6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

မေလ ၇၊  ၂၀၁၃
M-Media
တွေ့ဆုံ မေးမြန်းသူ – ဆူးထက်

လက်ရှိဖြစ်ပေါ်နေတဲ့ အကြမ်းဖက် မီးရှို့ သတ်ဖြတ်မှုများနှင့် ပတ်သတ်ပြီး တရားဥပေဒရှုထောင့်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ကိုင်တွယ် ဆောင်ရွက်နေမှုများအား ဥပေဒေပညာရှင်တဦးဖြစ်တဲ့ တရားလွှတ်တော် ရှေ့နေကြီး ဦးကိုနီနှင့် တွေ့ဆုံမေးမြန်းချက် အပိုင်း(၂) ဖြစ်ပါသည်။

တရားလွှတ်တော် ရှေ့နေကြီး ဦးကိုနီနှင့် တွေ့ဆုံမေးမြန်းချက် အပိုင်း(၁) ဖတ်လိုလျင်

dsc_0477-copy

“ ဖြစ်ပြီးသွားပြီ အရေးယူဖို့ ပျက်ကွက်ခဲ့တယ် ဆိုရင်လည်း ထားလိုက်ပါ။ အခြေအနေအရ အမိန့်မရလို့ပဲ ဖြစ်ဖြစ် အမှန်တော့ ဥပဒေအရ ပြောရရင် အမိန့်မလိုဘူး၊ လူတစ်ယောက်က လူတစ်ယောက်ကို သတ်မလို လုပ်နေတာကို အထက်အရာရှိဆီ ကျွန်တော်ဒီမှာ ကာကွယ်ရမှာပါလားလို့ မေးနေတာနဲ့ ဟိုမှာ သေပြီ၊ အိမ်တစ်အိမ်ကို မီးရှို့တော့မယ် မီးကွင်းပစ်တော့မယ် မီးရှို့တော့မယ်၊ ဒီလူ့ကို ပစ်သတ်လိုက်ရမလား၊ ဖမ်းလိုက်ရမလား လို့ ကျွန်တော်ကို တစ်ခုခု အမိန့်ပေးပါလို့ ပြောနေစရာ မလိုဘူး၊ ဒါတွေက အမိန့်ခံစရာ မလိုဘူး၊ ဟေ့ မပစ်နဲ့ မင်းမီးကွင်း အောက်ချလိုက်၊ မဟုတ်ရင် ငါပစ်ချလိုက်မယ်၊ ဆက်ပြီး လုပ်မယ်ဆိုရင် ပစ်ချလိုက်ရမယ်၊ ခြေထောက်ပစ်၊ လက်ပစ် တစ်နေရာ ပစ်ပေါ့၊ ဥပဒေကတော့ သေသည်အထိ လုပ်လို့ရတယ် လို့ပြောတယ်၊ မလုပ်ပါနဲ့၊ သေစေချင်လို့ ပြောနေတာ မဟုတ်ပါဘူး၊ မဖြစ်အောင် တားဆီးစေချင်လို့ ပြောနေတာပါ။ အကြောင်းကြောင်း ကြောင့် တာဆီးကာကွယ်ဖို့ အပိုင်းမှာ ပျက်ကွက်ခဲ့တယ် ဆိုရင်လည်း ဖြစ်ပြီးတာနဲ့ အရေးအခင်းပြီးတာနဲ့ မြန်နိုင်သမျှ အမြန်ဆုံး အပြစ်ကျူးလွန်တဲ့ တရားခံတွေကို ဖမ်းဆီးပြီးတော့ ချုပ်နှောင်ထားမယ်၊ ချက်ချင်းအမြန်ဆုံး တရားရုံးကို တရားစွဲတင်မယ်၊ အမှုစစ်မယ်၊ ထိုက်သင့်တဲ့ ပြစ်ဒဏ်တွေ ပေးမယ်၊ သေဒဏ်တန်ရင် သေဒဏ်ပေးမယ်၊ ကျွန်းဒဏ် တန်ရင် ကျွန်းဒဏ်ပေးမယ်၊ ထောင်ဒဏ်ထိုက်သင့်တဲ့ သူကို ထောင်ဒဏ်ပေးမယ် စသဖြင့် အဲဒီလို ထိထိ ရောက်ရောက် အရေးယူတာ မရှိဘူး။

