6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

သြဂုတ်၊ ၁၃ ရက်၊ ၂၀၁၃
M-Media

higher IQ than Einstein
ဗြိတိန်နိုင်ငံတွင်ရှိသော ဥာဏ်ရည်အကောင်းဆုံးသူမှာ အော့စ်ဖို့ဒ်က ပရော်ဖက်ဆာ တစ်ဦး မဟုတ်သလို၊ BBC က သိပ္ပံပညာရှင်တစ်ဦးလည်း မဟုတ်ပါ။ ထိုသူသည် ရည်မှန်းချက်တွေအပြည့်ရှိနေသည့်  အသက် ၁၁ နှစ်အရွယ် မိန်းကလေးတစ်ဦးသာ ဖြစ်နေ၏။

ခရေးစ် ကွတ်ခ်စမ်မီ ပါနဲလ် (Creys Cooksammy-Parnell) သည် ဇူလိုင်လက ကျင်းပသော Mensa IQ test တွင် အမြင့်ဆုံးအမှတ်ဖြစ်သော ၁၆၂ မှတ်ဖြင့် အောင်မြင်ခဲ့ပြီး၊ ထိုအချက်က သူမသည် အိုင်းစတိုင်း နှင့် စတီဗင်ဟော့ကင်း ထပ်ပင် IQ ပိုမိုမြင့်မားသာလွန်သွားကြောင်း Wall St Journal မှ တင်ပြခဲ့သည်။

သူမသည် ဖခင်ဖြစ်သူ အသက် ၄၅ နှစ်အရွယ် ရှေ့နေ ဒီးန် (Dean) နှင့်အတူ ၄င်းစာမေးပွဲအားဖြေဆိုခဲ့ရာ ဖခင်ဖြစ်သူမှာ  ၁၄၂ မှတ်သာ ရရှိခဲ့သည် ဟု သိရသည်။

“ ကျွန်မ Mensa ကို လျှောက်လွှာတင်ချိန်မှာ အဖေက – ငါ Mensa ထဲမှာ စာရင်းသွင်းထားပြီးသားကွ၊ ခရေးစ် – ဆိုပြီး ကြွားဝါသလိုပြောခဲ့ပါတယ်။ ဒါပေမယ့် အခုတော့ ကျွန်မက အဖေထပ် အမှတ်ကျော်သွားခဲ့ပြီ ” ဟု ခရေးစ်က Metro သို့ပြောကြားခဲ့သည်။

သူမက စာမေးပွဲကို အချိန်တိုအတွင်း ပြီးမြောက်ခဲ့သည့်အတွက် အစပိုင်းတွင် အခြေအနေမကောင်းဟု ဖခင်ဖြစ်သူမှ ထင်မြင်နေခဲ့သော်လည်း  အဖြေထွက်လာချိန်တွင်တော့ သူမ၏ရမှတ်ကြောင့် အလွန်အမင်း ပျော်ရွှင်ခဲ့လေသည်။
“ သူမရဲ့ IQ ဟာ ၁၄၅ မှတ်အထက်လောက်မှာပဲ အများဆုံးရှိမယ်လို့ ကျွန်တော်က ထင်မြင်ခဲ့တယ်။ ဒါပေမယ့် တကယ်တမ်းမှာ အမြင့်ဆုံးအမှတ်ရရှိတယ်ဆိုတာ ကြားရတော့ အကြွင်းမဲ့ကို အံသြသွားခဲ့တယ်။ သူမနဲ့ပတ်သက်ပြီး ကျွန်တော်တို့အားလုံး တကယ့်ကို စိတ်လှုပ်ရှားစွာနဲ့ ၀မ်းမြောက်ဂုဏ်ယူရပါတယ် ” ဟု ဖခင်ဖြစ်သူက ဆိုသည်။

