6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇွန် ၁၂၊ ၂၀၁၃
M-Media
KK

မန္တလေးမြို့ ကိုင်းတန်းဈေးမှ ကမ်းနားဈေးသို့ ပြောင်းရွေှ့ခံရမှု ဆန္ဒပြရာတွင် ဈေးရောင်းသူများကိုယ်စား ညှိနှိုင်းသူတစ်ဦးဖြစ်တဲ့ ကိုညီညီကျော်နှင့် အခြား(၆)ဦးအား ထောင်ဒဏ် အသီးသီး အပြစ်ဒဏ်ချမှတ်

မန္တလေး ။ ။ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့ရှိ ကိုင်းတန်းဈေးအား ကမ်းနားဘက်ဈေးသို့ ပြောင်းရွေှ့ခံရမှု ဆန္ဒပြရာတွင် ဈေးရောင်းသူများ ကိုယ်စား ညှိနှိုင်းသူတစ်ဦးဖြစ်တဲ့ ကိုညီညီကျော်နှင့် အခြား(၆)ဦးအား ယနေ့ ဇွန်လ (၁၂)ရက်နေ့က ချမ်းအေးသာဇံမြို့နယ်တရားရုံးမှ ထောင်ဒဏ်အသီးသီး ချမှတ်လိုက်ကြောင်းသတင်းရရှိသည်။

Ko Nyi Nyi Kyaw 2

ဓါတ်ပုံစာညွှန်း-၂၀၁၃ ခုနှစ် ဇန္နဝါရီလအတွင်း မန္တလေးမြို့ ကိုင်းတန်းဈေးမှ ကမ်းနားဈေးသို့ ပြောင်းရွေှ့ခံရမှု ဆန္ဒပြရန်ပြုလုပ်ရာတွင် ဈေးရောင်းသူများကိုယ်စား ညှိနှိုင်းသူတစ်ဦး ကိုညီညီကျော် (လွယ်အိတ်လွယ်ထား၊ လက်မြှောက်ထားသူ) အားဆန္ဒပြသူများနှင့် အတူတွေ့ရစဉ်
Photo -Kyaw Gyi AB FB

ကိုညီညီကျော်၊ မနီနီအောင်၊ မသဲသဲနှင့် မလွင်လွင်ဦးတို့အား ခွင့်ပြုချက်မရှိပဲ စီတန်းလှည့်လည်မှု ပုဒ်မ-၁၈ ဖြင့် ထောင်ဒဏ် (၃)လစီ အသီးသီးချမှတ်ခဲ့ပြီး၊ ဦးစိန်အောင်၊ ဦးအေးသိန်း၊ ဦးဝင်းဆွေမြင့်တို့အား ဆူပူအုံကြွအောင် လှုံ့ဆော်မှု ပုဒ်မ-၅၀၅(ခ)နှင့် စီတန်းလှည့်လည်မှုပုဒ်မ-၁၈ ဖြင့် ပုဒ်မ ၂-ရပ်ပေါင်း ထောင်ဒဏ် ၁-နှစ်နှင့် ၃-လစီ အသီးသီး ကျခံစေရန် မန္တလေးမြို့ချမ်းအေးသာဇံတရားရုံးမှ အမိန့်ချမှတ်လိုက်ကြောင်းသိရသည်။ ယင်း အမှုကိစ္စအား ဆက်လက်အယူခံဝင်ရန် ဆောင်ရွက်သွားဟုမည်လည်း သိရှိရသည်။

အဆိုပါကိစ္စရပ်နှင့်ပတ်သက်၍ အယူခံဝင်ရန် ဆက်လက်လုပ်ဆောင်သွားမည့်သူအား ဆက်သွယ်မေးမြန်းခဲ့ပါသည်။

“ကိုညီညီကျော်တို့ကို အခု ထောင်ဒဏ်(၃)လ ချလိုက်တယ်ဆိုတာ ဟိုးအရင်က ကိုင်းတန်းဈေးကိစ္စဖြစ်တုန်းက အခြေအနေပါ။ အဲဒါကို ၂၀၁၃-ခု ဇန်န၀ါရီလလောက်က ပုဒ်မ-၁၈ နဲ့ အမှုဖွင့်ထားလို့ အပတ်စဉ် ရုံးချိန်းသွားနေရတာ။ ဒီနေ့တော့ ထောင်ဒဏ်(၃)ချလိုက်တယ်။ ဟုတ်ပါတယ်။ မန္တလေး ထောင်ကြီးချုပ်ကို ပို့လိုက်တာပါ။ ကိုညီကျော်ကိုက တစ်ခြားပုဒ်မ မရှိပါဘူး။ ဒီ ပုဒ်မ-၁၈ တစ်ခုတည်းနဲ့ စွဲတာပါ။ အဲဒီတုန်းကတည်းက အာမခံပြီး ခံဝန်နဲ့ ထားထားတာပါ။ အဲဒါကို ရုံးချိန်းက ၁-ပတ်ခြား ၂-ပတ်ခြားတစ်ခါသွားနေရတာ။

ဟုတ်ပါတယ်။ ကိုင်းတန်းဈေးကို ကမ်းနားဘက်ရွေှ့တော့ လမ်းဘေးဈေးသည်တွေက စည်ပင်သာယာရုံးရှေ့မှာ ဆန္ဒပြကြတာ။ အဲလို ဆန္ဒပြတာကို ကိုညီကျော်က မိုက်ကိုင်ပြီး လူစုခွဲဖို့ ပြောခဲ့ရတာတွေရှိတယ်။ သူက ဆန္ဒပြဖို့ စီစဉ်တဲ့သူတွေထဲမှာ ပါတာမဟုတ်ပါဘူး။ မြို့တော်ဝန်က ခေါ်တွေ့တဲ့ ၅-ယောက်ထဲမှာ ကိုညီကျော်လည်းပါသွားတယ်။ အဲဒီမှာ ဆွေးနွေးပြီး သူတို့က လူစုခွဲဖို့ပြောလို့ လူစုခွဲပေးဖို့ ကိုညီကျော်က ပြောပေးတယ်။ ဟုတ်တယ်။ ဒီနေ့တော့ အမိန့်ချလိုက်ပြီ။ ဒါပေမယ့် အမှုကို အယူခံဝင်ဖို့ ကျွန်တော် ဆက်ပြီးလုပ်သွားမှာပါ။”လို့ ကိုညီညီကျော်တို့အား အယူခံဝင်ရန် လိုက်ပါဆောင်ရွက်နေသူတစ်ဦးမှ M-Media ကို ပြောပြလာပါတယ်။

ယခုကဲ့သို့ ကိုညီညီကျော်နှင့် အခြားသော(၇)ဦးအား ထောင်ဒဏ်ချမှတ်ရသည့် အကြောင်းရင်းမှာ – မန္တလေးမြို့  ကိုင်းတန်းဈေးဝန်းကျင်၌ လွန်ခဲ့သောနှစ် (၃၀) လောက်ကတည်းမှ ညဖက်တွင် ကုန်စိမ်းကို လက်လီ-လက္ကား ပျံကျသည့် နယ်ပေါင်းစုံမှ လာရောက်ရောင်းချကြတဲ့ လမ်းဘေးဈေးသည်တွေအား မြို့ပြင် ကမ်းနားဈေးသို့ ရွှေ့လိုက်တာကြောင့် ဈေးသည်များမှ ဆန္ဒရန်ပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။

Tags:

Leave a Reply