6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇူလိုင် ၂၆၊ ၂၀၁၃
M-Media
KK

မိတ္ထီလာမြို့ အကြမ်းဖက်ခံရမှုမှ ဒုက္ခသည်စခန်း ၄-ခုရှိ မွတ်စလင်မ်များ ရမ္မဿွာန်(ဥပုသ်)လ အဆင်ပြေစေဖို့ ရန်ကုန်နှင့် မန္တလေးရှိ အလှူရှင်များ စုပေါင်းလှူဒါန်း

မိတ္ထီလာ ။ ။ လွန်ခဲ့သော မတ်လအတွင်းကဖြစ်ပွားခဲ့သည့် မိတ္ထီလာမြို့ အကြမ်းဖက်ခံရမှုကြောင့် ဒုက္ခသည်စခန်းများ၌ ရောက်ရှိနေထိုင်နေကြရသော မွတ်စလင်မ်ဒုက္ခသည်များ ရမ္မဿွာန်(ဥပုသ်)လတွင် မနက် စယ်ရီ(ဥပုသ်စချိန်)နှင့် ညနေ အာဖ်သာရီ(ဥပုသ်လွှတ်ချိန်)တွင် အဆင်ပြေစေရန်အတွက် ရန်ကုန်နှင့် မန္တလေးရှိ အလှူရှင်များစုပေါင်း၍ ဒုက္ခသည်စခန်းများသို့ လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။

အကြမ်းဖက်ခံရမှုကြောင့် ဒုက္ခသည်များ လက်ရှိနေထိုင်ရာ မိတ္ထီလာမြို့ရှိ ရေအရင်းအမြစ်ကယ်ဆယ်ရေးစခန်း၊ ဗဟိုပို့/ဆက် ကယ်ဆယ်ရေးစခန်း၊ ခရိုင် အားကစားကွင်း ကယ်ဆယ်ရေးစခန်း နှင့် ယင်းတော် အာရဗီတက္ကသိုလ်ရှိ ကယ်ဆယ်ရေးစခန်း၊ စုစုပေါင်း(၄)ခုရှိ မွတ်စလင်မ်များအတွက် ရမ္မဿွာန် တစ်လလုံးစာ မနက် စယ်ရီနှင့် အာဖ်သာရီ အတွက် ရန်ကုန်မြို့ ရောင်နသ်ဗလီအဖွဲ့နှင့် မန္တလေး အစ္စလာမ်ဘာသာရေးအဖွဲ့ တို့မှ လှူဒါန်း ခြင်းဖြစ်ကြောင်းသိရသည်။ ညနေ ၀ါဖြေချိန်တွင် ဟယ်လင်နှင့် အသုတ်၊ မနက် စယ်ရီချိန်တွင် ထမင်း၊ ဟင်းနှင့် လ္ဘက်ရည်တို့ စီစဉ်ပေးကြောင်း၊ မိမိနေအိမ်များသို့ ပြန်လည်ရောက်ရှိသူများကိုမူ ဇကားသ်(ဒါနကြေး)ထိုက်သူများအား ဇကားသ်ငွေပေးလှူခဲ့ကြသည်။

လှူဒါန်းမှုနဲ့ပတ်သက်၍ “လှူကြတဲ့သူတွေက ကယ်ဆယ်ရေးစခန်းတွေကို တိုက်ရိုက်လှူဒါန်းတာပါ။ ရန်ကုန်-မန္တလေး အဖွဲ့တွေက စခန်းတွေကို တိုက်ရိုက်သွားပြီးလှူတာပါ။ ခရမ်းချဉ်သီးဆိုရင် ၁၀-ရက်စာလောက်ပဲ ၀ယ်လို့ရတဲ့အတွက် စခန်းထဲက လိုအပ်တာကို မိတ္ထီလာမှာပဲ ကျွန်တော်တို့ အိမ်ပြန်ရောက်ပြီးသူတွေက စီစဉ်ပြီး ၀ယ်ပေးတာပါ။ နို့ဆီဗူး ဆိုရင်လည်း ၁၀-ရက်စာလောက် ၀ယ်ပေးထားပါတယ်။ အကယ်၍ လိုအပ်ရင် ကယ်ဆယ်ရေးစခန်းကနေ ကျွန်တော်တို့ကို ဖုန်းဆက်မှာတဲ့အခါ ကျွန်တော်တို့က မန္တလေးကို လှမ်းပြောပေးပါတယ်။ ပြီးရင် မိတ္ထီလာမှာပဲ ၀ယ်ပြီး ကယ်ဆယ်ရေး စခန်းတွေကို ပြန်ပို့ပေးပါတယ်။

