6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇူလိုင်-၁၉၊၂၀၁၃
M-Media

Ahmadinejad

အီရန် သမ္မတ မဟ်မူးဒ် အဟ်မဒီ န်ီဂျဒ် (Mahmoud Ahmadinejad) က အစ္စရေး၏ဇီယွန်ဝါဒအုပ်ချုပ်ရေးစံနစ်သည် ဒေသတွင်း၌ မငြိမ်သက်မှုများနှင့် အကြမ်းဖက်မှုများကို အမြဲတစေ ဖြစ်ပေါ်စေရန်ကြိုးပမ်းလျက်ရှိပြီး၊ ဒေသတွင်းနိုင်ငံများသည် သူတို့၏ သွေးခွဲမှုအကြံစည်အား စည်းလုံးမှုဖြင့်ပြန်လည် တွန်းလှန်ရမည် ဟုဆိုသည်။

“ ဇီယွန်ဝါဒီများသည် တူရကီ၊ လစ်ဗျား၊ အီဂျစ် နှင့် အခြားနိုင်ငံများကို အမြဲတမ်း မငြိမ်မသက် ဖြစ်စေချင်ကြသည်။ ထိုလုပ်ဆောင်မှုများကိုတားဆီးရန် ကျွန်ုပ်တို့ အချင်းချင်းအကြား ညီနောင်ဝါဒကို ပိုမိုဖြန့်ကျက်ရန် လိုအပ်၏ ” ဟု ကြာသပတေးနေ့က အီရတ်ပါလီမန်မှ ပြောရေးဆိုခွင့်ရှိသူ အုစာမဟ် အလ်နုဂျိုင်ဖီ (Osama al Nujaifi) နှင့် နိုင်ငံ၏ ဥပဒေပြုများနှင့်အတူပြုလုပ်ခဲ့သော အစည်းအဝေးတွင် အဟ်မဒီ န်ီဂျဒ် က ပြောကြားခဲ့သည်။

အစ္စရေး အပါအ၀င် အချို့သောရန်သူများသည် သူတို့၏အိမ်နီးချင်းနိုင်ငံများအား အမြဲတစေ ကသောင်းကနင်းဖြစ်နေသည်ကို မြင်ချင်နေကြသည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် အိမ်နီးချင်းနိုင်ငံများက သူတို့ထက်ပိုမို၍ အင်အားကြီးသွားမည်၊ တိုးတက်သွားမည်ကို မလိုလားသောကြောင့် ဖြစ်ကြောင်း သူက ဆက်လက်ပြောကြားခဲ့၏။

အီဂျစ်၏ လက်တစ်လောဖြစ်ရပ်များကို ထောက်ပြလျက်  အီရန် စီမံခံခွဲရေးအရာရှိချုပ်က အာရဗ်နိုင်ငံများအတွင်း အကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပေါ်နေပါက ထိုအရာသည် ဘာသာရေး မဏ္ဍိုင်ကြီး တစ်ရပ်ကို ထိခိုက်စေမှာဖြစ်ပြီး၊ ဘက်ပေါင်းစုံ၌ ထိခိုက်သူများ ဦးရေမြင့်တက်လာနိုင်သဖြင့်၊ ရန်သူကိုလည်း ၀မ်းသာအာရဖြစ်အောင် လုပ်ပေးနေသကဲ့သို့ ဖြစ်လိမ့်မည်ဟု ပြောဆိုလိုက်သည်။

အီဂျစ်စစ်တပ်သည် သမ္မတ မုဟမ္မဒ် မူရ်စီ (President Mohamed Morsi) အား ရာထူးမှဖြုတ်ချခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆိုင်းငံ့ထားခြင်း၊ ဇူလိုင်လ ၃ ရက်နေ့က ပါလီမန်ကိုဖျက်သိမ်းလိုက်ပြီး နောက်တစ်ရက်တွင် အီဂျစ်တရားရုံးချုပ်မှ တရားသူကြီးချုပ် အဒ်လီ မန်စူးရ်(Adly Mansour) အား ကြားဖြတ်သမ္မတအဖြစ် ခန့်အပ်ကြေငြာလိုက်ခြင်းတို့ကြောင့် အီဂျစ်၌ တင်းမာမှုများ ကြီးထွားလာခဲ့သည်။

