6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

လူသားချင်းစာနာထောက်ထားမှုအစီအစဉ်ဖြင့် ၃နှစ်ကြာ ပိတ်ဆို့ ခံ ဂါဇာဒေသသို့ ၀င်ရောက်ခဲ့သည့် တူရကီ ထောက်ပံရေးသင်္ဘော အုပ်စု ကို လွန်ခဲ့သောမေလ ၃၁ ရက်နေ့တွင် အစ္စရေးရေတပ်မှ ၀င်ရောက်စီးနင်း တိုက်ခိုက်ခဲ့ပါသည်။၎င်း သဘောင်္အုပ်စုတွင်လိုက်ပါလာသည့် ဂါဇာလိုလားသူ တူရကီလူမျိုး ၈ဦးနှင့် အမေရိကန် တစ်ဦး အစ္စရေးတို့၏ ပစ်ခတ်မှုများကြောင့် သေဆုံးခဲ့ရသည်။

ဂါဇာပြည်သူများအပေါ် စာနဂရုဏာထားရှိသူများ၏ ဤသို့ အသက်စွန့်လွတ်အနစ်နာခံကြိုးပမ်းမှုများ ကြောင့် လုံးဝပိတ်ဆို့ခံထားရသော ဂါဇာဒေသအား အစ္စရေးတို့မှ အတိုင်းအတာ တစ်ခု ထိပြန် လည်ဖွင့်လှစ်ပေးခဲ့ရသည်။ ထို့ပြင် နိုင်ငံတကာအသိုင်းအ၀ိုင်း၏ ဖိအားပေးမှုများကြောင့် ရုပ်ဆိုးအကျည်းတန်လှသော ယင်းဖြစ်ရပ်ကို ကုလသမဂ က တူရကီနှင့် အစ္စရေး နှစ်နိုင်ငံမှ ကျွမ်းကျင်သူများပါဝင်သော စုံစမ်းကော်မရှင်ဖွဲ့တ ရပ်ဖွဲ့စည်းပြီးအစ္စရေး ရေတပ်၏ စီးနင်တိုက်ခိုက်ကို စတင် စုံစမ်းနေပါသည်။

လူသားချင်စာနာမှုတရားဖြင့် အကူအညီမဲ့ပြည်သူ များဆီ ထောက်ပံ့ ရန်လာသောသင်္ဘောများကို  စီးနင်း တိုက်ခိုက်မှုကြောင့် အစ္စရေးတို့ အမဲစက်ထင် ကျန်ခဲ့ရသည်။ တဖန် အစ္စရေးတို့အတွက် ထပ်မံ အရှက်ရ စေမည့် သတင်းတစ်ပုဒ်ထွက် ထပ်မံပေါ်ထွက်လာ သည်။ယင်းကတော့ အစ္စရေးစစ်သားများ တူရကီ သင်္ဘောများပေါ် ခိုးမှုကျူးလွန်ခဲ့ကြောင်း အစ္စရေးစစ်ဘက်မှ စုံစမ်းဖေါ်ထုတ်နိုင်ခြင်း ပါ။

တူရကီသင်္ဘောများ အစ္စရေး ဆိပ်ကမ်းတစ်ခုတွင် ဆိုက်ကပ်ထားစဉ် သင်္ဘောပေါ်ရှိ လက်တော့များ၊ ဟန်းဆက်များကို ခိုးယူထားသူများကို ဖမ်းဆီရမိခဲ့ သည်။ အဆိုပါ ဖမ်းဆီရမှုတွင်   အစ္စရေး စစ်အရာရှိတစ်ဦး ပါ ၀င်ခဲ့ပြီး ၄င်းသည် ဆိပ်ကမ်းတွင်ဆိုက်ကပ်ထားကြသော တူရကီသင်္ဘောများပေါ် သို့ တက်ရောက်ခွင့်ရသည့် တပ်စုခေါင်းဆောင်ဖြစ်သည်။ အဖမ်းဆီးခံ အစ္စရေးစစ်အရာရှိနှင့် စစ်သာများက ခိုးမှုတွင် ပါဝင် ကျုးလွန်ကြောင်းဝန်ခံခဲ့ကြသည်။

အစ္စရေးစစ်ဘက်မှ ပြောခွင်ရသူက ယင်းဖြစ်စဉ်ကိုအတည်ပြု သော်လည်း သူတို့၏ ခိုးရာပါပစ္စည်းများ အားလုံးသည် ထောက်ပံ့ရေးသင်္ဘောပေါ်မှ မဟုတ်ကြောင်း ၊စစ်သားများ သိမ်းယူထားသည့် ပစ္စည်များ သည် လည်း လုံခြုံရေးအရ သိမ်းယူခဲ့ရ ကြောင်း သိက္ခာဆည် ပြောဆိုသည်။ သို့သော် ၄င်းသဘောင်္များပေါ်တွင် လိုက်ပါခဲ့သူများက တော့ သူတို့၏ လက်တော့များ။ဟန်းဆက်များ၊ အစ္စရေးစစ်သားများ ခိုးယူခဲ့သည့်အပြင် အကြွေးဝယ်ကဒ်များကို လည်း သုံးစွဲပစ်လိုက်ကြောင်း စွပ်စွဲထားသည်။အစ္စရေးဆိုင်ရာကျွမ်းကျင်သူများကတော့ ထောက်ပံ့ရေး သင်္ဘောအုပ်စု နောက်ဆက်တွဲ ပြဿနာ ဖြေရှင်းရန်ကြိုးစား နေချိန်တွင် ယင်းသတင်း ထွက်ပေါ် လာခဲ့ခြင်းကြောင့် နိုင်ငံတကာမိသားစု အလယ်တွင်အစ္စရေးတို့  ထပ်မံ သိက္ခာကျခဲ့ရသည်ဟု သုံးသပ်နေ ကြသည်။

Leave a Reply