6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

မော်လမြိုင်ကျွှန်းမြို့ ရှိ တခုတည်းရှိသော အစ္စလာမ်ဘာသာဝင်များ ၀တ်ပြုရာ ကိုးခန်းတွဲ ဗလီတန်းလျားတခုလုံး ဇူလိုင်လ ၈ ရက်နေ့ညက မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းမြန်မာနိုင်ငံ မီးသတ်ဌာနမှ သိရသည်။မော်လမြိုင်ကျွှန်းမြို့ ၅ ရပ်ကွက်  ဗန္ဓုလ  ၁၃ လမ်းရှိယင်းဗလီတန်းလျားတွင် နေထိုင်သူ ဦးချစ်စိန်၏ နေအိမ် မီးအားမြင့်စက် အပူလွန်ကဲရာမှ စတင် လောင်ကျွှမ်းခဲ့ကြောင်းဖြစ်သည်ဟု မီးသတ်ဌာနမှ တာဝန်ရှိသူတဦးကပြောသည်။

မီးလောင်မှုကြောင့် သွပ်မိုး နဲ့ ဗလီတန်လျား အဆောက်အအုံတခုလုံးမီးလောင်ပျက်စီးပြီး ဆုံးရှုံးမှုတန်ဖိုးမှာ ၃၆ သိန်းဖိုးရှိကြောင်းသိရပါသည်။ယင်းမီးမှာ ဇူလိုင်လ ၈ရက်နေ့ည ၈ နာရီ ၃၅ မိနစ်အချိန်က စတင်လောင်ကျွှမ်းပြီး မီးလောင်ရာသို့ မီးသတ်ကား သုံးစီး မီးသတ်တပ်ဖွဲ့ဝင် ၇ ဦးနဲ့ အရံမီးသတ်တပ်ဖွဲ့ဝင် ၇၁ ဦးသွားရောက်ငြိမ်းသတ်ခဲ့ပြီး ည
၁၀ နာရီ ၁၅မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်းသိရသည်။မီးလောင်မှုကြောင့် အိမ်ထောင်စု လေးစုမှ ကျား ၁၄ ဦး မ ၁၄ ဦး စုစုပေါင်း ၂၈ ဦးမီးဘေးဒုက္ခနဲ့ကြုံတွေ့ခဲ့ရပြီး ယင်းမီးလောင်မှုကို ပ-၆၆/၂၀၁၁ ပုဒ်မ ၂၈၅ ဖြင့်အရေးယူထားကြောင်း မီးသတ်ဌာနမှ တာဝန်ရှိသူတဦးက
ပြောသည်။

ရေးသားသူ သိမ့်သိမ့်စိုး  အိဖြူလွင်

Credit to  7day news ဂျာနယ်

Leave a Reply