6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ရီပတ်ဘလစ်ကန် သမ္မတလောင်းကြောင့် မွတ်စ်လင်မ်များ စိတ်အနှောင့်အယှက်ဖြစ်

အမေရိကန်နိုင်ငံတွင် ရီပတ်ဘလစ်ကန် သမ္မတလောင်း ဟာနန် ကိန်းက အမေရိကန်ပြည်သူများအနေဖြင့် ဗလီများဆောက်လုပ်ခွင့်ကို ပိတ်ပင်နိုင်ခွင့်ရှိသည်ဟု ပြောကြားလိုက်ခြင်းကြောင့် မွတ်စ်လင်မ်များ စိတ် အနှောင့်အယှက်ဖြစ်လျှက်ရှိသည်။

“အခြေခံဥပဒေကို တန်ဖိုးထားရမယ့် သမ္မတလောင်းတစ်ယောက်ဆီက ဒီလိုစကားမျိုးတွေကြားရတာ သိပ်စိတ်မကောင်းစရာပဲဗျာ´´ဟု အမေရိကန်နိုင်ငံ အစ္စလာမ်စင်တာတစ်ခုမှ ကော်မတီဝင် ဆွာလေ စဗနာတီ ကပြောကြားသည်။

ထို့ပြင် ကိန်းက ရွေးချယ်ခံရပါက ၎င်း၏ အစိုးရအဖွဲ့အတွင်းတွင် အစွန်းရောက်မွတ်စ်လင်မ်များကို ခန့်ထားခြင်းပြုမည်မဟုတ်ဟုလည်း ပြောကြားထားသည်။ (Daily News Journal)

မဒ်ရဆာကျောင်းများပညာရေးအဆင့်မြှင့်ရန် ဖိလစ်ပိုင်အစိုးရ ဘတ်ဂျက် ပီဆိုသန်း ၃၀၀ ချမှတ်

ဖိလစ်ပိုင်နိုင်ငံတွင် မဒ်ရဆာကျောင်းများ၏ ပညာရေးစနစ်ကို ပိုမိုကောင်းမွန်အောင်ဆောင်ရွက်ပြီး သင်ကြားမှုနည်းစနစ်များ အဆင့်အတန်းမြှင့်တင်ရန်အတွက် အစိုးရက ဘဏ္ဍာငွေ ဖိလစ်ပိုင်ပီဆို သန်း ၃၀၀ ချမှတ်ပေးလိုက်သည်။

အဆိုပါ စီမံကိန်းကို လွှတ်တော်အမတ် ဟဗီးဘ် တူပေး လူအွန်း က ဦးဆောင်တောင်းဆိုခဲ့ခြင်းဖြစ်ပြီး ချမှတ်ပေးသော ငွေများကို လိုအပ်သော ဆရာများ လေ့ကျင့်ရေးနှင့် အခြား ပညာရေးအစီအစဉ်များတွင် အသုံးပြုသွားမည်ဖြစ်သည်။ (Manila Bulletin)

မွမ်ဘိုင်းဗုံးပေါက်ကွဲမှုကြောင့် အိန္ဒိယ-ပါကစ္စတန် နှစ်နိုင်ငံဆက်ဆံရေးထိခိုက်နိုင်

မကြာမီက ဖြစ်ပွားခဲ့သည့် မွမ်ဘိုင်းဗုံးပေါက်ကွဲမှုပြဿကြောင့် ငြိမ်းချမ်းရေးအတွက် ဆွေးနွေးရန် ပြင်ဆင်နေကြသည့် အိန္ဒိယ-ပါကစ္စတန် နှစ်နိုင်ငံဆက်ဆံရေးကို ပြန်လည် ပျက်ပြားသွားစေနိုင်ကြောင်း လေ့လာသူများက သုံးသပ်ကြသည်။

