မတ်လ ၂ရက်၊ ၂၀၁၃
M-Media

ဟိန္ဒူဘာသာဝင်များရဲ့ ဒေပါဝါလီနေ့ အခမ်းအနားတွင် ဦးဇင်းဂျောင်းဂျောင်းအား ဟိန္ဒူခေါင်းဆောင်များနှင့် အတူတွေ့ရစဉ်
Photo Credit- Ashin Issariya FB
ယနေ့ဖြစ်ပေါ်နေတဲ့ မငြိမ်မသက်မှုတွေ နဲ့ပတ်သက်ပြီး ဆရာတော်ဦးက္ကုဿရိယ (ဦးဇင်း ဂျောင်းဂျောင်း) ရဲ့အမြင်ကို M-Media မှ သွားရောက်မေးမြန်း လျှောက်ထား ခဲ့ပါတယ်။
“ဒီကိစ္စတွေ ဖြစ်ပေါ်လာတာဟာ တရားဥပဒေစိုးမိုးမှု မရှိသေးလို့ဖြစ်တယ်။ အခုချိန်မှာ မှားတဲ့လူအပေါ်လည်း အရေးမယူနိုင်သေးဘူး။ ဒီကနေ့ မွတ်စလင်တွေကို လုပ်တာမပြောနဲ့ ဧရာဝတီတိုင်း မအူပင်မြို့ နယ် မလက်တိုကျေးရွာမှာ လက်နက်ကိုင်တပ်ဖွဲ့တွေကိုတောင် ဆူပူအကြမ်းဖက်သူတွေက ပြန်လုပ်နေတဲ့ အနေထားမှာရှိတယ်။ တရားဥပဒေစိုးမိုးရေး တာဝန်ကိုယူထားတဲ့ရဲကို လုပ်သွားတဲ့လူတွေကိုတောင် အခုထိ အရေးမယူသေးပါဘူး။ မြန်မာတိုင်းရင်းသား လူမျိုးအချင်းချင်း အခုလိုဖြစ်နေတာတွေကိုလည်း ဒီတိုင်းကြည့်နေတာလို့ မြင်ပါတယ်။
အခြားနိုင်ငံတွေမှာ ဒီလိုလုပ်လို့ရလား၊ ဟိုလိုလုပ်လို့ရလားလို့ မပြောပါနဲ့ ဒီနိုင်ငံက ဘာသာပေါင်းစုံ မှီတင်းနေထိုင်တဲ့ နိုင်ငံပါ။ တရားဥပဒေတွေရှိပြီး အကောင်အထည်ဖော် ဆောင်ရွက်ခြင်း နည်းတာကိုတွေ့ရတယ်။ ဆူပူမှုတွေမှာ ပါဝင်တဲ့ သံဃာတော် အနည်းစုဟာ အတုတွေလား အစစ်လား ဆိုတာပြောရခက်ပါတယ်။ ဦးဇင်း အနေနဲ့ ပြောချင်တာ တစ်ခုကတော့ ဆူပူအုံကြွမှုတွေကို အရေးယူတာမျိုး မလုပ်ဘူးဆိုရင် တစ တစ နိုင်ငံနဲ့ တစ်ဝှမ်း ရောင့်တက်လာပြီး ဆူပူအုံကြွမှုတွေ ဖြစ်လာနိုင်ပါတယ်။ ၈၈ တုန်းကလို မလွှဲရှောင်သာလို့ အာဏာပြန်လည် လွှဲပြောင်းရယူလိုက်ရပါတယ် ဆိုပြီး အခုလက်ရှိ အရပ်သားအစိုးရကနေ စစ်တပ်က အာဏာရယူပြီး နောက်ကြောင်းပြန်လှည့် သွားမယ်ဆိုရင် တိုင်းပြည်အတွက် ဘယ်လောက် နှစ်နာလိုက်မလဲ ဆိုတာကို အားလုံးစဉ်းစားကြဖို့ လိုပါတယ်” ဟု M-Media သို့ပြောကြားခဲ့သည်။
Comments