ခုနက ကြိုတင် ကာကွယ်တဲ့ အပိုင်းမှာ ပျက်ကွက်ခဲ့သလို ပြဿနာဖြစ်ပြီးတဲ့ နောက်ပိုင်းမှာ ဖြစ်နိုင်တာနဲ့ တပြိုင်နက် ပြစ်မူကျူးလွန်တဲ့ သူတွေကို ဖမ်းရမယ်။ အချုပ်ထဲ ထည့်ရမယ်။ ပြီးတော့ လိုအပ်သလို စုံစမ်းစစ်ဆေး တရားစွဲဆိုတာတွေ လုပ်ရမယ်။ အဲလိုတွေ မလုပ်တဲ့ အတွက် ဒီကိစ္စတွေဟာ ရက်နဲ့ ချီပြီး နောက်တစ်ရက် နောက်တစ်နေရာ  နောက်တစ်ရက် နောက် တစ်နေရာ ဖြစ်လာတာ ပဲခူးတိုင်း အနောက်ပိုင်း တော်တော်နေရာ ဝေးဝေးထိ ပျံနှံသွားတယ်။ အဲဒါ ဘာကြောင့်တုန်းဆိုရင် မဖြစ်အောင် ကြိုတင်ကာကွယ်တဲ့ အပိုင်းလည်း ပျက်ကွက်တယ်။ ဖြစ်ပြီးတဲ့နောက် ပြစ်မူကျူးလွန်တဲ့ သူတွေကို ထိထိရောက်ရောက် အရေးယူတဲ့ အပိုင်းမှာလည်း ပျက်ကွက်တယ်။ အဲလို ပျက်ကွက်တဲ့ အတွက် အကြမ်းဖက်သမားတွေရဲ့စိတ်ထဲမှာ ဘယ်လို ထင်လာသလဲ ဆိုရင် ဒီကိစ္စက လုပ်လို့ရတယ်။ အရေးကြီးတာက ဗုဒ္ဓဘာသာကို မလုပ်နဲ့၊ ဘုန်းကြီးကျောင်းတွေကို မလုပ်နဲ့၊ မွတ်စလင် ဆိုရင်၊ မွတ်စလင် ပိုင်တဲ့ ဟာဆိုလုပ် အဲဒါဆိုရတယ်။ အရေးမယူဘူး။ အစိုးရက ခွင့်လွှတ်မယ်။ ဒီလိုမျိုး အဓိပ္ပါယ်ကောက်လွဲ သွားတယ်။

အရေးမယူတဲ့ အခါကြတော့ လူတွေက မကြောက်တော့ဘူး၊ မကြောက်တော့တဲ့ အပြင် သူတို့လုပ်လို့ရတယ်။ လုပ်ခွင့် ရှိတယ်လို့ အယူမှား အမှတ်မှားပြီးတော့ ဆက်ပြီးတော့ ဒီပြစ်မူတွေကို ကျူးလွန်ဖို့ ၀န်မလေးဘူး။ အခုချိန်ထိလည်း ဟိုနားဆွလိုက် ဒီနားဆွလိုက် ပြဿနာ ဖြစ်အောင် ဖန်တီးချင်တဲ့ သူတွေရှိနေတာ တွေ့နေရသေးတယ်။ တကယ်လို့များ သက်ဆိုင်ရာ တရားစွဲ အဖွဲ့အစည်း အုပ်ချုပ်ရေးဌါနတို့က နေပြီးတော့ ဒီတရားခံတွေကို လိုအပ်သလို အရေးယူသွားမယ်ဆိုရင် မိထ္တီလာ ကိစ္စဆိုရင် အစအဆုံး ဗွီဒီယို အခွေတွေကို ရှိတယ်။ ရိုက်ထားတဲ့ သူတွေလည်း အများကြီးပဲ။ ဓါးနဲ့ခုတ်သတ်နေတဲ့ပုံတွေ အွန်လိုင်းမှာ တက်လာတယ် အဲဒါကို ပုံကြီးချဲ့ကြည့်လိုက် ဒါဘယ်သူ ဆိုတာ တန်းခနဲသိတယ်။ အိမ်မီးရှို့နေတဲ့ သူတွေ  ဗလီမီးရှို့နေတဲ့သူတွေ မြင်နေတာပဲ သေချာကို မြင်နေရတယ် ဓာတ်ပုံတွေ ရိုက်ထားကြတာ  ဆိုတော့ ဒီမှာ သက်သေအထောက်အထား ခိုင်ခိုင်လုံလုံကို ရှိနေတယ်၊ ငြင်းလို့ကို မရဘူး၊ ငြင်းချင်ရင် သူ့ပုံ သူပြန်ပြလိုက် ဒါမင်းပုံ မဟုတ်ဘူးလား၊ ဒါမင်းလုပ်နေတာ မဟုတ်ဘူးလားလို့ မေးလို့ရတယ်။ အဲဒီတော့ အရေးယူနိုင်တဲ့ အထောက်အထား ခိုင်ခိုင်လုံလုံ ရှိပါလျှက်နဲ့ အရေးမယူသေးဘူး။

