6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

မေ၊၈ ၊၂၀၁၃
M-Media

Stephen Hawking

အစ္စရေးနိုင်ငံမှ ပါလက်စတိုင်း နိုင်ငံသားများအား ဆက်ဆံပြုမူမှုကို ကန့်ကွက်သောအားဖြင့် ကမ္ဘာကျော် သိပ္ပံ ပညာရှင် ပါမောက္ခ စတီဖင်ဟော့က်ကင်း သည် အစ္စရေးသမ္မတ ရှီမွန်ပီရက်စ် ဦးစီးပြုလုပ်သော ဂျေရုဆလင် ညီလာခံသို့ ပါဝင်ခြင်း မရှိတော့ကြောင်း သိရသည်။ စတီဖင် ဟော့ကင်း သည် အစ္စရေးနိုင်ငံ အား ပညာရေးနှင့် ပတ်သက်သော သပိတ်မှောက်မှုကို လုပ်ဆောင်မည့် သူများအား ထောက်ခံပြီး ညီလာခံမှ နှုတ်ထွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အသက် ၇၁ နှစ် အရွယ် ရူပဗေဒ ပညာရှင်  ဟော့ကင်းသည်  ကိန်းဘရစ် တက္ကသိုလ်တွင် သင်္ချာ ဘာသာရပ်ဆိုင်ရာ ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်သည်။  သူသည် ဇွန်လတွင် ပြုလုပ်မည့်  အစ္စရေး ၀န်ကြီးချုပ်၏ ငါးနှစ်မြောက်ပြုလုပ်သည့် “မနက်ဖြန်သို့ မျက်နှာမူခြင်းဟု အဓိပ္ပါယ်ရသော”  ညီလာခံအား တက်ရောက် မည်ဟု မူလက လက်ခံခဲ့ကြောင်းသိရသည်။  ၄င်း ညီလာခံသည် နိုင်ငံတကာမှ ပညာရှင်များစွာ တက်ရောက်မည် ဖြစ်သလို လူထောင်ပေါင်းများစွာ ကလည်း စိတ်ဝင်စားမှုရှိနေသော ညီလာခံဖြစ်သည်။ အစ္စရေးသမ္မတ ပီးရက်စ် သည် သူ၏ အသက် ၉၀ ပြည့်မွေးနေ့အားလည်း ညီလာခံနှင့် အတူကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ဟော့ကင်းသည် ကျန်းမာရေး မကောင်းဖြစ်နေသော်လည်း အစ္စရေးနိုင်ငံ သမ္မတအား ပြီးခဲ့သော အပတ်က သူ၏ ရည်ရွယ်ချက် ပြောင်းလိုက်ပြီ အကြောင်းကြား စာတိုကို ပေးပို့ခဲ့သည်။ သူ၏ ဆုံးဖြတ်ချက်အား လူသိရှင်ကြား မထုတ်ပြန်ရသေး သော်လည်း ဟော့ကင်း ၏ ခွင့်ပြုချက်ဖြင့် British ကော်မတီ  မှ ပါလက်စတိုင်း နိုင်ငံအတွင်းရှိ တက္ကသိုလ်များသို့ပေးပို့သော  ကြေညာချက်တွင် “ သူကိုယ်တိုင် သိရှိထားသော ပါလက်စတိုင်းတို့ အကြောင်းကို အခြေခံပြီး သူ၏ လွတ်လပ်စွာ ဆုံးဖြတ် ပိုင်ဖြတ်မှုဖြင့် သပိတ်မှောက်မှုအား  ထောက်ခံမှုပေးခဲ့ကြောင်း၊ ပါလက်စတိုင်းအရေး လှုပ်ရှားသူများ၏ တိုက်တွန်းမှုကြောင့် ဖြစ်ကြောင်း”  ထုတ်ပြန်ခဲ့သည်။

