ဇွန်-၂၅၊ ၂၀၁၃
M-Media
ရေးသူ- ငသော့
ကမ္ဘာက ထုတ်ဖော်လေပြီ
တို့တိုင်းပြည်ထဲက အမည်းစက်
ဘယ်သူလဲ… ကွက်ကွက်ကွင်းခဲ့ပေါ့။
သူ့ ဥာဏ်လေး တစ်ထွာ၊ တစ်မိုက်နဲ့
နာဇီလမ်းလိုက်မိတဲ့ ငမိုက်သား
ခြင်္သေ့ကို မြေခွေးဖြစ်အောင် လုပ်တယ်… လို့ပဲ
ကြမ်းပိုးကို လိပ်ဖြစ်အောင် ပြောတတ်တယ်။
အတိတ်ဖြစ်ရပ် သိအပ်ဖူးပါရဲ့…
ထိုသူ့ဥပဒေ ထိုသူ့ဝိနည်းပေမို့
ထိုသူ့ကဲ့သို့ သက်သတ်လွတ်ဖို့ရာ
တင်လျှောက်လာ “ဒေ၀ဒတ်နတ်”လို
တစ်လှမ်းပို၊ တစ်လကြီးချင်သမျှ
ဘုရားရှင် ရှိစဉ်က ဆိုရင်ဖြင့်…
(သူလည်း) အနားပင် ကပ်ခွင့်မရနိုင်ဘူး။
စိတ်ရူးကို စိတ်ကူးထင်
“ဘင်လာဒင်” နှိုင်းလိုက်ချင်သပ ဆိုမှတော့
သင်သာပင် မှားနေပေလိမ့်မပေါ့…။
ဘုရားရှိသူတိုင်းအတွက်တော့
ဘယ်တရားမှ မီးခိုးမမွှန်နိုင်ပါဘူး။
သမိုင်းမှတ်တိုင် ခိုင်ခိုင်ရှိလေရဲ့
ဗိုလ်ချုပ်နဲ့ ဒီးဒုတ်ဆရာချို။
နိုင်ငံရေးကို ဘာသာရေး ရောလေတော့
သွေဖယ်ပြီ “ပြည်ထောင်စု” အမည်နဲ့ ဟုဆိုကာ
တိုင်းရင်းသားမျက်နှာတွေ ငဲ့ခဲ့တယ်။
ခုခေတ်ဝယ် ၀ါဒမှိုင်းအသွယ်သွယ်နဲ့
အလယ်မှာ ဘာသာရေးခေါင်းစဉ်တပ်
ဘယ်နဲ့ညာ ဟန်ချက်ပျက်ပြီမို့
(မတော်တဆ မဟုတ်)
အနာဆီသို့ ချလေတဲ့ တုတ်
“သံဝေဂ”ခလုတ်ကို မီးမောင်းထိုးခဲ့ပြီ။ ။
————-။ ။—————–
Comments