6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇူလိုင် ၃၊ ၂၀၁၃
M-Media
အိမေ

ပွင့်လင်းကွန်ယက် ပရဟိတအဖွဲ့မှ ရွှေဝါရောင်ပညာဒါနကျောင်းသို့ အလှူငွေ ပေးအပ်ပွဲ အခမ်းအနားကို၂၀၁၃ခုနှစ်၊ ဇူလိုင်လ၊ ၃-ရက်နေ့ နေ့လည်၁၂-နာရီ တွင် ရွှေဝါရောင်ကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။

P7037433
“လှူဖြစ်တာကတော့ ဘုန်းဘုန်းက လှမ်းပြီး လိုအပ်တာလေးကို အကူအညီိ တောင်းလို့ပါ။ ဒီနှစ်မှာ ဆိုရင် ရွှေဝါရောင် ပညာဒါနကျောင်းမှာ ကျောင်းသားတွေ တော်တော်များလာပါတယ်။ ဒီကျောင်းမှာ ၈-တန်း၊ ၉-တန်း၊ ၁၀-တန်း ကလေးတွေ ပညာသင်ကြားနေတာပါ။ ကျောင်းသားတွေ အတွက် အဓိက လိုအပ်နေတဲ့ ကျောင်းသုံး ပစ္စည်းတွေ ၀ယ်ဖို့အတွက် တစ်သိန်းလေးသောင်း ငါးထောင် တိတိ လှူဒါန်းခဲ့ပါတယ်။ ကွန်တော်တို့ ဥက္ကံမှာ ရှိတဲ့ ဒုက္ခသည်တွေကိုလည်း အ၀တ်အစား အထည်သုံးရာကျော်ကို လှူဒါန်းခဲ့ပါသေးတယ်။ ရှေ့ဆက်ပြီးတော့လည်း ကျွန်တော်တို့ အဖွဲ့အနေနဲ့ တတ်နိုင်သမျှ ပရဟိတ လုပ်ငန်းတွေကိုပဲ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ် ” ဟု ပွင့်လင်း ကွန်ရက် အဖွဲ့ကိုယ်စား ကိုရဲဝင်းထွန်းက M-Media သို့ပြောသည်။
“ကျွန်ုပ်တို့ လက်များသည် ကမ္ဘာလောကကြီးအတွက် လိုအပ်နေသော ကွက်လပ်များအား ဖြည့်ဆည်းပေးနိုင်သည့် ထာဝရဖြူစင် ကမ်းလင့်လက်များဖြစ်နိုင်ပါစေ” ဆောင်ပုဒ်ဖြင့်  ပွင့်လင်းကွန်ရက် ပရဟိတအဖွဲ့ကို ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃-ရက် ဗိုလ်ချုပ်မွေးနေ့ မတိုင်မီ ရက်ပိုင်း အလိုက စတင် ဖွဲ့စည်းခဲ့သော အဖွဲ့အစည်းဖြစ်ကြောင်း သိရသည်။ အဆိုပါကွန်ရက်၏ ပထမဆုံး အလှူဒါနမှာ ဗိုလ်ချုပ်မွေးနေ့ အထိမ်းအမှတ် အဖြစ် သန်လျင်မြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးပွဲမှာ သောက်ရေသန့် ဒါဇင် (၃၀၀) လှူဒါန်းမှု ပြုခဲ့ပြီးကြောင်းလည်း သိရသည်။

ဓါတ်ပုံများ ကြည့်ရန်။ Click Here

Leave a Reply