အဲဒီမှာ နောက်ထပ် ဘာထပ်လွဲလာလဲဆိုတော့ မိထ္တီလာရွှေဆိုင်မှာ ဖြစ်တဲ့ ကိစ္စမှာ ရွှေဆိုင်ပိုင်ရှင် မှားတယ် ဆိုရင်တောင် ရွှေဆိုင်ပိုင်ရှင်ကို ဖမ်းသွားပြီးပြီ ရဲက၊ ဒီနောက်မှာ သူ့ ဆိုင် အဖျက်ခံရတယ်၊ သူ့ပစ္စည်း အားလုံး အလုခံလိုက်ရတယ်၊ တစ်ဆိုင်လုံး ဘာမှ မရှိတော့ဘူး၊ အဲဒီ့လူတွေကို ဖမ်းတာ ဆီးတာ အရေးယူတာ ခုထိ မကြားရသေးဘူး၊ ဖမ်းထားတဲ့ လူ၅၀ကျော်လို့ ပြောတာပေါ့ ဒီထဲမှာ အဲဒီလူ ပါ မပါလည်း မသိသေးဘူး၊ အဲဒါဟာ ရဲတွေရှေ့မှာ ဖြစ်တဲ့ အတွက် အကောင်းဆုံး သက်သေရှိပြီးသား၊ အဲဒီ့ အမှုကို  မြန်မြန်တရားစွဲ တင်လိုက်လို့ရှိရင် ဘာဖြစ်မလဲ ဘယ်သူကို နစ်နာမှာလဲ ဒါပေမယ့် အဲဒီ့ ကိစ္စမလုပ်ဘဲနဲ့ ရွှေဆိုင်ပိုင်ရှင်ကို ထောင်(၁၄)နှစ် ချလိုက်တယ်၊ ပုဒ်မ (၃)ခုနဲ့၊ အဲဒီ့ ပုဒ်မ ၃ခုကို ဆရာတို့ စဉ်းစားတဲ့ အခါကြတော့ ၃၈၂ ဆိုတာ ခိုးမူ ပါ၊ ၃၈၂ နဲ့ ထောင် (၇)နှစ်ချထားတယ်၊ ပုဒ်မ ၃၈၂ ဆိုတာ ပုဒ်မ ၃၈၀ ကလာတာ၊ ပုဒ်မ ၃၈၀ ဆိုတာ ရိုးရိုး ခိုးမူပေါ့၊ အိမ်ထဲဝင်ခိုးရင် ပုဒ်မ ၃၈၀၊ ဒါပေမယ့်လို့ အဲလို အိမ်ထဲကို ၀င်ခိုးတဲ့ အခါမှာ သေနတ်တို့၊ ဓားတို့ သူခိုးက ဆောင်ထားတယ် သဘောက ခိုးမယ် အိမ်ရှင်မိသွားရင် ခုတ်ပစ်လိုက်မယ် ချပစ်လိုက်မယ်ပေါ့၊ အဲလိုလူကို သေလောက်အောင် (သို့မဟုတ်) အပြင်းအထန်နာလောက်အောင် ကြိုတင်ပြင်ဆင်မူ ပါတဲ့ ခိုးမူပေါ့ သဘောက အရပ်သား နားလည်အောင် ပြောရင် ဓားကိုင်ပြီး အိမ်ထဲကို ၀င်ခိုးတာ အဲဒါမျိုး ဆိုရင် ပုဒ်မ ၃၈၂ပါ၊

