6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

သြဂုတ်-၁၆၊ ၂၀၁၃
M-Media

လက်ဘနွန် ဗုံးပေါက်ကွဲမှု သေဆုံးမှု ၂၂ ဦးထိရှိ

ကြာသပတေးနေ့က လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့ ဗုံးပေါက်ကွဲမှု သည် နှစ်သုံးဆယ်အတွင်း အပြင်းထန်ဆုံးပေါက်ကွဲ မှု ဖြစ် ပြီး ဘေရွတ်မြို့ တောင်ပိုင်း ဟစ်ဘိုလာရုံးခန်းကို ဦးတည်တိုက် ခိုက်ခြင်း ဖြစ်ကြောင်းသိရသည်။။ ၂၂ဦး သေဆုံးပြီး ၃၀၀ ခန့် ဒါဏ်ရာရခဲ့သည်။

——————————————————-
နယူးဇီလန်တွင် ၆.၅ ပြင်းအားရှိငလျင်လှုပ်

နိုင်ငံ၏ တောင်ဘက် ၁၄မိုင်အကွာတွင် လှုတ်ခတ်ခဲ့ခြင်း ဖြစ်ပြီး ဆူနာမိ ဖြစ်ပေါ်ခြင်း မရှိပေ။ ထို အင်အားပြင်းငလျင်ကြောင့် လမ်းခရီး ဆက်သွယ်ရေးများ ရပ်တန့်ထားပြီး လူသူ ထိခိုက်မှု မရှိခဲ့ပါ။
———————————————————

အီဂျစ်တွင် ဆန္ဒပြမှုများ ပြင်းထန်

ဗုဒ္ဓဟူးနေ့က သမ္မတဟောင်း မော်စီကို ထောက်ခံ ဆန္ဒပြသူများကို ပြင်းပြင်း ထန်ထန် နှိမ်နင်းခဲ့၍ ၆၃၈ဦး သေဆုံးခဲ့ရခြင်းကို ယနေ့ ကိုင်ရိုမြို့ တွင် ထောင်းပေါင်းများစွာက ဆန္ဒပြခဲ့ကြသည်။ ထိုဆန္ဒပြမှုများကြောင့် လည်း အိမ်နီးချင်းနိုင်ငံခေါင်းဆောင်များအကြား သဘောထားကွဲမှု များ ဖြစ်လာကြောင်း သတင်းများက ဆိုသည်။
————————————————————

အန္ဒိယ ရေငုတ်သင်္ဘောမှ သေဆုံးသူ လေးဦးကို ဆယ်ယူ

ဗုဒ္ဓဟူးနေ့က မွန်ဘိုင်း သင်္ဘောကျင်းတွင် ဆိုက်ကပ်စဉ် ပေါက် ကွဲခဲ့ပြီးနောက် ၁၈ ဦး ပိတ်မိ သေဆုံးခဲ့သော်လည်း ရေငုတ်သူများမှာ တံခါးများ ဖွင့်မရသောကြောင့် ယခုအချိန်ထိ သေဆုံးသူ ခန္ဓာကိုယ် လေးဦး ကိုသာ ဆယ်ယူနိုင်သေးသည်။ ထိုရေငုတ်သင်္ဘောမှာ အိန္ဒိယပြည်တွင်းဖြစ် ပထမဆုံး သင်္ဘောဖြစ်ကြောင်း သိရသည်။

————————————————————

တရုတ်နိုင်ငံမှာ သေဒဏ်ကျခံရသူများ၏ ကိုယ်အင်္ဂါအစိတ်အပိုင်းများ ကို ဆေးကုသဖို့ ဖြတ်တောက်ယူငင်ခြင်းမျိုး ပြုလုပ်တော့မည်မဟုတ်

တရုတ်၏ ထိပ်တန်းအစိုးရအရာရှိတစ်ဦးဖြစ်သူ ဟွမ်ဂျီဖုက သေဒဏ် ကျခံရသူများ၏ ကိုယ်အင်္ဂါများအပေါ် မမှီခိုတော့ဘဲ မိမိတို့ သဘောဆန္ဒ အလျောက် ပေးလှူသည့် ကိုယ်အင်္ဂါအစိတ်အပိုင်းများကို သာ ဆေးကုသရာ ၌ အသုံးချသွားမည်ဟု ပြောကြားသည်။ တရုတ်နိုင်ငံတွင် သေဒဏ်ကျခံရသူ ရာဇ၀တ်သားများ၏ ကိုယ်အင်္ဂါများကို ဆေးကုသရာ၌ သုံးပုံနှစ်ပုံပမာဏ အထိ သုံးစွဲနေကြောင်း သိရသည်။ တရုတ်တို့က ဘူးခံနေခဲ့ပြီး လွန်ခဲ့သော နှစ်အနည်းငယ်ခန့်ကမှ ၀န်ခံလိုက်ကြောင်း သိရသည်။

————————————————————

ကုလလက်နက်စစ်ဆေးရေး ဆီးရီးယားသွားမည်

ကုလလက်နက်စစ်ဆေးရေးများ ဆီးရီးယားသွားဖို့ရှိပြီး တရားမ၀င် ဓာတုလက်နက်များ ရှိမရှိစစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။ ကုလစစ်ဆေးရေးအဖွဲ့ ကို ဒမတ်စကတ်တွင်ရုံးဆိုက်သည့် ဆီးရီးယားအစိုးရက ၀င်ခွင့်ပြုလိုက်ခြင်းဖြစ်ပြီး ကုလအဖွဲ့က ရက်သတ္တနှစ်ပတ်အတွင်း နေရာ ၃ နေရာကို စစ်ဆေးမည်ဖြစ်သည်။

————————————————————

အိန္ဒိယနှင့်အပြိုင် တရုတ်တို့ကလည်း လေယာဉ်တင်သင်္ဘောကို ရေချပြပြီ

မကြာသေးမီက အိန္ဒိယတို့ ပြည်တွင်းဖြစ်လေယာဉ်တင် သင်္ဘောကို ရေချပြ ခဲ့ရာ တရုတ်ကလည်း Liaoning ဟု အမည်ပေးထားသည့် လေယာဉ်တင် သင်္ဘောကို နိုင်ငံအရှေ့ဘက်ရှိ ကျင်းဒေါင်းမြို့၌ ရေချပြခဲ့ကြောင်း သိရသည်

Leave a Reply