နော့သမ်ပ်တန် (Northampton) မှ ကျောင်းသူလေးသည် သူမ၏ ဥာဏ်ရည်အား အိုင်စတိုင်း နှင့် စတီဗင်ဟော့ကင်း ကဲ့သို့သော အကျော်အမော် ပညာရှင်ကြီးတို့နှင့် နှိုင်းယဉ်ချက်ကို လက်မခံပဲ စင်စစ်၌ လူတစ်ယောက်အား သူ၏စွမ်းရည်သက်သက်ဖြင့် မဆုံးဖြတ်နိုင်ကြောင်း၊ ၄င်း၏ မျှော်မှန်းချက်ကြီးမြင့်မှုရှိခြင်းနှင့်လည်း သက်ဆိုင်ကြောင်း ပြောကြားခဲ့သည်။

“ ကျွန်မက ကိန်းဂဏန်းတွက်ချက်ရတဲ့အလုပ်ကို နှစ်ခြိုက်တယ်။ ဒါကြောင့် ဘဏ်တစ်ခုမှာ အလုပ်လုပ်ဖို့ များပါတယ်။ တစ်နေ့တော့ အင်္ဂလန်နိုင်ငံရဲ့ ဘဏ်တွေကို အုပ်ချုပ်တဲ့သူဖြစ်လာဖို့ မျှော်မှန်းပါတယ် ” ဟု သူမက The Daily Express သို့ ပြောကြားခဲ့သည်။

သက်တမ်း နှစ် ၃၀၀ ရှိ ဗဟိုဘဏ်၌ အမျိုးသမီးတစ်ဦးအား အုပ်ချုပ်သူအဖြစ် ခန့်အပ်ခြင်း လုံးဝ မရှိခဲ့ဖူးပါ။ လွန်ခဲ့သော ၁၆ နှစ်အတွင်း၌ ငွေကြေးဆိုင်ရာမူဝါဒကော်မတီ (Monetary Policy Committee) တွင် အမျိုးသမီး ၄ ဦးသာ အဖွဲ့ဝင် ဖြစ်ခဲ့ဖူးသည်။

ဂျဲနက် ယယ်လင်း (Janet Yellen) ကို ဘဲန် ဘာနန်ကီ (Ben Bernanke) ၏ နေရာကို ယူပါဟု ဘောက်ဆူးတွေ အများကြီးပေးပြီး ယူခိုင်းသလို၊ ငွေကြေးဆိုင်ရာမူဝါဒကော်မတီ ဌာနရှိအဖွဲ့ဝင် ၁၂ ယောက်အနက် အဖွဲ့ဝင် အမျိုးသမီးက ၃ ပုံ ၁ ပုံ ပါဝင်ရန်ဟူသည်မှာ အမေရိကန်နိုင်ငံအတွက် အလှမ်းဝေးနေသေးကြောင်း  Wall St Journal မှ ဥပမာပေးကာ ရှင်းလင်းပြောဆိုခဲ့သည်။

ခရေးစ်၏ အိပ်မက်သည် လက်တွေ့ဖြစ်လာနိုင်ကောင်းပေသည်။ အဘယ်ကြောင့်ဆိုသော် မကြာသေးမှီက အင်္ဂလန်ဘဏ်အုပ်ချုပ်ရေးမှူး မာ့ခ် ကာနီ (Mark Carney) က ဘဏ်လုပ်ငန်းအဆင့်တိုင်း အတွက် အမျိုးသမီး စီးပွားရေး ပါရဂူများစွာကို ပျိုးထောင်သွားမည့်အစီအစဉ်များ ရှိနေကြောင်း  BBC သို့ပြောကြားသွားခဲ့သည်။

ခရေးစ်၏ မိဘများက ယခုအခါ သူမအား အများနည်းတူ ဘ၀တစ်ခု ပိုင်ဆိုင်စေမည်လော သို့တည်းမဟုတ် ပညာရှင်ဘ၀သို့ တွန်းတင်ရမည်လော ဟူသည်ကို  ဝေခွဲမရဖြစ်လျက် ရှိကြောင်း သိရသည်။

Tags: ,

Leave a Reply