ရွှေဆိုင်ကိစ္စမှာ ရွှေဆိုင်ပိုင်ရှင်က သူ့အိမ်ထဲ သူနေတာ၊ ရွှေလာရောင်းတဲ့ သူနဲ့ တန်ဖိုး စကားများတယ်လို့ပဲ ကျွန်တော်တို့ ကြားတယ်၊ ပြီးတော့ ထိုးကြ ကြိတ်ကြတယ် ကြားတယ်၊ ဆဲတယ်ဆိုတယ် ကြားတယ်၊ အဲဒီတော့ စ စွဲတုန်းက ၂၉၄၊ ၃၂၅ ၊ ၂၉၄ဆိုတာ ဆဲလို့ စွဲတာ ၃၂၅ ကတော့ အပြင်းအထန် နာကျင်အောင် လုပ်တယ် ဆိုလို့ တရားစွဲတာ တကယ်လည်း အပြစ်ပေးတဲ့ အခါကြတော့ အခုနက ၃၈၂ ခိုးမူ ပုဒ်မ ပါလာတယ် အဲဒါ ကျွန်တော်နားကို မလည်ဘူး ဘယ်လိုကြောင့် အဲလိုဖြစ်သွားလဲဆိုတာ တရားစွဲတုန်းက အဲဒီ့ ပုဒ်မ မပါဘူး၊ တစ်ခါ နာကျင်စေမူနဲ့ အပြစ်ပေးတယ်၊ ၃၂၅ ဆိုတာ အပြင်းအထန် နာကျင်စေမူ၊ ၃၂၄က လက်နက်နဲ့ သာမာန်နာကျင်စေမူ၊ ဒုတ်တို့ ဘာတို့ လက်နက်ပါရင်ပေါ့၊ အဲဒီတော့ အပြင်းအထန် နာကျင်စေမူနဲ့ အပြစ်ပေးရင် သာမာန်နာကျင်စေမူနဲ့ အပြစ်ပေးလို့ မရဘူး၊ တစ်ခုပဲ ပေးရတယ်၊ အင်မတန် ပြစ်ဒဏ် ပြင်းထန်တဲ့ ထောင် (၇)နှစ်ထိ ချလို့ရတဲ့ ပုဒ်မ ၃၂၅ နဲ့ (၅)နှစ် ချပြီးရင် ဒီလူကိုပဲ ဒီကိစ္စတစ်ခု အတွက်ပဲ နောက်တစ်ခါ ပုဒ်မ ၃၂၄နဲ့ (၂)နှစ် ထပ်ချလို့ မရတော့ဘူး၊ ပြုလုပ်မူ တစ်ခုတည်းပဲ အဲဒီ့ပြုလုပ်မူ တစ်ခုတည်းက ဘာလဲ ရွှေလာရောင်းတဲ့ သူကို ရိုက်တယ် ဆိုတယ် ကိုယ့်ထိလက်ရောက် ၀ိုင်းရိုက်တယ်လို့ပြောတယ်၊ ပြုလုပ်မူ တစ်ခုထဲပဲ၊ အဲဒါကို ပုဒ်မ တစ်ခုထဲနဲ့ အရေးယူလေ့ရှိတယ်၊