အိန္ဒိယနိုင်ငံသည် ၂၀၀၈ ခုနှစ် ဗုံးပေါက်ကွဲမှုနောက်ပိုင်းတွင် ပါကစ္စတန်နိုင်ငံနှင့် ငြိမ်းချမ်းရေးသဘောတူညီမှုကို ပယ်ဖျက်ခဲ့ပြီး မကြာမီကမှ ကက်ရှ်မီးယားပြဿနာပြန်လည်ဆွေးနွေးရန် ပြင်ဆင်နေချိန်တွင် အဆိုပါ လူ ၁၉ ဦးသေဆုံးသည့် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ မည်သူမည်ဝါ ဖောက်ခွဲကြောင်းမသိရသေးသော်လည်း လေ့လာသူများက အိန္ဒိယနိုင်ငံအနေဖြင့် ပါကစ္စတန်ကိစ္စနှင့် ဆက်စပ်သည်ဟု ယူဆနိုင်ကြောင်း သုံးသပ်ကြသည်။

သို့ရာတွင် နှစ်နိုင်ငံတာဝန်ရှိသူများအနေဖြင့် ဆွေးနွေးပွဲကို စီစဉ်ထားသည့်အတိုင်း ကျင်းပသွားမည်ဟု ယူဆရသည်။ (India Times)

မွတ်စ်လင်အလေးမမယ် ကိုယ်လုံးပြည့်ဝတ်စုံဖြင့် အမေရိကန်ချန်ပီယံ ပြိုင်ပွဲဝင်ခွင့်ရ

လွန်ခဲ့သည့် သီတင်းပတ်က နိုင်ငံတကာအလေးမအဖွဲ့ချုပ်မှ အလေးမ၀တ်စုံအောက်တွင် အစ္စလာမ့်ယဉ်ကျေးမှုနှင့်အညီ လက်ကောက်ဝတ်နှင့် ခြေထောက်တို့ကို ဖုံးကွယ်သော အ၀တ်အစားများ ၀တ်ဆင်ခွင့်ပြုလိုက်ခြင်းကြောင့် မွတ်စ်လင်မ်အမျိုးသမီးများအမေရိကန်မွတ်စ်လင်မ်အမျိုးသမီး အလေးမမယ် ကူလ်စွမ်း အဗ္ဗဒွလ္လာဟ်အနေဖြင့် အမေရိကန်အလေးမချန်ပီယံပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရရှိသွားပီဖြစ်သည်။

“ဒါကျွန်မအတွက် ကြီးမားတဲ့ အခွင့်အရေးပါပဲ။ ကျွန်မ စံချိန်မကောင်းခဲ့ရင်တောင် ဒီလို ပြိုင်ခွင့်ရတာ က ကြီးမားတဲ့ အောင်မြင်မှုပါပဲ´´ဟု နိုင်ငံအဆင့်ပြိုင်ပွဲတွင် ပထမဆုံး တကိုယ်လုံးဖုံးကွယ်ထားသည့် ၀တ်စုံ ၀တ်ဆင်ပြီး ယှဉ်ပြိုင်ခွင့်ရသွားသည့် ကူလ်စွမ်းက စိတ်လှုပ်ရှားစွာပြောကြားခဲ့သည်။ (USA Today)

အီရန်နှင့် တရုတ် ကူးသန်းရောင်းဝယ်ရေးသဘောတူညီမှု စာချုပ်များ ချုပ်ဆို

အီရန်နှင့် တရုတ်နိုင်ငံတို့သည် နှစ်နိုင်ငံကြား ကူးသန်းရောင်းဝယ်ရေးပမာဏကို မြှင့်တင်ရန် ရည်ရွယ်ပြီး လွန်ခဲ့သည့် သီတင်းပတ်အတွင်း ဒေါ်လာ သန်း ၄၀၀၀ တန်ဖိုးရှိ ကူးသန်းရောင်းဝယ်ရေးနှင့် စီးပွားရေးဆိုင်ရာ သဘောတူညီချက်များ လက်မှတ်ရေးထိုးခဲ့သည်။ (India Times)

စီစဉ်တင်ပြသူ Zaw Htet

Leave a Reply