6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇူလိုင်-၂၄၊ ၂၀၁၃
M-Media
သတင်း – ဆူးထက်

kyo pin kyout copy

ကြို့ပင်ကောက် ။       ။     ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်ရှိ အကြမ်းဖက်ခံရသည့် ပြည်သူတစ်ဦးထံ  သူကြုံတွေ့ခဲ့ရသည့် ဖြစ်ရပ်များ၊ လက်ရှိ ကြုံတွေ့နေရသည့် အခက်အခဲများနှင့် ပတ်သက်၍ သိလို သမျှကို M-Media မှ ဆက်သွယ် မေးမြန်း ခဲ့ပါသည်။

“၂၀၁၃-ခုနှစ် မတ်လ ၂၃ရက်၊ ၂၄ရက်နေ့များမှာ ကျွန်တော်တို့ ပဲခူးတိုင်း အနောက်ခြမ်းထဲက  အိုးသည်ကုန်း မြို့နယ်မှာ အကြမ်းဖက်မှုတွေ စတင်ဖြစ်ပွားခဲ့ပါတယ်။ ကျွန်တော်တို့ ကြို့ပင်ကောက် မြို့သို့ အဲဒီ့ ဂယက်တွေ ရိုက်ခတ်ခဲ့ပါတယ်။ အဲဒီနေ့တွေထဲက ကြို့ပင်ကောက်မြို့မှာ အုတ်ဖို ပြီးရင် ကြို့ပင်ကောက် ဆိုတာတွေ ကြားခဲ့ရတယ်။ ကြို့ပင်ကောက်က မွတ်စ်လင်မ်တွေ အားလုံး ပစ္စည်းတွေရွှေ့၊ သိမ်းရင်း အားလုံး သတိနဲ့ နေနေကြရတယ်။

၂၀၁၃-ခု၊ မတ်လ ၂၅-ရက်နေ့ ညမှာတော့ ည ၁၁း၃၀ နာရီ မှ စတင်၍ အကြမ်းဖက်မှု စတင်ဖြစ်ပွားခဲ့ပါတယ်။ ကြို့ပင်ကောက်မှာ နေအိမ်(၃)လုံး စတင်ဖျက်ဆီးခံရပြီးနောက် မြို့မ ဂျာမေ့လ်ဗလီ ကြီးလည်း ဖျက်ဆီးခံရပါတယ်။ ကျွန်တော်တို့ရဲ့ နေအိမ်၊ ဆိုင်ခန်း အပါအ၀င် မွတ်စ်လင်မ် အများစုရဲ့ နေအိမ်များ အကြမ်းဖက်ခံရပါတယ်။ ပစ္စည်းများကို ဖျက်ဆီး ရိုက်ချိုးရုံသာမက အဖိုးတန် ပစ္စည်းများကိုလည်း သယ်ဆောင်သွားကြပါတယ်။ မွတ်စ်လင်မ် အားလုံး မိုးမလင်းခင်ထိ ဗုဒ္ဓဘာသာ မိတ်ဆွေတွေအိမ်မှာ သွားရောက် ပုန်းခိုကြရပါတယ်။ မိမိတို့ နေအိမ်မှာ မည်သူမျှ မနေရဲခဲ့ကြပါဘူး။ အကြမ်းဖက် အုပ်စုတွင် မြို့ခံ၊ ရွာခံ လူများစွာ ပါဝင်ခဲ့ကြပါတယ်။

အလ္လာဟ်အိမ်တော်ဖြစ်တဲ့ ဂျာမေလ်ဗလီဟာ ဒုတိယ အကြိမ်မှာတော့ သစ်လုံးတင်သည့် ကရိန်းဖြင့် မဒရ်စာရ်ဆာ အဖျက်အဆီး ခံရပြီးနောက် ဗလီ အထဲ အထိ ဖြိုချ ဖျက်ဆီးခဲ့ပါတယ်။ မွတ်စ်လင်မ်တွေ အားလုံးဟာ မနက်မိုးလင်းမှ မိမိနေအိမ်တို့ ပြန်ကြရပါတယ်။ အဲဒါနဲ့တင် မပြီးသေးဘဲ နေ့ခင်း (၂း၀၀)မှာ လူစုထားပြီး “လူအုပ်ကြီး တက်လာပြီ” ဟူ၍ အသံကြားရတော့ ကျွန်တော်အပါအ၀င် မွတ်စလင်မ်တွေ အားလုံး ပုန်းခိုကြရပြန်ပါတယ်။ ဒါပေမယ့် ဘာမှ မဖြစ်ခဲ့ပါဘူး။

