မေ-၂၁၊၂၀၁၃
M-Media
အမေရိကန်နိုင်ငံ အိုကလာဟိုးမာ ပြည်နယ်တွင် တိုက်ခတ် သွားသော တော်နေဒို လေဆင်နှာမောင်းကြောင့် ပျက်ဆီးဆုံးရှုံးမှုများ အတွက် အီရန်နိုင်ငံမှ ၀မ်းနည်းကြောင်း သ၀ဏ်လွှာပေးပို့
အမေရိကန်နိုင်ငံ အိုကလာဟိုးမား (Okalahoma) ပြည်နယ်တွင် တိုက်ခတ်ခဲ့သော တော်နေဒိုလေဆင်နှာမောင်းကြောင့် လူ ၉၀ ကျော်အား သေကျေစေခဲ့သည့် ဖြစ်ရပ်ကို အီရန် နိုင်ငံမှ ၀မ်းနည်းကြောင်း သ၀ဏ်လွှာကို ပေးပို့ခဲ့ကြောင်း သိရသည်။
အင်္ဂါနေ့က ပြောကြားခဲ့သော သတင်းတွင် အီရန် နိုင်ငံခြားရေးရာဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ အဘက်စ် အာရပ်ချီ (Abbas Araqchi) မှ လူအများအား သေကြေစေခဲ့သော အဖြစ်အပျက်အတွက် များစွာ ၀မ်းနည်းကြေကွဲကြောင်း၊ သေဆုံးခဲ့ရသူများ၏ မိသားစုများနှင့် ထပ်တူထပ်မျှခံစားရကြောင်း ပြောကြားခဲ့သည်။
မေလ၂၀ ရက်နေ့ တနင်္လာနေ့ နေ့လည်တွင်၊ အိုကလာဟိုးမား ပြည်နယ်၏ မြို့တော်ဖြစ်သော အိုကလာဟိုးမား မြို့တော် အနီးရှိ မိုး(Moore) မြို့ကို တော်နေဒို လေဆင်နှာမောင်း တိုက်ခိုက်ခဲ့ကြောင်း၊ တစ်နာရီကို မိုင် ၂၀၀ နှုန်း ဖြင့်တိုက်ခိုက်ခဲ့ပြီး၊ ကလေးငယ် အယောက် ၂၀ အပါအ၀င် လူ အနည်းဆုံး ၉၁ ယောက်သေဆုံးခဲ့ပြီး၊ လူ ၁၄၅ ယောက် ဒဏ်ရာရရှိခဲ့သည်။
မိုးမြို့၏ မြို့တော်ဝန်ဖြစ်သာ ဂလင်း လူးဝစ်(Gleen Lewis) မှ တစ်မြို့လုံးသည် အကျိုးအပဲ့များနှင့် ပြည့်နှက်နေခဲ့ကြောင်း၊ ပြတ်ကျနေသော ဓာတ်ကြိုးများ၊ ပါဝါကြိုးများ နှင့် ဓာတ်ငွေ့ပိုက်များ ကြောင့် ဓာတ်လိုက်ခံရမှာ စိုးရိမ်ရကြောင်း သို့အပြင် မီးလောင်မှုဖြစ်ပွားခြင်း အန္တရာယ်အတွက်ပါ ကာကွယ်နေရကြောင်းသိရသည်။
ယခု တိုက်ခတ်ခဲ့သော တော်နေဒိုလေဆင်နှာမောင်း သည် ပြည်နယ် မိုးလေ၀သ ဌာန(National Weather Service) မှ လွန်ခဲ့သော ၂ နှစ်အကြာက ဂျိုပလင်(Joplin) မြို့ မစ်ဆိုရီ(Missouri) ပြည်နယ်တွင် ဖြစ်ခဲ့သော လူ ၁၆၁ ယောက် အား သေကြေစေခဲ့သည့် လေဆင်နှာမောင်းတိုက်ခတ်ပြီးနောက် ပိုင်းတွင် တိုက်ခိုက်သော အပြင်းထန်ဆုံး လေဆင်နှာမောင်း တစ်ခုဖြစ်ကြောင်း သတ်မှတ် ခဲ့သည် ဟုသိရသည်။
MKA/HGH/SS
Leave a Reply
You must be logged in to post a comment.