6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဧပြီ-၂၀-၂၀၁၃
M-Media
သတင်း- ကျောက်ခဲ

taung Gyi

ပြီးခဲ့သည့် သင်္ကြန် အတက်နေ့ တွင် တောင်ကြီးမြို့ ရှိ အစိုးရ မဏ္ဍပ်တစ်ခုဖြစ်သော ဗဟိုရ်မဏ္ဍပ်တွင် မွတ်စလင် ဆန့် ကျင်ရေးတရားများပါဝင်သည့် ၉၆၉ တရားခွေနှင့်စာများကို လက်သိပ်ထိုးပုံစံမျိုးနဲ့ လူလေးငါးယောက်က ဝေသွားသည်ဟု လက်ဝယ်ရရှိခဲ့သူတစ်ဦးက M-Media သို့ ပြောပါသည်။

ယင်းဗဟိုရ်မဏ္ဍပ်သည် မြို့ မဈေးကြီးနှင့် ကပ်လျက်ရှိတည်ရှိပြီး သင်္ကြန် အပြီးမြို့ မဈေးအတွင်း ရှိဆိုင်အချို့ တွင်လည်း ယင်း တရားခွေများ လာပေးသည်ကို မြင်တွေ့ ခဲ့ရကြောင်း မျက်မြင်တစ်ဦးက ပြောပါသည်။

” ဒီသင်္ကြန်မတိုင်ခင်ကပေါ့၊ ဟိုမိတ္ထီလာအရေးအခင်းလည်း မဖြစ်သေးတဲ့ အချိန်က သီလရှင်တစ်ပါးက ဆိုင်မှာ အခွေလာရောင်းတယ်။ သူကဆိုင်ထဲမ၀င်ခင် ဗုဒ္ဓဘာသာ ဆိုင်လားလို့ အရင်မေးတယ်။ ဟုတ်တယ် ဆိုတော့မှ ခွေကိုပြပြီး ဒါက အမျိုး၊ ဘာသာအတွက်
ဟောထားတဲ့ အခွေပါ။ အရမ်းကောင်းပါတယ်။ မော်လမြိုင်ဘက်မှာ အရမ်းပေါက်တယ်။ အားပေးပါအုန်း ” လို့ ဆိုတယ်ဗျာ။ ကျွန်တော်တို့ ကလည်း ဈေးရောင်းက ရှုပ်နေချိန် ပြီးတော့ သိပ်လည်း စိတ်မ၀င်စားတာနဲ့ မ၀ယ်ဖြစ်ခဲ့ဘူး။ အဲဒီမှာ သီလရှင်က မ၀ယ်ရ ကောင်းလားဆိုပြီးတော့ ကျွန်တော်တို့ ကိုတောင် သိပ်မကြည် မလင်ဖြစ်သွားခဲ့သေးတယ်လို့ ” ဗုဒ္ဓဘာသာ ၀င်တစ်ဦးက M-Media သို့ ပြောပြပါသည်။

Tags: ,

Leave a Reply