6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇူလိုင်-၃၀-၂၀၁၃
M-Media
flooding
မြန်မာပြည်တလွှားတွင် ယခုရက်ပိုင်းအတွင်း မိုးကြီးမှုများ၊ ရေကြီးမှုများ နေရာများစွာတွင် ဖြစ်ပေါ်လျက်ရှိသည်။

ရခိုင်ပြည်နယ်မြောက်ဦးတွင် ရေလွှမ်းလျက်ရှိပြီး၊ မြ၀တီနှင့် ထိုင်းနိုင်ငံမဲဆောက်တွင်လည်း ရေကြီးလျက်ရှိရာ လူများရွေ့ ပြောင်းရေကြရသည်။ မြ၀တီတွင် ပြီးခဲ့သည့် နှစ်ကလည်း ရေကြီးခဲ့ပြီး ယခုနှစ်သည် ယခင်နှစ်ထက် ပိုဆိုးသည်သာမက နှစ်ပေါင်းများစွာအတွင်း အဆိုးဆုံးဖြစ်ကြောင်း ဒေသခံများကဆိုသည်။

နည်းတူ ကရင်ပြည်နယ် လှိုင်းဘွဲ့ ၊ ကော့ကရိတ်၊ ဘားအံ တို့ တွင်လည်း ရေကြီးမှုများ၊ မြေပြိုမှုများဖြစ်နေသည်။

ထိုနည်းတူ ဧရာဝတီတိုင်း ဟင်္သာတတွင်လည်း မိုးသည်းထန် စွာရွာသွန်းမှုကြောင့် မြစ်ရေမြင့်တက် လာပြီး စိုးရိမ်ရေမှတ် ရောက်နေကြောင်း ကမာရွတ်မီဒီယာတွင် Breaking News အဖြစ် ယနေ့  ဖော်ပြထားသည်။

မိုးလေဝသနှင့် ဇလဗေဒပညာရှင် ဒေါက်တာထွန်းလွင်ကလည်း ရခိုင်၊ ဧရာဝတီအနောက်မြောက်ပိုင်း၊ မွန်၊ ကရင်၊ တနင်္သာရီတိုင်း၊ ကယား၊ ကချင်နှင့် ရှမ်းပြည် (တောင်ပိုင်း၊ အရှေ့ ပိုင်း) တို့ တွင် မိုးသည်းထန်စွာ ရွာပြီး ရေဖုန်းလွှမ်းနိုင်ကြောင်း ခန့် မှန်းထားပါသည်။

ဇူလိုင်လ ၂၇ ရက်နေ့ တွင် ကမ္ဘာပေါ်ရှိ သဘာဝကပ်ဘေး အဆိုးရွားဆုံးခံရမည့် နိုင်ငံများ တွင် မြန်မာသည် နံပါတ် ၄ တွင် ရှိနေကြောင်း M-Media မှ သတင်း တပုဒ်တင်ဆက် ခဲ့ပြီးဖြစ် ပါသည်။ အမည်မဖော်လိုသည့် ၀န်ကြီးဌာန၀န်ထမ်းတစ်ဦးက မြန်မာအစိုးရအနေဖြင့် သဘာဝေဘေး အန္တရယ်များနှင့် ပတ်သက်ပြီး စိတ်ဝင်စားခြင်း၊ နားလည်သဘောပေါက်ခြင်း၊ ဂရုစိုက်ခြင်း မရှိကြောင်း၊ ပြင်ဆင်မှုများမရှိသေးကြောင်း M-Media သို့ ပြောပြပြီး မရှေးမနှောင်းတွင် ရေကြီးမှုနှင့် မြေပြိုမှုများ ဖြစ်ပေါ်လာခြင်းဖြစ်သည်။

ထိုအရာရှိအား ထပ်မံဆက်သွယ်မေးမြန်းကြည့်ရာ ယခုနှစ်မိုးရာသီအတွင်း မိုးသည်းထန်မည့်နေ ရာများ၊ ပျက်စီးဆုံးရှုံးမှုများမည့် နေရာများအား အတိအကျခန့် မှန်းထားခြင်း မရှိသေးကြောင်း၊ ကြိုတင် သတင်းထုတ်ပြန်ထားခြင်း မရှိသေးကြောင်း သိရသည်။

ထို့ အပြင် သဘာဝဘေးများအတွက် သီးသန့် ကိုင်တွယ်ရန် အဖွဲ့ အစည်းများအား မရှိသကဲ့သို့  မီးသတ်၊ ကျန်းမာရေးစသည့် ဌာနများသို့ လည်း ကြိုတင်ခန့် မှန်းပေးထားခြင်း၊ သတင်းထုတ်ပြန် ထားခြင်း၊ ကြိုတင်ပြင်ဆင်ထားရန် ညွန်ကြားထားခြင်း မရှိသေးသဖြင့် အစိုးရအဖွဲ့ အစည်းများ အနေဖြင့် ထိထိရောက်ရောက် ကာကွယ် ကိုင်တွယ်နိုင်ရန် အခက်အခဲရှိနိုင်သည်။ ထို့ အပြင် ညွန်ကြားချက်စီးဆင်းရာတွင်လည်း ယခင်အစိုးရ ခေတ်ကကဲ့သို့ ပင် ဌာနဆိုင်ရာ အတွင်း အခက်အခဲများစွာရှိသည့် အတွက် အစိုးရ အဖွဲ့ အစည်းများကိုချည်း အားမကိုးဘဲ လူထုအခြေပြု အဖွဲ့ အစည်းများ အနေဖြင့် ကိုယ့်ဆိုင်ရာ ဒေသများတွင် ကြိုတင်ပြင်ဆင်ထားသင့်ကြောင်း အဆိုပါ အရာရှိက အကြံပေးထားပါသည်။

ဆက်စပ်သတင်းများ
-ကမ္ဘာပေါ်ရှိ သဘာဝကပ်ဘေး အဆိုးရွားဆုံးခံရမည့် နိုင်ငံများတွင် မြန်မာ နံပါတ် ၄ ဖြစ် http://www.m-mediagroup.com/news/16553

– ကရင်ပြည်နယ်အတွင်း မြေပြိုမှုများဖြစ်ပေါ်နေ (Mizzima) http://goo.gl/ILjwpV

– ထိုင်း-မြန်မာနယ်စပ် မြ၀တီနှင့်မဲဆောက်တွင် ရေကြီး (DVB) http://burmese.dvb.no/archives/42022

– သောင်ရင်းမြစ်ရေကြီး (DVB) http://goo.gl/Al2eEg

– ရခိုင်ပြည်မြောက်ဦးရေကြီး (DVB) http://goo.gl/2A6hQs

ဓါတ်ပုံ Credit Dr- Tun Lwin FB

Leave a Reply