အခု ပုဒ်မ သုံးခုနဲ့ ထောင်ဒဏ် (၁၄)နှစ် ပေးလိုက်တယ်၊ ဒါကတော့ နောက် ဥပဒေအရ အယူခံဝင်ပြီးတော့ ဖြေရှင်းသွားလို့ရတယ်၊ ဒါပေမယ့် ဒီသတင်း သတင်းစာမှာ ပါလာတဲ့ အခါကြတော့ ဘာဖြစ်သွားလဲဆိုတော့ မွတ်စလင်တွေကြတော့ အဲလိုလုပ်ရင် အဲလို ရက်ရက်စက်စက် အပြစ်ပေးမယ် အဲဒါ မင်းတို့ကြည့် နမူနာပဲ ဆိုတာကို တရားရုံးက နေ ပြပေးလိုက်သလို ဖြစ်သွားတယ်၊ ဆိုတော့ ကျွန်တော်တို့ရဲ့ အမြင်မှာ ပြဿနာကို အေးချမ်းစေချင်တယ်၊ နှစ်ဖက်စလုံးကို အရေးယူ နှစ်ဖက်စလုံးကို တရားစွဲတင်၊ ဆူတဲ့ပူတဲ့သူတွေကိုလည်း ဘယ်လိုချတယ်၊ ရွှေဆိုင်ပိုင်ရှင်လည်း လာရောင်းတဲ့ သူကိုဆွဲရိုက်လို့ ဒီလိုချတယ်၊ ဒီလိုမျိုး ဟိုဘက်ကာ ဒီဘက်ဘက်ကော အရေးယူတယ်ဆိုရင် ပြည်သူလူထုရဲ့ စိတ်ထဲမှာ အော် အစိုးရက တရားရုံးတွေက တရားသဖြင့် စီမံ အုပ်ချုပ်နေတယ်၊ တရားမျှမျှတတ လုပ်တယ်၊ ငါတို့ လုပ်လို့မရဘူးလို့ တွေးကြမယ်၊ အဲဒီတော့ ဖြစ်သင့်တာက တရားရုံးက ကျွန်တော့် သဘောဆိုရင် ချက်ချင်း နှစ်ဖက်စလုံးစစ်၊ နှစ်ဖက်စလုံးတင်၊ နှစ်ဖက်စလုံး အမိန့်ချ၊ နှစ်ဖက်စလုံးကို သတင်းစာကနေ ကြေညာပေး အဲလိုမျိုး တကယ်လို့များ လုပ်ခဲ့မယ်ဆိုရင် ပြည်သူလူထု ဘက်က ဘယ်လိုမြင်သွားမလဲဆိုရင် ဟာ မတရားတာ ဘယ်သူမှ လုပ်လို့မရဘူး၊ မွတ်စလင်လည်း မတရားတာ မလုပ်နဲ့ တရားရုံးက ခွင့်မလွှတ်ဘူး၊ ဗုဒ္ဓဘာသာလည်း မတရားတာမလုပ်နဲ့ တရားရုံးက ခွင့်မလွှတ်ဘူး ဆိုတဲ့ အဓိပယ်ကို ဆောင်မယ်၊ ပြည်သူလူထုက အုပ်ချုပ်ရေဌါန၊၊ တရားရေး ဌါန အပေါ် သူတို့ အရမ်းလေးစားသွားမယ်၊ အခုကြတော့ အဲလိုမဖြစ်ပဲနဲ့ ခြုံပြီးပြောရရင် မိထ္တီလာတစ်မြို့လုံးမှာ ဗလီတွေ အကုန်လုံး ဖျက်ဆီးခံလိုက်ရတယ်၊ မွတ်စလင်အိမ် တစ်အိမ်ပျက်တာဟာ မိသားစု တစ်စု နစ်နာမယ်၊ မွတ်စလင်ရယ်၊ ဗုဒ္ဓဘာသာရယ် မခွဲနဲ့ အိမ်တစ်အိမ်ပျက်ရင် အိမ်ပိုင်ရှင် နစ်နာတယ် ဒီလောက်ပဲ တစ်ခြားသူ မနစ်နာဘူး၊ ဗလီတစ်လုံး မီးရှို့တယ်ဆိုတာ တော်တော်ကြီးကျယ်တယ်၊ ယုံကြည်ကိုးကွယ်သူ အားလုံးရဲ့အသည်းနှလုံးကို မီးရှို့တာပဲ၊ အိမ်တစ်လုံးကို မီးရှို့ရင် ပုဒ်မ ၄၃၆ ထောင်ဒဏ် တစ်သက် တစ်ကျွန်းချလို့ရတယ်၊ ဒါပေမယ့်လို့ ဗလီတစ်လုံး မီးရှို့ရင် မီးရှို့တာ တစ်ခုတည်း ပေမယ့် ၄၃၆ တစ်ခုတည်း မကတော့ဘူး၊  အမှုနှစ်ခု ဖြစ်သွားပြီ၊ အဆောက်အအုံကို ပျက်ဆီးစေတာ အပြင် လူတစ်စား ကိုးကွယ်တဲ့ ဘာသာ သာသနာကို ပျက်ဆီးရာ ပျက်ဆီးကြောင်း၊ ကိုးကွယ်သူရဲ့ စိတ်ထဲမှာ နားကြည်းသွားအောင် လုပ်တာဖြစ်တဲ့ အတွက် ပုဒ်မ ၂၉၅(က) ကို ထပ်ပြီးတော့ ကျူးလွန်တဲ့ သဘောဖြစ်သွားတယ်။

