6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇူလိုင်-၅ ၊ ၂၀၁၃
M-Media
KK

သံတွဲမှ အကြမ်းဖက်မီးရှို့မှု အကြောင်းပြချက်- အမျိုးသမီးအား အနိုင်ကျင့်စော်ကားမှု စွပ်စွဲခံရသူ၏ မိခင်နှင့် ဆက်သွယ် မေးမြန်းချက်

ရခိုင်ပြည်နယ် သံတွဲမြို့တွင် ရခိုင် အမျိုးသမီးငယ်တစ်ဦးအား မွတ်စလင်မ် ၂-ယောက်မှ မုဒိမ်းကျင့်သည်ဟု သတင်းများ ထုတ်လွှင့်ပြီး အကြမ်းဖက်မီးရှို့မှုများဖြစ်ပွားခဲ့ပါသည်။

ကျူးလွန်သူများမှာ အစ္စလာမ်ဘာသာဝင် ကမန်လူမျိုးများဟု ပြည်တွင်းမီဒီယာ အများစုတွင်ထည့်သွင်းဖော်ပြကြပြီး ယင်းကိစ္စကို အကြောင်းပြုပြီး သံတွဲမြို့တွင် အကြမ်းဖက် လုပ်ရပ်များဖြင့် တုန့်ပြန်ခဲ့ကြသည်။ ကျူးလွန်ခဲ့သူဟု စွပ်စွဲခံရသူ နှစ်ဦးအနက်မှ ကိုနိုင်သူ၏ မိခင်ဖြစ်သူနှင့် M-Media မှ ဆက်သွယ်မေးမြန်းခဲ့ရာ ကိုနိုင်သူမှာ အစ္စလာမ်ဘာသာဝင်တယောက်မဟုတ်ပဲ  ဗုဒ္ဓဘာသာကိုးကွယ်သူသာ ဖြစ်ကြောင်း အခြားတယောက်ဖြစ်သူ ကိုမျိုးနိုင်မှာ အစ္စလာမ်ဘာသာဝင်ဖြစ်ကြောင်းထည့်သွင်း ဖြေကြားခဲ့သည်။

ဆက်လက်ပြီး ယခုဖြစ်ရပ်က လုပ်ကြံမှုသက်သက်လို့သာထင်ကြောင်း၊ မွတ်စလင်မ်တွေ ကိုယ်အိမ်ကိုယ် မီးရှို့တယ်ဆိုတဲ့သတင်းတွေ မဖြစ်နိုင်ကြောင်း၊ မီးရှို့ခံရတဲ့ အိမ်တစ်အိမ်ဆိုရင် လူတောင်မရှိကြောင်း၊ အပြင်သွားနေတာဖြစ်ကြောင်း၊ ယခု အကြမ်းဖက်မှုများ အစပျိုးရာ အကြောင်းပြချက်ဖြစ်သော မုဒိမ်းမှုမှာ ယခုလိုထင်အောင် လုပ်ကြံ ဖန်တီးထားသာဖြစ်ကြောင်း ဆက်သွယ်မေးမြန်းချက်မှာဖြေကြားသွားပါသည်။

ရခိုင်အမျိုးသမီးငယ်အား စော်ကားခဲ့သည် ဆိုသည့် ဖြစ်စဉ်နှင့် ပတ်သက်၍ ပြစ်မှု ကျူးလွန်သူဟု ယူဆရသူ သံတွဲမြို့မှ ကိုမျိုးနိုင်နှင့် ကိုနိုင်သူတို့ နှစ်ဦးအား ဇူလိုင် ၁ ရက်က ဖမ်းဆီးရမိခဲ့ပြီး သံတွဲရဲစခန်းက ပုဒ်မ၃၇၆ ပြစ်မှုနှင့် အမှတ် ပ-၃၇/၂ဝ၁၃ နှစ် ယင်းနေ့တွင်ပင် စတင် စစ်ဆေးလျက် ရှိသည်။

သံတွဲမြို့မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုကြောင့် ဇူလိုင် ၁ရက်နေ့ထိ စာရင်းများအရ လူနေအိမ် ၅-လုံး မီးရှို့ခံရပြီး အခြားလူနေအိမ် ၇-လုံး ဖျက်ဆီးခံရပါတယ်။ ကားဂိတ်တစ်ခု မီးရှို့ဖျက်ဆီးခံရပြီး ကား(၄)စီးလည်း ဖျက်ဆီးခံခဲ့ရတယ်လို့ သံတွဲမြို့ အကြမ်းဖက်မှုရဲ့ ပျက်ဆီးဆုံးရှုံးမှုများကိုလည်း သိရပါတယ်။

မေးမြန်းချက်အပြည့်အစုံကို အသံဖိုင်တွင်နားဆင်နိုင်ပါတယ်။

Leave a Reply