6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဧပြီလ ၁၉၊၂၀၁၃
M-Media
ဆက်သွယ်မေးမြန်းသူ – ဆူးထက်

မန္တလေးတိုင်း ဝန်ကြီးချူပ်၏ အစ္စလာမ်ဘာသာရေး ခေါင်းဆောင်များအား ကျိန်းမောင်း ပြောဆိုမှု့အပေါ် ဝါရင့် ရှေ့နေကြီး ဦးသန်းတင်ရဲ့ ပြောကြားချက်

မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးရဲမြင့်မှ မန္တလေးမြို့မှ အစ္စလာမ် ဘာသာရေးအဖွဲ့ ခေါင်းဆောင်များကို ၂၀၁၃ ခုနှစ်၊ ဧပြီ ၁၂ ရက်တွင်  တွေ့ဆုံစဉ် တဖက်သတ်ကျိန်းမောင်း ပြစ်တင်ပြောဆို မှုနှင့် ပတ်သက်ပြီး ဝါရင့် ရှေ့နေကြီး ဦးသန်းတင်၏ အမြင်ကို သိလိုသဖြင့် M-Media မှ သွားရောက်တွေ့ဆုံ မေးမြန်းခဲ့ပါသည်။
ထိုသို့ တွေ့ဆုံရာတွင် ရှေ့နေ့ကြီး ဦးသန်းတင်မှ……

” မန္တလေးတိုင်း ၀န်ကြီးချုပ် တစ်ယောက် အနေနဲ့ ဘာသာပေါင်းစုံ ချစ်ကြည်ရေးအတွက် ရန်ကုန်ကနေ သွားတဲ့ သူတွေကိုရော၊ မန်းလေးက ဘာသာရေး ခေါင်းဆောင်တွေကိုပါ ရင်ဘတ်ကို ဖနောင့်နဲ့ ဆောင့်ကန်လိုက် သလို ကျိန်းဝါးသလို ကျိန်းဝါ၊ ချိန်းခြောက် သလို ချိန်းခြောက်တဲ့ သဘောမျိုး ဖြစ်နေတယ်။

အဲဒီ ၀န်ကြီးချုပ် ခေါ်လို့ သွားတဲ့ သူတွေက အညတရတွေ မဟုတ်ပါဘူး၊ သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီးရဲ့ တာဝန်ရှိသူတွေ၊ စေတနာ့ ၀န်ထမ်း အဖြစ် ဆောင်ရွက်နေတဲ့သူတွေကို ဒီလို စော်ကားတာဟာ လူသတ်ဝါဒကို အားပေးတဲ့ သဘောဖြစ်သွားတယ်၊ ဒါဟာ အပြည်ပြည်ဆိုင်ရာ ဥပဒေကို ဆန့်ကျင်ရာ ရောက်တယ်၊ ဒုက္ခသည်တွေ အားလုံးကို လုံခြုံမူ အပြည့်အ၀ ပေးပြီး ကိုယ့်အိမ် ကိုယ့်ယာကို ပြန်သွားခွင့်၊ နေခွင့် ပေးသင့်ပါတယ်။

အစ္စလာမ်ဘာသာဝင် လူမျိုးတွေနဲ့ အစ္စလာမ်ဘာသာဝင်တို့ ပိုင်ဆိုင်တဲ့ ပစ္စည်းတွေကို ပျက်ဆီးအောင် လုပ်တဲ့ ကိစ္စမှာ ဖြစ်သွားတာက သူတို့တိုင်းပြည် သူတို့လူမျိုးတွေက မတရား လုပ်တာတွေပဲ ကမ္ဘာမှာ ပေါ်သွားတယ်။

၉၆၉ အမည်ခံပြီး အစ္စလာမ်ဘာသာကို မတရားသဖြင့် ဟောကြားနေသူတွေဟာ ဥပဒေကြောင်းအရ ၄၉၀၊၄၉၉ နဲ့ငြိတယ်၊ ဘာသာ သာသနာကို စိတ်ငြိုငြင်အောင် လုပ်တယ်ဆိုတဲ့ ဥပဒေနဲ့ ဟောတဲ့သူ၊ ပြောတဲ့သူ ဘယ်ပုဂ္ဂိုလ်မဆို အရေးယူရမှာ ဖြစ်တယ်။