အမှန်တော့ ဒီကိစ္စတွေဟာ သာမာန်ဟိုဘက်အိမ်နဲ့ ဒီဘက်အိမ် ဟိုဘက်ဆွေမျိုး ဒီဘက်ဆွေမျိုး ရန်ဖြစ်တာမျိုး မဟုတ်ဘဲနဲ့ ဘာသာရေးကို အခြေခံတဲ့ ကိစ္စဖြစ်တယ်၊ ကိုင်တွယ်ဖြေရှင်းတဲ့ အာဏာပိုင်တွေဟာ ပါးပါးနပ်နပ် လိလိမ္မာမ္မာ နဲ့ ကိုင်တွယ်ရမယ်၊ အခုလိုမျိုး တစ်ဖက်က အုပ်နဲ့ကျင်းနဲ့ အများကြီး ဆိုးတဲ့သူ၊ နောက် တစ်ဖက်က လူနည်းစုတွေ အများဆုံး ပျက်ဆီးတာက လူနည်းစုတွေ၊ အများဆုံး သေတာက လူနည်းစုတွေ အဲဒီ့ လူနည်းစုတွေရဲ့အကျိုးကို ကာကွယ်ပေးဖို့ လိုအပ်နေတဲ့ အခြေအနေမျိုးမှာ လူနည်းစုတွေကိုပဲ ပြစ်ဒဏ်ကြီးကြီးမားမား ပေးပြီးတော့ ပြစ်မှု ကျူးလွန်တဲ့ လူအများစုကိုတော့ အရေးယူထားပြီးပြီ ဘာပုဒ်မနဲ့ ဘယ်နှစ်ယောက် အရေးယူထားပြီးပြီ ဆိုတဲ့ဟာကိုတောင် ထုတ်ပြန်ကြေညာတာ မရှိသေးဘူး၊ ဒါဟာ တကယ့်ကို တည်ငြိမ်အေးချမ်းရေးဘက်ကို ဦးတည်စေတာမျိုး မဟုတ်ဘူး၊ ဒီလို လုပ်နေတဲ့ အတွက် ခုနက ပြစ်မှုကျူးလွန်သူတွေဟာ ငါတို့လုပ်လို့ရတယ်၊ သူတို့ တော့လုပ်လို့မရဘူး၊ ငါတို့ကတော့ လုပ်လို့ရတယ်ဆိုတဲ့ လွဲမှားတဲ့ အသိ သူတို့ခေါင်းထဲကို ၀င်သွားရင် သူတို့တွေဟာ ဆက်ပြီးတော့ ဒီပြစ်မှုတွေကို ကျူးလွန်ဖို့ ကြိုးစားနေအုန်းမှာပဲ၊ ဒါကြောင့်မို့လို့ နိဂုံးချုပ် အနေနဲ့ ကျွန်တော်ပြောချင်တာက တရားဥပဒေ စိုးမိုးမူ ရှိဖို့ အခုဖြစ်နေသည့် ကိစ္စတွေသည် ဗြုန်းခနဲ့ ဖြစ်တာ မဟုတ်ဘူး၊ လှုံဆော်မူတွေက ရှေ့ကသွားတယ်၊ ကောလဟာလတွေက ရှေ့က သွားတယ်၊ ပြီးတော့မှ နောက်ကနေ တကယ်လိုက်ပြီးတော့ တရည်တရွယ် အကွက်ကျကျ လုပ်နေတာ ဒါကြောင့် အာဏာပိုင်တွေဟာ ကြိုပြီးသိဖို့ အခွင့်အလမ်း ရှိပါတယ်၊ ဒါကြောင့်မို့လို့ ကြိုပြီးတော့ ကာကွယ်ဖို့ အခွင့်အရေးလည်း ရှိပါတယ်၊ ဒါကြောင့် သက်ဆိုင်ရာ အုပ်ချုပ်တဲ့ အာဏာပိုင်တွေဟာ သူတို့မှာ အင်းအာားရှိပါတယ်၊ အဲဒီ့ အင်အားကို သုံးပြီးတော့မှ ထိထိမိမိ ကာကွယ်ပေးမယ်ဆိုရင် တရားဥပဒေ စိုးမိုးရေး ရမှာပါ၊ တည်ငြိမ်အေးချမ်းမူ ရမှာပါ။

