M-Media
ဇွန်လ ၂ ရက်၊ ၂၀၁၃
မလေးရှားတွင် မြန်မာနိုင်ငံသားများ အတိုက်ခိုက်ခံရသည့် သတင်းနှင့် စပ်လျဉ်း၍ သမ္မတ၏ ပြောခွင့်ရပုဂ္ဂိုလ် ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်၏ ဖေ့စ်ဘွတ် ရှင်းလင်းချက်အား ပြည်တွင်းနေ မြန်မာပြည်သူအများစုက ယုံကြည်လက်ခံခြင်း မရှိကြောင်း သိရသည်။ သို့သော် ထိုပြည်တွင်းနေ မြန်မာပြည်သူများမှာ မိတ္ထီလာ၊ ဥက္ကံနှင့် လာရှိုးတို့တွင် ဖြစ်ပျက်ခဲ့သော မွတ်စလင်ဆန့်ကျင်ရေး အကြမ်းဖက်အဓိကရုဏ်းများနှင့် စပ်လျဉ်း၍မူ ဦးရဲထွဋ်တင်ပြသည့် သတင်းဖြစ်စဉ်များအား ယုံကြည်လက်ခံ ခဲ့ကြသူ အများစု ဖြစ်နေသည်။
မလေးဖြစ်စဉ်တွင် အသတ်ခံခဲ့ရသည့် မြန်မာနိုင်ငံသား ၂ ဦးကိစ္စကို မလေးနိုင်ငံဆိုင်ရာ မြန်မာသံအမတ်က ဘာသာရေးကြောင့်မဟုတ်ဘဲ အခြားကိစ္စရပ်ကြောင့်ဖြစ်ကြောင်း
ဦးရဲထွဋ်မှာ ၄င်း၏ဖေ့စ်ဘွတ်တွင် ပြည်တွင်းအကြမ်းဖက်မှုများကို ရှုံ့ချသည့် သတင်းများနှင့်မွတ်စလင်မ် အပျက်အစီးများကို သတင်းအဖြစ်တင်လေ့မ ရှိကြောင်း၊ ဥရောပမှ အစွန်းရောက် မွတ်စလင်မ်အချို့၏ အပြုအမူများ ကိုသာ တကူးတက တင်လေ့ရှိကြောင်း ၊ မကြာသေးမီက အလဲဗင်းမီဒီယာ မှ ပြင်းပြင်းထန်ထန် ဝေဖန်ထောက်ပြခဲ့ သည့် မောင်ကာဠုကဲ့သို့ မတရား ဝါဒဖြန့်စာမျက်နာမှ သတင်းများကို တင်လေ့ရှိသည့်အကြောင်း၊ ပြည်တွင်းမှ အစွန်းရောက်၊ မုန်းတီးရေးတရားဟော ဗုဒ္ဓဘာသာ ဘုန်းကြီး များကို ဝေဖန်လေ့မရှိဘဲ၊ လန်ဒန်မှ ဗလီဆရာများ ကို ဗြိတိန်အစိုး ရက စစ်ဆေးမည့်အကြောင်း တကူးတက မှတ်ချက်ပေးပြီး ကူးတင်ခဲ့ကြောင်း စသဖြင့် လေ့လာသူများက ဝေဖန်သည်။ ထို့အတူ ဦးရဲထွဋ် တင်ပြခဲ့သည့် အခြားနိုင်ငံများ၏ ဖြစ်စဉ်များမှာ ၄င်းတို့နိုင်ငံ ပြည် တွင်းရေးများ လည်း ဖြစ်နေပေရာ လက်ရှိ ဦးသိန်းစိန်အစိုးရ မှ နိုင်ငံ တကာအား အမြဲတစေတင်ပြလေ့ရှိသည့် “မြန်မာ့ပြည်တွင်းရေးကို အခြားနိုင်ငံများမှ သြဇာပေး၍ ဝေဖန်ခြင်းမပြုရန်” ဆိုသည့် အချက်နှင့် ဖီလာ ဆန့်ကျင်နေပေသည်။
ဦးရဲထွဋ်မှာ စာနယ်ဇင်းကျင့်ဝတ်များနှင့် ပတ်သက်ပြီး အများ ဆုံး ထောက်ပြပြောဆိုပြီး ၄င်းညွှန့်ကြားရေးမှူး အဖြစ်တာဝန်ထမ်းစဉ် ယခင် ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းလက်ထက် တောင်ကုတ်၌ မွတ်စလင်မ် ၁၀ ဦးအသတ်ခံရသည့် သတင်းကို အစိုးရမီဒီိယာများက မွတ်စလင်မ်ကုလားဟု အသုံးပြုဖော်ပြခဲ့သည်ကို ဝေဖန်ခဲ့သူဖြစ်သော်လဲ ယခုသမ္မတ၏ ပြောခွင့်ရပုဂ္ဂိုလ်ဖြစ် လာသည့်အခါတွင်မူ ကုလားဟု သုံးနှုန်းထားသည့် မြန်မာသံတော်ဆင့် အယ်ဒီတာ အာဘော်ကို ဖတ်သင့်သည့် ဆောင်းပါးဟု ညွန်းကာ ၄င်း၏ FB စာမျက်နှာ၌ တင်ပြခဲ့ကြောင်း လေ့လာသူများက ဆိုသည်။
Leave a Reply
You must be logged in to post a comment.