ဒါပေမယ့် ဒီကနေ့ ဖြစ်နေတာတွေက အဲလိုလူမျိုးတွေကိုတော့ အရေးမယူဘဲ၊ မပြောဘဲ နိုင်ငံတော်အတွက်၊ စည်းလုံးညီညွှတ်ရေး အတွက်၊ ချစ်ကြည်ရေး အတွက် အလုပ်လုပ်နေတဲ့ သူတွေကြတော့ ၀န်ကြီးက စော်ကားတယ်။

ရခိုင်ပြည်က ရိုဟင်ဂျာ တိုင်ရင်းသားတွေနဲ့ ပတ်သပ်ပြီး ကျွန်တော် ဖြတ်သန်းခဲ့တဲ့ သမိုင်းနဲ့ချီပြီး ပြောရရင် ဦးနေ၀င်းပြီးရင် ဗိုလ်ချုပ်အောင်ကြီးပဲ ရှိတော့တဲ့ အချိန်တုန်းက ဗိုလ်ချုပ် အောင်ကြီးက ဘာပြောခဲ့ သလဲဆိုရင် “ရိုဟင်ဂျာတွေက တိုင်းရင်းသားတွေပဲ” တဲ့။ ရိုဟင်ဂျာ တိုင်းရင်းသားတွေဟာ ဘိုးစဉ် ဘောင်ဆက် အကြာကြီး တိုင်းရင်းသားတွေ အဖြစ်နဲ့နေခဲ့တယ်၊ မဲတွေရွေးခဲ့တယ်၊ အခုကြမှ ရိုဟင်ဂျာ တိုင်းရင်းသားတွေကို စီမံကိန်းချပြီး မျိုးပြုတ်အောင် လုပ်နေတယ်၊ ဗုဒ္ဓဘာသာဝင်တွေက မွတ်စလင်ဘာသာဝင်တွေအပေါ် မုန်းတီးအောင် ပြုလုပ်နေတယ်။

မိထ္တီလာမှာ စတင်ဖြစ်ပွားခဲ့တဲ့ ရွှေဆိုင် ပိုင်ရှင်တွေဟာ ဥပဒေကြောင်းအရ ဘာမှ အရေးယူ စရာမလိုတဲ့ သူတွေပါ၊ အမှန်တကယ် အရေးယူ ရမယ့်သူတွေ ဖြစ်တဲ့ အကြမ်းဖက်သူတွေကို အမြန်ဆုံး ဖော်ထုတ်ပြီး ဥပဒေ အရအရေးယူရမှာ ဖြစ်ပါတယ်။

ကျွန်တော် အမျိုးသားရေး ကိစ္စများကို လွတ်လပ်ရေး ကြိုးပမ်းစဉ် ကာလ တစ်လျှောက် သရက်မြို့မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ လုပ်ဖော်ကိုင်ဖက် အဖြစ် ပါဝင်ဆောင်ရွက်ခဲ့တဲ့ တော်လှန်ရေး သမားတစ်ယောက် ဖြစ်သည့် အားလျော်စွာ တိုင်းပြည်အတွက်  မြန်မာမွတ်စလင်ရေး အတွက် ဆောင်ရွက်စရာ ရှိသည့် ကိစ္စများကို ယခင်ကလည်း ဆောင်ရွက်ခဲ့သလို ယခု အသက်၉၀ ကျော်သည့်တိုင်အောင်လည်း ဆက်လက် လုပ်ဆောင်သွားမည်ဟု သန္နိဌါန်ချထားပါတယ် ခင်ဗျား ” ဟု M-Media သို့ ပြောသည်။

ဆက်စပ်သတင်းဖတ်ရန်။

 

Leave a Reply