နံပါတ်(၁) အကြောင်းကြောင်း ကြောင့် ကြိုတင်ကာကွယ်ဖို့ မဖြစ်နိုင်လို့ ဒီလို ထိခိုက်နစ်နာမူတွေ၊ ဆုံးရှုံးမူတွေ ဖြစ်ခဲ့ရပြီ ဆိုရင်လည်း ပြီးလျှင်ပြီးချင်း စောလျှင်စွာ တာဝန်ရှိ အာဏာပိုင်တွေက ပြစ်မှုကျူးလွန်သူတွေကို ဖမ်းဆီး ရေးယူ တရားစွဲ၊ ရုံးတင်ပြီးတော့ စစ်ဆေးပြီး ထိုက်သင့်တဲ့ ပြစ်ဒဏ်တွေပေးမယ်ဆိုရင် နောက်လူတွေ အနေနဲ့ နောက်ဒါမျိုးလုပ်ရဲမှာ မဟုတ်တော့ဘူး၊ အဲဒီလိုသာ လုပ်မယ်ဆိုရင်တော့ ဧကန်မုချ ဒီပြဿနာက အေးဆေးသွားပါလိမ့်မယ်၊ တရားဥပဒေ စိုးမိုးမူလည်း အလျှင်အမြန် ပြန်ပြီးတော့ ရလာပါလိမ့်မယ်လို့ ကျွန်တော့် အနေနဲ့ ပြောချင်ပါတယ်၊ အမှန်တော့ ဥပဒေတွေက အရေးယူမယ်ဆိုရင် အများကြီး ရှိတယ်၊ ရှိပြီးသား ဥပဒေတွေကိုပဲ သုံးပြီးတော့ ထိထိရောက်ရောက် အရေးယူမယ်ဆိုရင် အခုနက မေးတဲ့မေးခွန်းလို  တရားဥပဒေစိုးမိုးရေးက သေချာပေါက် ဖြစ်လာမှာပါ။

 တချို့ ပညာသိပ်နားမလည်တဲ့ သူတွေက လုပ်လို့ရတယ်လို့ကို ထင်နေတာ၊ ငါတို့ လုပ်တာ မှားရင် ငါတို့ လုပ်တာမဟုတ်ရင် ငါတို့ကို အရေးယူမှာပေါ့၊ ငါတို့ အခု ဒီလောက်လုပ်တာတောင် ငါတို့ကို မဖမ်းတာဟာ ငါတို့မှာ လုပ်ခွင့်ရှိလို့ပေါ့၊ အဲလို ထင်တယ်၊ အဲဒီ့ အထင်က သိပ်ကြောက်ဖို့ကောင်းတယ်၊ နောက်ဆို ပေါ်တင်ကို စလာတော့မယ်၊ ရန်ကို ရှာတော့မယ်၊ ကိုယ်ထိ လက်ရောက် ပိုပိုပြီးတော့ လုပ်လာတော့မယ် ဒါကြောင့် ဒါတွေ မဖြစ်ဖို့ လိုအပ်ချက်က လွယ်ပါတယ်၊ လုပ်ဖို့ပဲ လိုတာပါ၊ အဲဒါ ဘာလဲဆိုရင် အရေးယူဖို့ပါ၊ ကုလား၊ ဗမာ၊ တရုတ်၊ ဗုဒ္ဓဘာသာ၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာ၊ ခရစ်ယာန်ဘာသာ မခွဲပါနဲ့ အပြစ်ရှိတဲ့သူ အပြစ်ပေးပါ၊ အစ္စလာမ်ဘာသာဝင်တွေကို အပြစ်ရှိတယ်ဆိုပြီး အရေးယူ သလို အပြစ်ပေးသလို အလားတူ ကျန်တဲ့ လူသတ်တဲ့ သူတွေ၊ ဗလီတွေ၊ အိမ်တွေ မီးရှို့တဲ့ သူတွေကိုလည်း တတန်းတစားတည်း အပြစ်ပေးပါ၊ အားလုံးကို ညီတူညီမျှ အပြစ်ပေးပါ အဲဒါ တရားဥပဒေ စိုးမိုးရေး လို့ ခေါ်ပါတယ် ” ဟု M-Media သို့ပြောကြားခဲ့သည်။

Leave a Reply