News @ M-Media

2013 မြန်မာပြည် ခရီးသွား လမ်းညွှန်

ဇူလိုင်-၂၄၊ ၂၀၁၃
ရေးသူ- ဇော်မင်းထွေး

satire

၁. ယမ်းငွေ့ ဝေေ၀ ၊ မနောမြေ.. ဒုက္ခသည် စခန်း စိတ်ပင်ပန်း စရာ နှလုံးကွဲအက် အလည်အပတ် ခရီးစဉ်

၂. သူသေ ကိုယ်သေ သတ်လို့မ၀၊ ရခိုင်ပြည်ရဲ့ သွေးမြေကျ အမုန်းပွါးဒေသသို့ ၀မ်းနည်းပက်လက် အထူးခရီးစဉ်

၃. အလောင်းပြန့်ကျဲ မီးရှို့ပွဲ၊ ခြိမ့်ခြိမ့် သဲသဲ အပြတ်ကျင်းပရာ မိထ္ထီလာ မြေသို့ ရင်ကျိုးဖွယ် တစ်ပတ်ခရီးစဉ်

၎. အမြောက်သံ၊ ဗုန်းဆံ ပေါများလျှံရာ ကရင်ဒေသမှာ အသက်ဖက်ထုပ် တကုပ်ကုပ်ပြေးနိုင်သော သောကပွေခရီးစဉ်

၅. မွဲပြာ ထိပ်ရောက်၊ ဥစ္စာနထ္တိ၊ စားစရာမရှိအောင် ခေတ် အဆက်ဆက် လုပ်ထားရက်တဲ့ ချင်းပြည်ရဲ့ ဒုက္ခတောအား လေ့လာရေး

၆. လက်ပန်းတောင်းတောင် မီးဗုန်းပစ်ပွဲနှင့်၊ လူဖမ်းပွဲအား ရင်မောဖွယ် ကြည့်ရှုလေ့လာခြင်း ခရီးစဉ်

၇. အဓိကရုဏ်းဖန်တီး၊ ရှုမငြီးစရာ၊ မီးလောင်တိုက်သွင်း လားရှိုးမြင်ကွင်းအား မျက်ရည်စက်လက် ရှုစားခြင်း ခရီးစဉ်

၈. သည်းထိတ်ရင်ဖိုစရာ အသက်လုထွက်ပြေး ဥက္ကံမြို့လေးက လူအမဲလိုက်ပွဲ ပါဝင်ဆင်နွှဲစရာ အမောစို့ဖွယ် စွန့်စားမှု ခရီးစဉ်

၉. မရဏလမ်း၊ မြန်းကြွ စရာ၊ နေပြည်တော် အဝေးပြေး အ၀ီစိရောက် အမြန်လမ်းတလျှောက် ကားဖြင့် ရင် တထိတ်ထိတ် လည်ပတ်ခြင်း ခရီးစဉ်

၁၀. မီးရှို့ခံ၊ ဖျက်စီးခံ၊ ဗုန်းကြဲခံ၊ ဗလီ အများအပြား၊ Charch တစ်ချို့နှင့်၊ ဘုန်းတော်ကြီးကျောင်း အနည်းငယ် အား လည်ပတ်ကြည့်ရှု နိုင်သည့် စုတ်တသတ်သတ် ခရီးစဉ်

စသည့်..စသည့် ခရီးစဉ်များကို စိန်စိန်နှင့် ရောင်းရင်းများ ခရီးသွား အေဂျင်စီ မှ စီစဉ်မှုဖြင့် အသက်ရှုရပ်လောက်ဖွယ် အထူးအစီအစဉ်များ (ဥပမာ.. ဒီမိုကရေစီ မျက်လှည့်ပွဲ၊ အကြမ်းဖက် တရားပွဲ၊ အိပ်ချင်စဖွယ် လွတ်တော်ဝယ် လေ့လာရေး..) ပါဝင်သည့်.. Tour Packages များအား အသက်နှင့် အလဲအထပ်ပြု၍ လက်မှတ်များ ရောင်းချပေးနေပါသည်။

Comments

Leave a Reply