် ပြန်ကြားရေး (Information and Media)

(၁)     ဖြစ်ရပ်မှန်ကိုသာ ဘက်မလိုက်စိစစ် ဖော်ပြနိုင်သော Media များပေါ်ပေါက်ရေး

(၂)     စာနယ်ဇင်း၊ ကွန်ပြူတာနှင့် နည်းပညာကျွမ်းကျင်ပညာရှင်များလေ့ကျင့် မွေးထုတ်ရေး

(၃)     ဒေသတိုင်းတွင် စာကြည့်တိုက်များ ပေါ်ထွန်းရေး

(ဃ)   ပညာရေး (Education)

(၁)     လူတိုင်းပညာသင်ကြားနိုင်ရေးနှင့် ထူးချွန် ကျောင်းသား/ သူများအား ပညာသင် စရိတ် ထောက်ပံ့ရေး

(၂)     အလုပ်အကိုင် အခွင့်အလမ်းများ ရှာဖွေ ဖော်ထုတ်၍ အလုပ်အကိုင် ရရှိရေး

(၃)     ရည်ရွယ်ချက် လုပ်ငန်းစဉ်များ ရှင်သန်တိုးတက် အောင်မြင်၍ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေး အတွက် အလုပ်ရုံ ဆွေးနွေးပွဲ (Workshop) များစီမံ ပြုလုပ်ပေးရေး တို့ကို ဆောင်ရွက်နိုင်ရန် ချမှတ်ထားကြောင်းသိရှိရပါသည်။

 

Leave a Reply