မူရ်စီကိုထောက်ခံသူများ၊ ဆန့်ကျင်သူများ နှင့် လုံခြုံရေးတပ်ဖွဲ့များကြားတွင် ဖြစ်ပေါ်ခဲ့သည့် ပြင်းထန်သောတိုက်ခိုက်မှုများတွင် လူပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ရသည်။

နှစ်ဦးနှစ်ဖက်ပြေလည်ရေးအား ချဉ်းကပ်သောအားဖြင့် အီရန်-အီရတ် ပူးပေါင်းဆောင်ရွက်မှုကဲ့သို့ အပြုသဘောဆောင် တိုးမြှင့်လိုက်ရန် အဟ်မဒီ နီဂျဒ်မှ ဆော်သြလိုက်သည်၊ ယနေ့ကာလတွင် ၄င်းနှစ်နိုင်ငံအကြား၌ မည်သို့သောခွဲခြားခြင်း မရှိတော့ပါ ဟုသူက ထည့်သွင်းပြောကြားခဲ့သည်။

အမျိုးသားစည်းလုံးမှုအပြင် နိုင်ငံတကာ ဆက်ဆံရေးများကို ပိုမိုကောင်းမွန် ခိုင်မာလာအောင် ဆောင်ရွက်နေသော  အီရတ်ပါလီမန်၏ အခန်းကဏ္ဍကိုလည်း အလေးပေးပြောကြားသွားပြီး၊ အီရတ်နိုင်ငံသည် လုံခြုံ၍ အင်အားကြီးသော လမ်းကြောင်းပေါ်ရောက်နေပြီဖြစ်ကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။

ဒေသတွင်းနိုင်ငံများအကြားနားလည်မှုများ ရလာအောင် ဖန်တီးရာတွင် အီရန် နှင့် အီရတ်တို့သည် အရေးပါသော အခန်းကဏ္ဍတွင် ရှိနေသောကြောင့် အီရန်သည် ဒေသတွင်း ကြံ့ခိုင်မှု နှင့် စည်းလုံးခြင်းကို ဖော်ဆောင်တိုးမြှင့်ရန် အစွမ်းရှိသမျှ ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ဆိုသည်။

ကြာသပတေးနေ့က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင်လည်း တက်ရောက်လာသော အီရန်သမ္မတက အီရန် နှင့် အီရတ်တို့သည် ဒေသတွင်းလုံခြုံရေး နှင့် တိုးတက်ရေးဖြစ်ထွန်းရန်အတွက် ထင်ရှားသော အခန်းကဏ္ဍ၌ ပါဝင်နေလျက်ရှိသည်ဟု သတင်းထောက်များအား ပြောကြားခဲ့သည်။

အဟ်မဒီ နီဂျဒ် ၏အဆိုအရ Tehran-Baghdad ချစ်ကြည်ရေးကို တိုးမြှင့်လိုက်ပါက မရေတွက်နိုင်သည့်ကောင်းကျိုးများဖြစ်ထွန်းလာမည်ဖြစ်ကြောင်း၊ နိုင်ငံနှစ်ခုစလုံးသည် ပူးပေါင်းဆောင်ရွက်မှု နှင့် ဆက်ဆံရေးတိုးမြှင့်မှုအတွက် အစွမ်းရှိသမျှ ဖော်ဆောင်ဖို့ သံဓိဌာန်ချထားကြကြောင်း သိရသည်။

အီရန်သမ္မတသည် အီရတ်နိုင်ငံသို့ နိုင်ငံကိုယ်စားပြုအနေဖြင့် ကြာသပတေးနေ့က ရောက်ရှိလာခဲ့ပြီး၊ သူ၏ နှစ်ရက်ကြာခရီးစဉ်ကို အိမ်နီးချင်းနှစ်နိုင်ငံကြား အပြန်အလှန်ဆက်ဆံရေး တိုးမြင့်လာစေရန်အတွက် ရည်ရွယ်ကြောင်းသိရသည်။

သူ့ခရီးစဉ်၏ပထမနေ့တွင် သူသည် အီရတ် ၀န်ကြီးချုပ် နူရီ အလ်မာလီကီ (Nuri al-Maliki) နှင့် ဒုတိယ၀န်ကြီးချုပ် ခုဒိုင်းရ် အလ်ခုဇာအီ (Khudayr al-Khuzai) တို့နှင့်လည်း တွေ့ဆုံခဲ့သည်။

AR/NN/HMV

Leave a Reply