အစ္စရေး နိုင်ငံရှိ ပညာရေးဆိုင်ရာ အဖွဲ့စည်းများအား ပစ်မှတ်ထား၍ သပိတ်မှောက်မှု၊ လုပ်ပိုင်ခွင့်ပိတ်ပင်မှု နှင့် အခွင့်ရေးပိတ်ပင်မှု လုပ်ဆောင်ခဲ့သော များမှာ ဟော့ကင်း ၏ ထောက်ခံမှု ဖြင့် အောင်မြင်မှု ခြေတစ်လှမ်းရ ခဲ့သည်။
ဂျေရုဆလင်တွင် ပြုလုပ်မည့် ညီလာခံအား ဟော့ကင်း ပါဝင်ရန် လက်ခံခဲ့အပြီး ရက်သတ္တပတ် လေးပတ် အတွင်း သူ့ထံသို့ ဗြိတိန် နိုင်ငံနှင့် အခြားနိုင်ငံများမှ သပိတ်မှောက်မှုကို ထောက်ခံသူများမှာ သပိတ်မှောက်မှုတွင်ပါဝင်စေရန် တိုက်တွန်းနှိုးဆော်သာ စာများရရှိခဲ့သည်။ နောက်ဆုံးတွင် ဟော့ကင်း သည် သူ၏ အပေါင်းပါများအား ပြောကြားခဲ့သည်မှာ ပါလက်စတိုင်းအတွက် သူ၏ မိတ်ဆွေများ၏ တူညီသော ဆန္ဒအရ ညီလာခံအား မတက်ရန် ဆုံးဖြတ်ခဲ့ကြောင်း ပြောခဲ့သည်။

ဟော့ကင်း သပိတ်မှောက်မှုတွင် ပါဝင်လာပြီးနောက် သပိတ်မှောက်သူများ ပိုမိုများပြားလာပြီး ဗြိတိန်နိုင်ငံ ပညာရှင်များ ဖြစ်ကြသည့် Elvis Costello, Roger Waters, Brian Eno, Annie Lennox နှင့် Mike Leigh အစ္စရေး၏ ညီလာခံအား တက်ရောက်ရန် ငြင်းဆို ခဲ့ကြသည် ဟု သိရသည်။

အနုပညာရှင်များ၊ စာရေးဆရာများ နှင့် ဘာသာရပ်ထူးချွန် ပညာရှင်များက သပိတ်မှောက်မှု သည် ထိရောက်မှုမရှိသလို၊ လူတစ်ချို့ ကောင်းကျိုး အတွက်ကိုသာ ဦးတည်သည်ဟု ရှုံ့ချခဲ့ကြောင်း၊ ၂၀၁၁ ခုနှစ်တွင်  ဂျေရုဆလင်ဆု ရရှိခဲ့သော Ian McEwan က “ကျွန်တော်ထောက်ခံတဲ့ နိုင်ငံတွေကိုပဲ ကျွန်တော်သွားခဲ့လို့ရှိရင်၊ ကျွန်တော် အိပ်ရာထဲကတောင် ထတော့မှာ မဟုတ်ဘူး၊ သို့ပေမယ့် အားလုံးက ပြောဆိုနေတာတွေ ရပ်သွားတာလည်း မကောင်းဘူး” ဟုပြောကြားခဲ့သည်။

ယခင်က ဟော့ကင်း သည် အစ္စရေးနိုင်ငံအား လေးခေါက်တိုင် ရောက်ရှိခဲ့ဖူးကြောင်း၊ ပြီးခဲ့သော ၂၀၀၆ ခုနှစ်တွင် တဲရဗစ် မြို့ရှိ ဗြိတိန် သံရုံး၏ ဧည့်သည်တော်အဖြစ် ရောက်ရှိခဲ့ပြီး အစ္စရေး နိုင်ငံသားများ တက်ရောက်သော တက္ကသိုလ် နှင့် ပါလက်စတိုင်း နိုင်ငံသားများ တက်ရောက်သော တက္ကသိုလ် များတွင် ဟောပြောခဲ့သည် ဟုသိရသည်။ ထိုအချိန်တုန်းက သူကပြောခဲ့သည်မှာ “အစ္စရေး နှင့် ပါလက်စတိုင်း ပိုင်နက်များသို့ ပြန်လာရန်မျှော်လင့်ကြောင်း၊ အစ္စရေး နှင့် ပါလက်စတိုင်း သိပ္ပံပညာရှင်များအားလည်းတွေ့ရန် စိတ်အားထက်သန်ကြောင်း” ပြောကြားခဲ့သည်။

သမ္မတ ပီးရက်စ် ၏ ရုံးတော်သည် ဟော့ကင်း ၏ နှုတ်ထွက်မှုအား တရားဝင် မကြေငြာရသေးသလို၊ မည်သည့် ထင်မြင် ယူဆချက်မှ တုန့်ပြန်ခြင်း မရှိကြောင်းသိရသည်။ ညီလာခံ နှင့် သက်ဆိုင်သည့် တရားဝင် ဝဘ်ဆိုဒ်တွင် ဟော့ကင်း ၏ နာမည်အား တက်ရောက်သူများ စာရင်းမှ ပယ်ဖျက်ပြီးဖြစ်ကြောင်း တွေ့ရသည်။

Ref:Guardian

Leave a Reply