ဇူလိုင်-၂၅-၂၀၁၃
M-Media

အာရှနိုဗယ်ဆု(ခေါ်) မက်ဆေးဆေးဆု ချီးမြှင့်ခြင်းခံခဲ့ရသူ ၄ ဦးမှ ၂ဦးဖြစ်သူ မွတ်စလင်မ် နှင့် ခရစ်ယျာန်အမျိုးသမိး နှစ်ဥိး
ကြသာပတေးနေ့က ကချင်ပြည်နယ်ရှိလူမှုကယ်ဆယ်ရေးဝန်ထမ်းတစ်ဦးဖြစ်သော ခရစ်ယာန်ဘာသာဝင် လဖိုင် ဆိုင်းရော်အား ယခုနှစ်အတွက် ဂုဏ်ထူးဆောင် မက်ဆေးဆေးဆု ရရှိသူ ၅ ဦးအနက် တစ်ဦးအပါအ၀င်ဖြစ်ကြောင်း ကြေညာပြီးနောက် သူမနှင့်ကာလကြာရှည် တာဝန်ထမ်းဆောင်ခဲ့သူများက သူမအား ကြိုဆိုဂုဏ်ပြုခဲ့ကြောင်းသိရသည်။
ထိုဆုအား မြန်မာနိုင်ငံ၏ နှစ်ရှည်လများ လူမှုလုပ်ငန်းလုပ်ဆောင်ခဲ့သော မက်တာ ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း (Metta Development Foundation) တည်ထောင်သူ အပါအ၀င်၊ ဖိလစ်ပိုင်နိုင်ငံမှ ကျန်းမာရေးဝန်ထမ်း အန်းနက်စ်တို ဒိုမင်းဂို (Ernestro Domingo)၊ အာဖဂန်မှ တက်ကြွလှုပ်ရှားသူ ဟဘီဘဟ် စာရာဘီ (HabibaSarabi)၊ အင်ဒိုနီးရှားမှ လာဘ်ပေးလာဘ်ယူတိုက်ဖျက်ရေးဌာန နှင့် နီပေါလ်မှ တရားမ၀င်ကုန်ကူးမှု ဆန့်ကျင်တိုက်ဖျက်ရေးအဖွဲ့ ရှက်ခ်တီ စမူဟာ (Shakti Samuha) တို့မှ အသီးသီးရရှိခဲ့ကြသည်။
စစ်ဒဏ်ခံ ကချင်ပြည်နယ်အတွင်း ၁၉၉၈ ခုနှစ်မှစတင်ကာ ဆိုင်းရော် နှင့်အတူ မက်တာတွင် တာဝန်ထမ်းဆောင်ခဲ့သော စောမင်းနိုင်က ဆိုင်းရော်သည် အသက် ၆၄ နှစ်ရှိသော်လည်း မြန်မာနိုင်ငံမြောက်ပိုင်းဒေသများ၌် ငြိမ်းချမ်းရေးတည်တံ့ရန်အတွက် ထဲထဲဝင်ဝင် ကြိုးစားဆောင်ရွက်ခဲ့ကြောင်း ပြောပြခဲ့သည်။
“ သူမဟာ အယူအဆများ နဲ့ နောက်ခံဘ၀များ မတူကွဲပြားတဲ့ တော်လှန်ရေးသမားတွေ နဲ့ အစိုးရခေါင်းဆောင်တွေကို စည်းရုံးပြီး ငြိမ်းချမ်းရေး နှင့် ပြန်လည်သင့်မြတ်ရေးအခန်းကဏ္ဍမှာ အစပျိုးလုပ်ဆောင်ခဲ့သူဖြစ်ပါတယ် ” ဟုစောမင်းနိုင် ကဆိုသည်။
ကချင်လွတ်လပ်ရေးတပ်မတော် (Kachin Independence Army – KIA) ဟုအမည်ရသော တော်လှန်ရေးသမားများနှင့် မြန်မာစစ်တပ်သည် မကြာသေးမှီက ငြိမ်းချမ်းရေးအတွက် ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး၊ တရုတ်နိုင်ငံနယ်စပ်အနီး မြန်မာနိုင်ငံမြောက်ပိုင်းအတွင်း လွန်ခဲ့သောနှစ်များက ဖြစ်လိုက်ရပ်လိုက်တိုက်ပွဲများကို အဆုံးသတ်ရန် ဦးတည်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
၁၉၈၇ ခုနှစ်မှ စတင်ကာ ဆိုင်းရော်သည် KIA ၏ နိုင်ငံရေးလုပ်ရှားမှုခေါင်းဆောင်မှ သူမအား ဒုက္ခသည်ပြည်သူများကို ကူညီရန် အကူအညီတောင်းခဲ့ပြီးနောက်တွင် ကချင်ပြည်နယ်အတွင်း လူမှုကယ်ဆယ်ရေးဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
လူမျိုးရေးခွဲခြားမှုများ နှင့် နှစ်ရှည်လများလက်နက်စွဲကိုင်တိုက်ခိုက်မှုများ အကြား သူမ၏ သမမျှတစွာ စွမ်းဆောင်မှုကြောင့် သူမအား ဆုချီးမြှင့်ပေးအပ်ရခြင်းဖြစ်ကြောင်း မနီလာအခြေစိုက် မက်ဆေးဆေး ဆုပေးအပ်မှုဆိုင်ရာကော်မတီမှ ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့သည်။
ထိုဆုချီးမြှင့်ခံရသည့်သတင်း ကြားပြီးနောက်၊ သူမသည် မိမိ၏ ဆုကြေးငွေ ဒေါ်လာ ၅၀,၀၀၀ အား ဧရာဝတီမြစ်အနီး တရုတ်နိုင်ငံမှ ရေအားလျှပ်စစ်ထုတ်လုပ်ရေးဆည်ကြီးအားတည်ဆောက်နေသော ကချင်ပြည်နယ် မြစ်ဆုံဒေသစောင့်ရှောက်ကူညီရေး ကြိုးပမ်းမှုများထံသို့ ပေးအပ်လှူဒါန်းမည်ဖြစ်ကြောင်း ဆိုင်းရော်က ပြောကြားလိုက်သည်။
Comments