6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇူလိုင် ၁၀၊ ၂၀၁၃
M-Media
သုတ

ရန်ကုန် ။       ။           လက်ရှိဖြစ်ပေါ် ထွက်ရှိနေသော ကောလဟာလများနှင့် ပတ်သက်၍ ကောလဟာလများမှ အမှန်တရားဆီသို့ ဟူသော စာစဉ်ကို Mizzima Youth Network မှ ယနေ့ ထုတ်ဝေဖြန့်ချီလိုက်ပါသည်။

ယင်းစာစဉ်သည် ကောလဟာလများမှ အမှန်တရားဆီသို့ (စာစဉ် – ၁)ဖြစ်ပြီး စာစဉ်တွင် အစ္စလာမ်ဆိုသည်မှာ၊ ကုရ်အာန်ကျမ်းမြတ်ဆိုသည်မှာ၊ ၇၈၆ ဆိုသည်မှာ၊ ဂျီဟာဒ်ဆိုသည်မှာ၊ အစ္စလာမ်တွင် ဇနီးတစ်ဦးထက်ပို၍ ယူပိုင်ခွင့်ပြုခြင်းဆိုသည်မှာ အစရှိသည့် ခေါင်းစဉ်များကို ရှင်းလင်းဖော်ပြထားကြောင်း သိရသည်။

ဘာသာအပေါ် ထင်ယောင်ထင်မှားဖြစ်နေသော အကြောင်းအရာများထဲမှ အချို့အား ယင်းစာစဉ်ငယ်တွင် ထည့်သွင်းရှင်းလင်းထားပြီး လူမျိုးဘာသာမရွေး လွယ်ကူစွာဖတ်ရှုနိုင်ရန် ရည်ရွယ်ရေးသားထားကြောင်းလည်း သိရသည်။

အဆိုပါစာစဉ်ထုတ်ဝေသော Mizzima Youth Network သည် မြန်မာပြည်တွင်း ဖြစ်ပေါ်နေသော ကိစ္စရပ်များအား ငြိမ်းချမ်းရေးဘက်သို့ ရှေ့ရှုလုပ်ဆောင်နေသော လူငယ် Network တစ်ခု ဖြစ်ကြောင်း သိရသည်။

အကယ်၍ ဤစာစဉ်-၁ အား မိမိဒေသများတွင် ဖြန့်ဝေလိုပါက Mizzima Youth Network, တယ်လီဖုန်း 095154831, 0973143129, 0931058398, 0931429763 သို့ ဆက်သွယ်ပြီး ရယူနိုင်ကြောင်းလည်း သိရသည်။

MIZ

MIZ1

Leave a Reply