6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

သြဂုတ် ၁၅၊ ၂၀၁၃
M-Media
ဆူးထက်

P8130060
Telenor Myanmar မှ မြန်မာနိုင်ငံတွင် စီမံခန့်ခွဲမှု အဆင့် ၀န်ထမ်းများ စတင်ခေါ်ယူမှု အခမ်းအနားကို သြဂုတ်လ ၁၃ရက်နေ့က ရန်ကုန်မြို့ Traders Hotel တွင် နေ့လည် ၁နာရီခွဲမှ ၂နာရီခွဲအထိ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

” ၀န်ထမ်းတွေကို လေ့ကျင့်သင်ကြားခြင်းနဲ့ တိုးတက်ဖွံ့ဖြိုးရေးအတွက် Telenor Myanmar Academy ကိုတည်ထောင်တာပါ။ အလုပ်အကိုင် ခေါ်ယူခြင်းကို ယခုနှစ် အတွင်းမှာ သုံးသုတ်ခွဲပြီး လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ဒီနေ့ကစပြီး စက်တင်ဘာလအကုန်ထိကို ပထမအသုတ်အနေနဲ့ ၂၅ယောက်ကို စတင်ခေါ်ယူနေပါပြီ။ မြန်မာနိုင်ငံမှာ Telenor Myanmar ရဲ့ အဆင့်မြင့် ဆက်သွယ်ရေး ကွန်ယက်များနဲ့ ဈေးနှုန်းသင့်တော်သော မိုဘိုင်းဆက်သွယ်ရေး ၀န်ဆောင်မှုများကို လျှင်မြန်စွာ စတင်ရာမှာ အထောက်အကူ ပေးနိုင်ပါတယ် ” ဟု Telenor Myanmar မှ Chief People Officer Ms. Tipayarat Kaewsringarm က မီဒီယာများသို့ပြောသည်။

” ပထမတစ်ကြိမ် ခေါ်ယူတဲ့ လူ၂၅ဦးက နည်းဗျူဟာများ ရေးဆွဲခြင်းနဲ့ လုပ်ငန်းစတင် လည်ပတ်နိုင်ရန် စီမံအုပ်ချုပ်ခြင်းအတွက် ခေါ်ယူတာ ဖြစ်တယ်။ ဒုတိယ အသုတ်အနေနဲ့ လုပ်ငန်းစတင် လည်ပတ်နိုင်ရန် စီမံအုပ်ချုပ်ခြင်းအတွက် ခေါ်ယူတာဖြစ်တယ်။ ဒုတိယအသုတ်အနေနဲ့ အောက်တိုဘာနဲ့ ဒီဇင်ဘာလမှာ အလုပ်ခေါ်ယူမှု အတွက်ကတော့ ဆက်သွယ်ရေးနှင့် နည်းပညာ ကျွမ်းကျင်သူတွေကို ဦးတည်ခေါ်ယူသွားမှာ ဖြစ်ပါတယ်။ အဲဒီသူတွေ မြန်မာနိုင်ငံမှာ အဆင့်မြင့် မိုဘိုင်းဆက်သွယ်ရေး ကွန်ယက်များ တည်ထောင်ရာမှာ မဟာဗျူဟာကျတဲ့ အခန်းဂဏ္ဍမှာ ပါဝင်ရမှာ ဖြစ်ပါတယ်။

ပညာအရည်အချင်းကတော့ ပထမအကြိမ်ခေါ်ယူတဲ့ ၂၅ဦးအတွက်က ပညာအရည်အချင်းမြင့်ပါလိမ့်မယ်။ ဒါပေမယ့် ဒုတိယ အကြိမ် အတွက်ကတော့ B.A ဘွဲ့ရ၊ ဒါမှမဟုတ် အခြားဘွဲ့ရ တစ်ခုခု ဖြစ်ပါလိမ့်မယ်။ နောက်တစ်ခု ရှိသေးတာက ဘွဲ့မရပေမယ့်လည်း တကယ်ပညာတော်သော စိတ်ဝင်စားပြီး ကြိုးစားတက်ကြွသော လူငယ်တွေကိုလည်း ခေါ်ယူသွားဖို့ ရှိပါတယ်  ” ဟု၎င်းမှ M-Media သို့ပြောသည်။

Telenor Myanmar၏ တာဝန်ရှိသူ တစ်ဦးမှလည်း ” ၀န်ထမ်းဦးရေ ကတော့ စုစုပေါင်း သုံးထောင်ခေါ်ယူသွားမှာ ဖြစ်ပါတယ်။ ၀န်ထမ်းတွေ အတွက် လုပ်ငန်း ကျွမ်းကျင်မှုနဲ့ စီမံခန့်ခွဲမှု အရည်အသွေားတွေ လေ့ကျင့်သင်ကြားပေးနိုင် Telenor Myanmar  Academy လို့ခေါ်တဲ့ ကျောင်းတစ်ကျောင်း ဖွင့်လှစ်သွားမယ်။ အဲဒီ့ သင်တန်းကနေ ဘာတွေရမလဲဆိုတော့ မိမိတို့ရဲ့ တာဝန်တွေကို ထမ်းဆောင်နိုင်ရန် လိုအပ်တဲ့ အသိပညာနဲ့ အတက်ပညာတွေကို လေ့ကျင့်သင်ကြားပေးတဲ့ ဦးဆောင်မှု သင်တန်းတွေ ဖြစ်ပါတယ်” ဟု M-Media သို့ပြောသည်။

မြန်မာနိုင်ငံကနေ ပြည်ပကို ထွက်ခွာပြီး အလုပ်လုပ်ကိုင်နေတဲ့ သူတွေရယ်၊ မြန်မာနိုင်ငံမှာ ယခုလက်ရှိနေထိုင်သူဖြစ်တဲ့ ဒေသခံတွေကို အဓိကထားပြီး ခန့်အပ်သွားဖို့ ရည်ရွယ်ထားတာ ဖြစ်တဲ့အတွက် လစာကတော့ သူတို့ကို မြန်မာပြည် ပြန်လာပြီး အလုပ်လုပ်ကိုင်ချင်အောင် ဆွဲဆောင်နိုင်တဲ့ လစာမျိုးတော့ ဖြစ်ပါလိမ့်မယ်” ဟု၎င်းမှ ထပ်လောင်း M-Media သို့ပြောကြားသည်။

Telenor ကုမ္ပဏီသည် မလေးရှား၊ ထိုင်း၊ ဘင်္ဂလားဒေရှ်၊ အိန္ဒီယ၊ ပါကစ္စတန်စသည့် နိုင်ငံများအပါအ၀င် ဆက်သွယ်ရေး ကွန်ယက်ပေါင်း (၁၁)ခု တည်ရှိပြီး ရှရှားနိုင်ငံ Vim Pel Com ကုမ္ပဏီ၏ အကြီးဆုံး အစုရှယ်ယာရှင်လည်း ဖြစ်ကြောင်း သိရသည်။

P8130125

Tags:

Leave a Reply