6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

မေ-၁၃၊၂၀၁၃
M-Media

Bayern Munich Muslim Players Gets Mosque

မြူးနစ်။ ။ ဂျာမနီ ဘောလုံးအသင်းကြီးတစ်သင်းဖြစ်သည့် ဘိုင်ယန်မြူးနစ်အသင်းသည် အသင်းရှိ အစ္စလာမ်ဘာသာဝင်ကစားသမားများ ဆွလာသ်ဝတ်ပြုနိုင်ရန်အတွက် ဗလီဝတ်ကျောင်းတော်တစ်လုံး ဆောက်လုပ်ပေးရန် ဆုံးဖြတ်ခဲ့သည်။

အသင်းရှိ မွတ်စလင်ကစားသမားများနှင့် မွတ်စလင်ပရိတ်သတ်များ ဆွလာသ်ဝတ်ပြုရန်အတွက် အသင်းပိုင်ကွင်း Allianz Arena တွင် ဗလီဝတ်ကျောင်းတော်တစ်လုံး ဆောက်လုပ်ရန် သဘောတူခဲ့ပြီး အသင်း၏ ပြင်သစ်ကွင်းလယ်ကစားသမားဖြစ်သူ ဖရန့်ရီဘာရီ(Franck Ribery) က မွတ်စလင်ကစားသမားများ စုပေါင်း၍ ဆွလာသ်ဝတ်ပြုရန် သီးသန့်အခန်းတစ်ခု တောင်းဆိုခဲ့ခြင်းကြောင့်ဖြစ်သည်။

အဆိုပါဗလီတွင် အစ္စလာမ့်ရေးရာ စာကြည့်တိုက်တစ်ခု၊ အစည်းအဝေးခန်းတစ်ခုနှင့် ငါးကြိမ်ဆွလာသ်ဝတ်ပြုရန်အတွက် အချိန်ပြည့် အီမာမ်(ရှေ့ဆောင်ဆရာတော်) တစ်ဦး ပါဝင်မည်ဖြစ်သည်။

ထိုဗလီဝတ်ကျောင်းတော်ဆောက်လုပ်မှု ကုန်ကျစရိတ်၏ ၈၅ ရာခိုင်နှုန်းကို အသင်းမှကျခံမည်ဖြစ်ပြီး ဗလီဝတ်ကျောင်းတော်ဆောက်လုပ်မှုတွင် ထည့်ဝင်လှူဒါန်းလိုသည့် ကစားသမားများ၊ ပရိတ်သတ်များအတွက် ကျန်ရှိသည့် ၁၅ ရာခိုင်နှုန်းကို ဖယ်ထားခြင်းဖြစ်သည်ဟု အသင်းအုပ်ချုပ်ရေးအဖွဲ့မှ ကြေညာထားသည်။ ဗလီဝတ်ကျောင်းတော် ဆောက်လုပ်မည့်သတင်းကို အသင်း၏ ၀ဘ်ဆိုဒ်တွင် လွှင့်တင်ဖော်ပြထားသည်။

ဘိုင်ယန်မြူးနစ်အသင်းကို ၁၉၀၀ ပြည့်နှစ်က စတင်တည်ထောင်ခဲ့ပြီး ဂျာမန်အမှတ်ပေးဇယား၏ ထိပ်ဆုံးတွင်ရှိကာ ဂျာမနီနိုင်ငံတွင် အအောင်မြင်ဆုံး ကလပ်အသင်းတစ်သင်းလည်းဖြစ်သည်။ ၁၉၃၂ ခုနှစ်တွင် ပထမဆုံး ဘွန်ဒစ်လီဂါ ချန်ပီယံဖြစ်ခဲ့သည့် ဘိုင်ယန်မြူးနစ်အသင်းမှာ ဂျာမန်ဘွန်ဒစ်လီဂါ ချန်ပီယံ ၂၃ ကြိမ်၊ ဂျာမန်ရှုံးထွက်ဖလား ၁၅ကြိမ် ဆွတ်ခူးရရှိထားသည်။

၂၀၁၂ ခုနှစ် စာရင်းကောက်ယူမှုအရ ဂျာမနီ၏ အချမ်းသာဆုံး ကလပ်အသင်းဖြစ်ပြီး၊ ကမ္ဘာ့အချမ်းသာဆုံး ကလပ်အသင်းများစာရင်းတွင် အဆင့်လေးနေရာရှိသည်။

အသင်းရှိ မွတ်စလင်အသင်းသားများအတွက် ဆွလာသ်ဝတ်ပြုရန် နေရာစီစဉ်ပေးခြင်းမှာ ဘိုင်ယန်မြူးနစ်အသင်းသည် ဥရောပဘောလုံးအသင်းများတွင် ပထမဆုံးမဟုတ်ဘဲ အင်္ဂလန်ကလပ် နယူးကာဆယ်အသင်းကလည်း မွတ်စလင်ကစားသမားများ ဆွလာသ်ဝတ်ပြုရန် သီးသန့်အခန်းတစ်ခုကို စီစဉ်ပေးခဲ့ဘူးသည်။

အစ္စလာမ်ဘာသာဝင်များမှ တစ်နေ့လျှင် အချိန်အပိုင်းအခြားအလိုက် ဆွလာသ်ငါးကြိမ်ဝတ်ပြုရပြီး နံနက်အရုဏ်တက်ဝတ်ပြုမှု(ဖဂျရ်)ဖြင့် တစ်နေ့တာဆွလာသ်ဝတ်ပြုမှုကို စတင်သည်။

Leave a Reply