6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

၂၃ ဇွန်၂၀၁၃

M-Media

ကယ်လီဖိုးနီးယား ဗလီဝတ်ကျောင်းတော်သစ် တည်ဆောက် ဖွင့်လှစ်ခြင်းဖြင့် ဒေသခံ မွတ်စလင်တို့၏ ညီညွတ်မှုကို ဖော်ဆောင်

ကိုင်ရို။           ။နိုင်ငံခြားသား များ ဒေသခံမွတ်စလင်များ၏ စုပေါင်း ရန်ပုံငွေ ဖြင့် လေးနှစ်ကြာ တည်ဆောက်မှုပြီးနောက် ကယ်လီဖိုးနီးယားပြည်နယ် တောင်ပိုင်းတွင် ဗလီဝတ်ကျောင်းတော် တစ်လုံးကို အောင်မြင်စွာ တည်ဆောက်ပြီးစီးခဲ့ပါသည်။

US Muslims Finance New California Mosque

“9/11 ကိစ္စဖြစ်ပြီးတဲ့နောက် အရာရာ လုံးဝပြောင်းလဲသွားပါတယ်။ မွတ်စလင်အများစုနေ ရာ မြောက်အမေရိက ဒေသခံမွတ်စလင်များသည် အချိန်ဘယ်လောက်ကြာကြာ ရန်ပုံငွေတစ်ခု တည်ထောင် မယ်ဆိုပြီးဆုံးဖြတ်ခဲ့ကြတာပါ” ဟု ကယ်လီဖိုးနီးယားပြည်နယ်တောင်ပိုင်း Islamic Shura Council ၏ အမှုဆောင်ဒါရိုက်တာဖြစ်သူ Shakeel Syed က Los Angeles Times သို့ ပြောကြားခဲ့ပါသည်။

Masijid Qubaa အမည်ရှိ ဗလီဝတ်ကျောင်းတော်သစ် ကို San Gabriel Valley တွင် ဒေသခံမွတ်စလင်များက ဇွန်လ (၂၂) ရက် တနင်္ဂနွေနေ့တွင် ဖွင့်လှစ်ခဲ့ပါသည်။

ဗလီဝတ်ကျောင်းတော်နှင့်အတူ အစ္စလာမ် ဘာသာရေးစာသင်ကျောင်း၊ သေဆုံးသူများအား မမြှုပ်နှံမှီ ထားရန် အဆောင် တစ်ခု၊ ဆေးခန်းတစ်ခု နှင့် စာကြည့်တိုက်သုံးခုတို့ ပါဝင်ပါသည်။

ဒေသခံမွတ်စလင်များ၏  စုပေါင်းရန်ပုံငွေ (၅.၅) သန်း ကုန်ကျ ခဲ့သော Masjid Qubaa သည် သဲအဖြူရောင် ဖြစ်ပြီး အပြာရောင် အမိုးလုံးများ ဖြင့် မီနာရ်တိုင် (၆) ခုသည်ကား  Rowland Heights စက်မှု ဇုံ နေရာအား အထင်ကရ နေရာအဖြစ် ငွားငွားစွင့်စွင့် ဖော်ဆောင်လျက်ရှိသည်။

ဗလီတွင်း နံရံများ ကို ပါကစ္စတန်နိုင်ငံ မှ ရောင်စုံ ကော်ဇောများဖြင့် အလှဆင်ထား ပြီး ၊ မီးဆိုင်းများ အားလုံးကို တော့ ဒူဘိုင်းနိုင်ငံမှ မှာယူ ဆင်ယင်ထားခြင်း ဖြစ်ပါသည်။

အလ္လာ့ ဂုဏ်တော် (၉၉) ပါး ကို အာရဗီ ဘာသာလက်ရေးလှများဖြင့် ရေးသားကာ အမျိုးသားများ ၀တ်ပြုဆောင် အရှေ့ရှိ မှန်သားပြင်များတွင် မြှုပ်သွင်းအလှဆင်ထား သည်။

အမေရိကန်နိုင်ငံတွင် အတတ်ပညာရှင်များ ရှိလာတာနှင့်အမျှ ၊   မွတ်စလင် အမျိုးသမီးများ ကျင်းပပြုလုပ်သော  ဖက်ရှင်ရှိုးမှ ရငွေ ဒေါ်လာ တစ်သိန်း အပါအ၀င် မွတ်စလင် ဗိသုကာ ပညာရှင်များရဲ့ လုပ်အား တို့ကြောင့် ဗလီဆောက်လုပ်ရေး ကုန်ကျ စရိတ်များကို လျော့ချနိုင်ခဲ့သည်။

“ကျွန်တော်တို့က အတတ်ပညာရှင်တွေပါ၊ ကျွန်တော်တို့ လူချမ်းသာတွေတော့ မဟုတ် ပါဘူး၊ အမေရိကန်နိုင်ငံက  ကျွန်တော်တို့ရဲ့အင်အားတွေအတွက် အခုလို  အခွင့်အရေးပေးလိုက်တာပါ”  ဟု စင်တာ၏ ဥက္ကဌ ဖြစ်ပြီး ဒေါ်လာ တစ်သိန်းလှူခဲ့သူ ပါကစ္စတန်နိုင်ငံဖွား ဒေါက်တာ Syed Rizvi  က ပြောခဲ့ပါသည်။

အပြန်အလှန်နားလည်ချစ်ကြည်မှု ကို ဖော်ဆောင်ရေးအတွက်လည်း မွတ်စလင်ခေါင်းဆောင်များသည် ဘာသာခြား များ ကို ပါ ဗလီတွင်းသို့ ဖိတ်ခေါ် လည်ပတ်ခွင့်ပေးလိုက်သည်။

ကယ်လီဖိုးနီးယားတောင်ပိုင်းရှိ မွတ်စလင်ခေါင်းဆောင်များသည် သွေးလှူပွဲများ၊ အစားအသောက်လှူ ပွဲ ၊ ဘာသာခြားများနှင့် ချစ်ကြည်ရေးပွဲများ နှင့် အခြား သော လူမှုရေးလှုပ်ရှားမှုများ အတွက် လည်း ဆက်လက် စီစဉ်လျက်ရှိကြောင်းပြောကြားခဲ့ပါသည်။

ဗလီဝတ်ကျောင်းတော်သစ် တည်ဆောက်ရေး၌ ဆန့်ကျင်မုန်းတီးစိတ်မရှိသော ဘာသာခြား အိမ်နီးနားချင်းများ၏ စိတ်ဓါတ်ကြောင့်လည်း ဒေသခံ မွတ်စလင်များသည် အလွန် ၀မ်းမြောက်ကြည်နူးလျက် ရှိကြသည်။

အမေရိကန်နိုင်ငံတွင် မွတ်စလင်လူဦးရေ ခြောက်သန်းမှ ရှစ်သန်း အထိရှိသည်။                         ။

Ref: OnIslam

 

Leave a Reply