ကိုယ်ဝန်ဆောင်ချိန်မှာ ဖြစ်တတ်တဲ့ ရင်ပူခြင်း၊ ဆီးမကြာခဏသွားခြင်း၊ ခါးနာခြင်း၊ နွမ်းနယ်ခြင်း စတဲ့ လက္ခဏာတွေက ပုံမှန်ဖြစ်သည်။
သို.သော် မိခင်နှင့် ကလေးအတွက် အန္တရာယ်အရိပ်အရောင်ပြသည့် အခြားလက္ခဏာအချို.လည်းရှိသေးသည်။ကိုယ်ဝန်အများစုသည် ပြဿနာမရှိဘဲ မွေးဖွားပြီုးသွားကြသော်လည်း လိုအပ်လျှင် အချိန်မီ ကုသမှုခံယူနိုင်ရန် ၄င်း အန္တရာယ်လက္ခဏာများကို သင်သိထားဖို. လိုပေမည်။
အောက်ပါတို.မှ တစုံတရာ ဖြစ်ခဲ့လျှင် သင့်ရဲ့ ကျန်းမာရေးစောင့်ရှောက်ပေးသူကို ချက်ချင်းဆက်သွယ်ပါ…..
*ကိုယ်ဝန်၏ ပထမအပတ် ၂၀ (၅ လ)အတွင်း သာမန်နှင့်မတူ/သာမန်ထက်ပိုပြင်းထန်စွာ ကြွက်တက်လျှင်။[ကိုယ်ဝန်ပျက်ကျမည့် လက္ခဏာ ဖြစ်နိုင်သည်]
*သွေးဆင်းခြင်း(များသည်ဖြစ်စေ၊အရောင်စွန်းရုံဖြစ်စေ) [ ကိုယ်ဝန်ပျက်ကျမည့် လက္ခဏာ ဖြစ်နိုင်သည်၊အချင်းကွာခြင်း/အချင်းနေရာမှားပြီး သန္ဓေသား၏ ရှေ.ရောက်နေခြင်း တို.ကြောင့်လည်း ဖြစ်တတ်သည်။]
*ရုတ်တရက် ဆက်တိုက် ဗိုက်နာ/အောင့်ခြင်း၊ဝမ်းဗိုက်ကို ထိလျှင်နာကျင်လျှင်။[ကိုယ်ဝန် ၆ ပတ်မှ ၁၆ ပတ်အတွင်း ဖြစ်ပါက သားအိမ်ပြင်ပ သန္ဓေတည်ခြင်း၏ လက္ခဏာ ဖြစ်နိုင်သည်………သားအိမ်ပြင်ပတွင် သန္ဓေတည်ခြင်းဖြစ်သောကြောင့်( ဥပမာ-သားဥပြွန်တွင်…) သန္ဓေသားကြီးလာသောအခါ ပြွန်နံရံပေါက်ပြဲပြီး ဝမ်းတွင်း သွေးထွက်ကာ မိခင်သွေးပေါင်ကျရ်ျ ခေါင်းမူး/သတိမေ့/အားနည်းခြင်းများ ဖြစ်ပြီး အသက်အန္တရာယ် စိုးရိမ်ရသည်။အချင်းကွာသောကြောင့်လည်း ဝမ်းဗိုက်နာကျင်နိုင်သည်။]
*အဖျား ၁၀၀.၅ ဒီဂရီ ဖာရင်ဟိုက်/၃၈.၁ ဒီဂရီ စင်တီဂရိတ် ထက်ကျော်လျှင်။[ကူးစက်ရောဂါ/နာမကျန်းဖြစ်ခြင်း တစ်မျိုးမျိုးကြောင့် မွေးဖွားချိန်စောတတ်သည်။]
*ဆက်တိုက် အန်ပြီး ၊ ကိုယ်အလေးချိန်ကျကာ ရေဓာတ်ခန်းခြောက်လျှင်(ရေဓာတ်ခန်းခြောက်ခြင်း၏ လက္ခဏာများ-ရေငတ်ခြင်း၊ အာခြောက်ခြင်း၊ နွမ်းနယ်ခြင်း၊ ခေါင်းမူးခြင်း ၊ ဆီးအရောင် ရင့်ခြင်း၊ ဆီးသွားနည်းခြင်း)။[ရေဓာတ်ခန်းခြောက်ခြင်းသည် မိခင်ရော ကလေးအတွက်ပါ အန္တရာယ်ရှိသည်။]
* မျက်စိတွင် သွေးယိုစီးလျှင်။[အန်နေစဉ် သွေးပေါင်ချိန်မြင့်တက်သောကြောင့် မျက်စိတွင်း သွေးယိုစီးနိုင်သည်။]
*သွေးပေါင် ၁၄၀/၉၀ နှင့် အထက်ရှိပြီး…ခေါင်းကိုက်၊မျက်နှာ ခြေ လက် ဖောယောင်၊ အမြင်မှုန်ဝါး ၊ လျှပ်စီးလက်သလို အလင်းတန်းများ မြင်ရ ၊ ဆီးတွင် protein ဓာတ်များခြင်း တို. ဖြစ်လျှင်။(သွေးပေါင်ချိန် ၁၄၀/၉၀ အထက် မရှိဘဲ ဖော်ပြပါ လက္ခဏာများ ခံစားရလျှင်လည်း ကျန်းမာရေးစောင့်ရှောက်မှု ခံယူဖို. လိုအပ်သည်။) [ကိုယ်ဝန်ဆိပ်တက်ခြင်း၏ အကြိုလက္ခဏာများ ဖြစ်ပြီး၊ ကိုယ်ဝန်ဆိပ်တက်လျှင် တက်ခြင်း၊သတိလစ်ခြင်းများဖြစ်နိုင်သည်၊အသက်အန္တရာယ်ရှိသည်။]
*ကလေး လှုပ်သော အကြိမ်ရေ နည်းလာလျှင် (တစ်နာရီကို ၄ ကြိမ်ထက်နည်းလျှင်)။[ပုံမှန်အရေအတွက်မှာ တစ်နာရီလျှင် ၃-၅ ကြိမ်ဖြစ်ပြီး၊ အကြိမ်ရေ နည်းပါက သန္ဓေသားတွင် တစုံတရာ ပြဿနာရှိကြောင်း ဖော်ပြခြင်း ဖြစ်သည်။]
*လမစေ့ဘဲ မွေးဖွားမည့် လက္ခဏာများ ဖြစ်ပေါ်လျှင်{ကိုယ်ဝန် အပတ် ၂၀ မှ ၃၇ ပတ် အတွင်း …. ၁၀ မိနစ် တစ်ကြိမ်(သို.)ထိုထက်ပိုရ်ျ ဗိုက်နာနေသည်မှာ တစ်နာရီခန်. ကြာလာခြင်း၊သွေးရည်ကြည်..ပန်းရောင်/အညိုရောင် အရည် ဆင်းခြင်း၊ရေဆင်းခြင်း၊ ကလေးဆင်းသည်ကို ခံစားသိရခြင်း၊ ခါးကိုက်ခြင်း၊ ရာသီလာစဉ် ကိုက်ခဲသကဲ့သို. နာလိုက်ပျောက်လိုက် ဖြစ်ပေါ်ခြင်း }။
အထက်ပါ အရာများ ကြုံတွေ.ခံစားရလျှင် ဆေးကုသမှု ခံယူရန် လိုအပ်ပါသည်။
ဒီကကူးယူပြီး ဘာသာခြင်းဖြစ်ပါတယ်။
လေးစားစွာဖြင့် 
Dr.Raihana
Comments