၂၆-ရက်နေ့ ညနေ ၄း၀၀ နာရီ ၅း၀၀ နာရီလောက်မှာတော့ ပုဒ်မ (၁၄၄) ထုတ်ပေးခဲ့ပါတယ်။ ဒါပေမယ့် မွတ်စ်လင်မ်တွေ အားလုံး ဘယ်သူမှ ကိုယ်အိမ်ကိုယ် မနေရဲခဲ့ကြပါဘူး တခြားမြို့နယ်တွေဆီ ပုန်းရှောင်နေကြရပါတယ်။ မွတ်စ်လင်မ်တွေရဲ့ စိတ်ထဲမှာ သိမ်ငယ်စိတ်၊ ကြောက်လန့်စိတ်၊ စိုးရိမ်စိတ်တွေနဲ့ ပူလောင်သောကတွေနဲ့ နေခဲ့ကြရပါတယ်။

၂၈.၃.၁၃၊ ၂၉. ၃.၁၃ ရက်နေ့ကစပြီး ကိုယ့်အိမ်ကိုယ် ပြန်နေကြပါတယ်။ ပြင်စရာရှိတာပြင်၊ ရှင်းစရာ ရှိတာရှင်း၊ သိမ်းဆည်းစရာများနှင့်တကွ ပြန်လည် နေထိုင်ကြပါတယ်။ မွတ်စင်လင်မ်တွေ အားလုံးဟာ ညဆို ကြောက်နေခဲ့ကြရပါတယ်။ စိတ်မလုံမခြုံနဲ့ နေခဲ့ကြရပါတယ်။

ဧပြီလ ၁-ရက်နေ့ကစပြီး မွတ်စ်လင်မ်တွေ အားလုံး စိတ်ကို တင်းပြီး ဆိုင်ပြန်ဖွင့်သူ ဖွင့်၊ ပြင်ဆင်သူ ပြင်ဆင်ဖြင့် စတင် လုပ်ငန်း လည်ပတ်ခဲ့ကြပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ လက်ရှိကြုံတွေ့ နေရတဲ့ အခက်အခဲကတော့ မွတ်သ်လင်မ်ဆိုင် အားလုံး ငုတ်တုတ် ထိုင်နေကြရပါတယ်။ မွတ်စ်လင်မ်တွေ ရောင်းနေတာ မြင်ရင် ၀င်လာပြီးရင်တောင် ပြန်ထွက် သွားကြပါတယ်။ အရောင်းအ၀ယ်တွေ ပုံမှန် လုံးဝကို ပြန်လည် မရရှိသေးပါဘူး။ ဗလီမှာ မဒါရ်ဆာ( စာသင်ကျောင်းဆောင်) မရှိတော့တဲ့ အတွက် ကလေးတွေ စာသင်ဖို့ နေရာ ပျောက်ဆုံးခဲ့ရပါတယ်။

မွတ်စ်လင်မ်တွေ အားလုံးရဲ့ လူမူရေး၊ စီးပွားရေးဟာ ယနေ့ထိ ပြန်လည် အဆင်မပြေသေးပါဘူး။ မြန်မာပြည် အနှံက စေတနာရှင်တွေနဲ့ ညီနောင်တွေ အားလုံးက ထောက်ပံ့ ကူညီခဲ့ကြပါတယ်။ ဒါပေမယ့် ကြို့ပင်ကောက်မှာ ရှိတဲ့ မွတ်စ်လင်မ်တွေရဲ့ စိတ်ထဲမှာ ၀မ်းနည်း၊ သိမ်ငယ်၊ ကြောက်လန့် နေတဲ့ စိတ်တွေကတော့ ပြန်လည် မြှင့်မတင်လာသေးပါဘူး။   ကြို့ပင်ကောက်မှာ ရှိတဲ့ မွတ်စ်လင်မ်တွေ အားလုံး နီးပါးဟာ စိတ်ဓာတ် အင်အား၊ အတွေးအခေါ်နှင့် ငွေအင်အား၊ စီးပွားရေးတွေဟာ အခြေခံ လူတန်းစား များသောအားဖြင့် ဈေးသည်တွေ အတွက် လိုအပ်နေပါသေးတယ်။

မွတ်စ်လင်မ်တွေ အားလုံး တစုတစည်းထဲ ညီညီညွှတ်ညွှတ် ဆောင်ရွက် သွားကြဖို့ လိုပါတယ်။ တစ်ဦးနှင့် တစ်ဦး တိုင်တိုင် ပင်ပင် နွေးထွေးစွာ ရှိမည်ဆိုပါလျှင် အကြမ်းဖက်ခံခဲ့ရသည့် ဒေသများမှ မွတ်စ်လင်မ် အားလုံးရဲ့ စိတ်ဓာတ်သည် ပြန်လည် မြင့်တက်လာပြီး နိုးကြားလာမှာ ဖြစ်ပါတယ်။  ကြို့ပင်ကောက်မှာ ရှိတဲ့ မွတ်စ်လင်မ် လူငယ်တွေ အတွက် အသက်မွေးဝမ်းကြောင်း ပညာရပ်များကိုလည်း လာရောက်သင်ကြားပေးစေချင်ပါတယ်။ ကူညီပါ၊ ထူမပါ၊ လက်တွဲ ထူမပေးကြပါလို့ ပြောချင်ပါတယ်” ဟု M-Media သို့ပြောသည်။

Leave a Reply