6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇူလိုင် ၁၅၊ ၂၀၁၃
M-Media

UK Trip1

သမ္မတဦးသိန်းစိန်အား ဆန္ဒပြရန် ပြင်ဆင်နေသူများ

မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်နဲ့ အစိုးရကိုယ်စားလှယ်အဖွဲ့ဟာ ဇူလိုင်လ ၁၄ ရက်နေ့ ဗြိတိန်စံတော်ချိန် ညနေ ၆ နာရီခွဲမှာ အင်္ဂလန်နိုင်ငံ Heathrow လေဆိပ်ကို ဆိုက်ရောက်လာခဲ့ကြပါတယ်။ ဗြိတိန်ခရီးစဉ်အတွင်း မြန်မာနိုင်ငံအတွက် ပညာရေး၊ စီးပွားရေး၊ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ လူ့အခွင့်အရေးဆိုင်ရာတွေ ဆွေးနွေးဖို့ ရှိနေတဲ့ မြန်မာသမ္မတနဲ့ ဗြိတိန်ဝန်ကြီးချုပ်တို့ တွေ့ဆုံကြမယ့်အချိန်မှာပဲ အင်္ဂလန်နိုင်ငံရောက် မြန်မာ့အရေး လှုပ်ရှားသူများ၊ တရားမျှတမှူကို လိုလားသူ ဗြိတိန်နိုင်ငံသားများမှနေ၍ ပါလီမန် အဆောက် အအုံ၊ ဝန်ကြီးချုပ်အိမ်တော် (၁၀) ဒေါင်းနင်းလမ်း၊ Chatham House,Sofitel hotel အစရှိတဲ့ လန်ဒန် မြို့ရဲ့ အချို့နေရာများ၌ ဇူလိုင် ၁၅ ရက် နေ့ ၌ လက်ရှိ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်နေဆဲ အခြေအနေတွေကို ဆန့်ကျင်ကန့်ကွက် ဆန္ဒထုတ်ဖော် ခဲ့ကြပါတယ်။

ယူကေနိုင်ငံ ဝန်ကြီးချူပ် ဒေးဗစ် ကင်မရွန်းနှင့် တွေ့ဆုံပွဲ အတွင်း သမ္မတ ဦးသိန်းစိန်က ဒီနှစ်ကုန်ကျရင် နိုင်ငံရေး အကျဉ်းသားများ အားလုံးကို လွှတ်ပေးမည်ဖြစ်ကြောင်း ကတိစကားပြောကြားခဲ့တယ်လို့လဲ သိရပါတယ်။

ဇူလိုင်လ ၁၄ ရက်နေ့ကနေ ဇူလိုင်လ ၁၈ ရက်နေ့အထိ ၅ ရက်တာကြာမြင့်မယ့်ဥရောပခရီးစဉ်အတွင်း သမ္မတဦးသိန်းစိန်ဟာ အင်္ဂလန်နိုင်ငံ ပြီးနောက် ပြင်သစ်နိုင်ငံကို ခရီးဆက်လက် ထွက်ခွာ မည် ဖြစ်ကြောင်း သိရပါတယ်။

ရုပ်သံ

Leave a Reply