ဇွန်-၂၈ ၊၂၀၁၃
M-Media
ဆူးထက်
သတင်းမီဒီယာနှင့် ဆိုရှယ်မီဒီယာ စာမျက်နှာများတွင် လူမျိုးရေး၊ ဘာသာရေး ကိုဦးတည်ပြီး အမုန်းတရား တိုးပွားစေသည့် ရေးသာပြောဆိုမှုတွေ ကို ရှောင်ရှားနိုင်ဖို့ ဆွေးနွေးပွဲ တရပ်ကို ရန်ကုန်မြို့ Chatrium Hotel ချက်ထရီယမ် ဟိုတယ်၌ ယနေ့ မနက် ၉ နာရီမှ နေ့လည် ၁၂ နာရီအထိ ပြုလုပ်ကျင်းပ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
ယင်းအခမ်းအနားသို့ အမေရိကန်နိုင်ငံ သံအမတ်ကြီးအပါအ၀င် နိုင်ငံတကာမှ သတင်းထောက်မှ၊ ပြည်တွင်းမီဒီယာများမှ သတင်းထောက်များ နှင့် စိတ်ပါဝင်စားသူ ၂၀၀-၀န်းကျင် တက်ရောက်ခဲ့ပါသည်။
အမုန်းတရား ရေးသားပြောဆိုမှု ရှောင်ရှားရေး ဆွေးနွေးပွဲ သို့ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာ ခေါင်းဆောင်များမှ အမုန်းတရား ရေးသားပြောဆိုမှုများ ရှောင်ရှားရန် သြ၀ါဒများ ပြောကြားခဲ့ပြီး တက်ရောက်လာသူ တချို့၏ မေးခွန်းအနည်းငယ်ကိုလည်း ဖြေကြားခဲ့ကြပါသည်။
အဆိုပါ အခမ်းအနားတွင် ပြန်ကြားရေး ၀န်ကြီးဌာန၊ ဒုတိယ ၀န်ကြီး ဦးရဲထွဋ်မှ “လာမည့် ဂျူလိုင်လ ၁၅-ရက်နေ့ ကစပြီး မြန်မာ့အသံနှင့် ရုပ်မြင်သံကြား သတင်း အစီအစဉ်တွေ၊ ရေဒီယို အစီအစဉ်တွေကို မိုဘိုင်းလ်ဖုန်းတွေပေါ်ကနေ ကြည့်နိုင်အောင် ကျွန်တော်တို့ လုပ်နေပါတယ်။ စက္ကန့်ပိုင်းအတွင်းမှာ အပြိုင် ကောလဟာလတွေကို ငြိမ်သက် လုပ်နိုင်ဖို့ လိုပါတယ်။ နိုင်ငံပိုင် မီဒီယာ၊ အများပြည်သူ ၀န်ဆောင်မှု မီဒီယာတွေ အားလုံးကို အကြံပြုချင်တာက ပထမဆုံးက အပြုသဘောဆောင်တဲ့ အမြင်တွေနဲ့ အနာဂတ်ရဲ့ မျှော်လင့်ချက် အားလုံးကို ပြည်သူတွေကို အသိပေးဖို့လိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မျှော်လင့်ချက် မရှိဘူး၊ အထီးကျန်နေတယ်လို့ ယူဆရတဲ့ သူတွေမှာ အစွန်းရောက်တဲ့ အယူဝါဒတွေ ရှိတတ်ပါတယ်။ ကျွန်တော်တို့တွေဟာ ဘာသာတွေ၊ လူမျိုးတွေ ဘယ်လောက်ပဲ ကွဲခြား ကွဲခြား ကျွန်တော်တို့ ကြားထဲမှာ တူညီတဲ့ တန်ဖိုးတွေကို ဦးစားပေးပြီး ဖော်ထုတ်ဖော် လိုပါတယ်။ ကျွန်တော်တို့ အားလုံးရဲ့ နိုင်ငံပေါ်မှာ ထားရှိတဲ့ တန်ဖိုး၊ မျှော်လင့်ချက် ဒါတွေကို ဖော်ထုတ်ပြီးတော့ ကွဲပြားခြားနားတဲ့ဟာတွေကို စပြောမယ့် အစား ဒီတူညီတဲ့ တန်ဖိုးတွေကို မူတည်ပြီး အားလုံး ဘယ်လို အလုပ်လုပ်နိုင်လဲဆိုတာစပြီး ရပ်တည်ပြီး အဖြေရှာဖို့ လိုပါတယ်” ဟုထည့်သွင်းပြောကြားသွားခဲ့သည်။
ဓါတ်ပုံများ ကြည့်ရန် Click Here
Leave a Reply
You must be logged in to post a comment.