ဟုတ်ကဲ့ အဲလို ၀ယ်ရတာအတွက်က အခက်အခဲမရှိပါဘူး။ လောလောဆယ် မိတ္ထီလာမြို့ထဲမှာတော့ မွတ်စလင်မ်တွေနဲ့ ဘာသာခြားတွေရဲ့ အခြေအနေ ကလည်း အေးအေးဆေးဆေး ပါပဲ။ အခြေအနေကောင်းတယ်လို့ ဆိုနိုင်ပါတယ်။ တစ်ခုက ဘယ်လိုဖြစ်နေလဲဆိုတော့ တချို့ ရပ်မိရပ်ဖဆိုသူတွေ၊ အုပ်ချုပ်ရေးမှူး တချို့တွေကို ကြောက်ရွံ့နေရတယ်။ ဗလီတွေပြန်ဖွင့်တာ ကလည်း သူတို့က ဖွင့်ဆိုတဲ့ ဗလီကိုပဲ ဖွင့်ခွင့်ရနေတာပါ။ ခရိုင်အုပ်ချုပ်ရေးမှူးတွေကအစ လန့်နေရတယ်။

မဟုတ်ဘူးခင်ဗျ။ ခရိုင်အုပ်ချုပ်ရေးမှူးကို လန့်ရတာမဟုတ်ဘူး။ အုပ်ချုပ်ရေးမှူးတွေက သူတို့တွေကို လန့်ရတာပါ။ ရပ်ကွက်က လက်မခံဘူး ဘာညာဆိုတာမျိုးပေါ့။ အဲဒါကြောင့် ဗလီတွေအားလုံး ပြန်ဖွင့်ခွင့် မရတာပါ။ အခုက ဗလီ ၃-လုံးတော့ ပြန်ဖွင့်ခွင့်ရပြီ။ ဒါပေမယ့် ဗလီ ၂-လုံးက ကျွန်တော်တို့တွေ သွားလာဖို့ အဆင်မပြေဘူး။ ဒါကြောင့် ဗလီ ၁-လုံးပဲ အဆင်ပြေတယ်။”ဟု မိတ္ထီလာ မြို့ခံက ပြောပြခဲ့ပါတယ်။

လက်ရှိ မိတ္ထီလာမြို့ရှိ ကလေးများ၏ ပညာရေးအခြေအနေနှင့်ပတ်သက်၍ ဆက်သွယ်မေးမြန်းရာ “ကယ်ဆယ်ရေးစခန်းထဲကနေ ကျောင်းတက်နေရတဲ့ ကလေးတွေအတွက် ဖယ်ရီ စီစဉ်ပေးထားတယ်။ ဖယ်ရီအတွက် ကားကတော့ ကျွန်တော်တို့တွေဘက်က စီစဉ်ပေးပြီး ကားအတွက် ဆီကို ခရိုင်အုပ်ချုပ်ရေးမှူးက စီစဉ်ပေးတယ်။ ခရိုင်အုပ်ချုပ်ရေးမှူးဆီက ကားတစ်စီးကို ဆီ ၄-ဂါလံ ရပါတယ်။ ကားကတော့ မိတ္ထီလာမြို့ပေါ်က မွတ်စလင်မ်ပိုင် light truck ကားလေးတွေပါ။ သူတို့ကားတွေကလည်း အခုက စီးပွားရေးလုပ်စားလို့ မရဘူးလေ။ ဒီအတိုင်း ရပ်ထားနေရတယ်။ အဲဒါနဲ့ သူတို့ကိုပြောပြီး စီစဉ်ပေးလိုက်တာ။ အိမ်တွေကို ပြန်ရောက်သွားတဲ့ ဒုက္ခသည်တွေရဲ့ ကလေးတွေကတော့ ကိုယ့်အစီအစဉ်နဲ့ ကိုယ် ကျောင်းတက်ရပါတယ်။ ကျွန်တော်တို့တွေက ကယ်ဆယ်ရေးစခန်းထဲက ကလေးတွေအတွက်ပဲ စီစဉ်ပေးထားတာပါ။

ဟုတ်ကဲ့ မိတ္ထီလာကနေ အခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေတာမှာ သာယာကုန်း ရပ်ကွက်က ၁၁-ယောက်ဖြေတာ ၄-ယောက် အောင်ပါတယ်။ သူတို့လေးတွေ စာမေးပွဲဖြေတဲ့ အချိန်က မိတ္ထီလာမှာ မီးရှို့ခံနေရတဲ့ရက်တွေပါ။ အဲဒီရက်တွေမှာပဲ ကျွန်တော်တို့တွေ မရ ရအောင် ဒီကလေးတွေကို လုံခြုံရေးနဲ့ စာမေးပွဲသွားဖြေနိုင်အောင် စီစဉ်ပေးခဲ့တာပါ။ အဲ့ထဲကမှ ၄-ယောက်အောင်ပါတယ်။ ဂုဏ်ထူးတွေတော့ မပါကြဘူးခင်ဗျ။ တစ်ခြား ရပ်ကွက်တွေမှာလည်း စာမေးပွဲဖြေတဲ့ကလေးတွေ ရှိပါတယ်။ တချို့တော့ အခု အဝေးရောက်နေကြပါတယ်။” လို့ မိတ္ထီလာမြို့ခံမှ M-Media ကို ဖြေကြားခဲ့ပါတယ်။

Leave a Reply