6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

သြဂုတ်လ- ၂၁ ရက်၊ ၂၀၁၃
M-Media
Man who hacked Zuckerberg's Facebook
အပြစ်အနာအဆာချို့ယွင်းမှုအား ထောက်ပြနိုင်သူအပေါ် ပုံမှန် ဆုချီးမြှင့်လေ့ရှိသည့် FaceBook ကုမ္ပဏီ ပရိုဂရမ်၏်ငြင်းပယ်မှုကိုခံလိုက်ရပြီးနောက် မိမိသည် အင်တာနက် Website များ၏ လုံခြုံရေးယိုပေါက်များကို ရှာဖွေနိုင်သူ တစ်ဦးဖြစ်ကြောင်း ဖော်ပြရန် Zuckerberg ၏ဖေ့စ်ဘွတ်စာမျက်နှာအား ဟက်ခဲ့သူ ပါလက်စတိုင်းသား ခလီးလ် သည် ကမ္ဘာ့ဟက်ကာများထံမှ အလှူငွေများ ရလျက်ရှိသည်။

ခလီးလ် ရှရီတဲဟ်(Khalil Shreateh) မှ ထိုအားနည်းချက်ကို တွေ့ရှိကာ ရီပို့တင်၍ထောက်ပြခဲ့သော်လည်း ကုမ္ပဏီ လုံခြုံရေးအုပ်စုက ဖြုတ်ချပစ်ခဲ့သည်။ ထို့နောက်တွင် သူသည် ထိုအချက်ကိုထင်ရှားစေရန် ကုဋေကြွယ်သူဌေး၏ ဝေါလ်ပေါ်တွင် ပို့စ်တစ်ခုကို ရေးတင်လိုက်လေသည်။

ရှရီတဲလ်အား ဖေ့စ်ဘွတ်မှငြင်းဆန်လိုက်ပြီးနောက် သူ့ကို ဒေါ်လာ တစ်သောင်းအထိ ချီးမြှင့်ပေးကမ်းနိုင်ရန် ယခုအခါ BeyondTrust ဆိုင်ဘာလုံခြုံရေးအဖွဲ့၏ နည်းပညာအဖွဲ့မှူး မာ့က် မိုက်ဖရက် (Marc Maiffret) မှ ဟက်ကာအဖွဲ့သားများဆီ ဆော်သြလျက်ရှိသည်။

အထက်တန်းကျောင်းမှထွက်ပြီး ကိုယ်ပိုင်လေ့လာမှုဖြင့် ဟက်ကာဖြစ်လာသူ မိုက်ဖရက်က သူ၏ စဦးမ,တည်ငွေ ဒေါ်လာ ၂၀၀၀ အပါအ၀င် ဒေါ်လာ ကိုးထောင်နီးပါးအထိ ကောက်ခံရရှိနေပြီဖြစ်ကြောင်း အင်္ဂါနေ့တွင် ပြောခဲ့သည်။

ဖေ့စ်ဘွတ်သည် ၄င်း၏ Bug Bounty အစီအစဉ်အောက်မှချီးမြှင့်မှုကို ပါလက်စတိုင်းလူမျိုး ရှရီတဲလ်အား ပေးရန် ငြင်းဆိုလိုက်ခြင်းမှာ တရားမျှတမှုမရှိကြောင်း သူနှင့်အခြားဟက်ကာတို့မှ ဆိုကြသည်။

“ သူဟာ ပါလက်စတိုင်းကနေ လက်ပ်တော့လေးတစ်လုံးနဲ့ ငါးနှစ်ကြာအောင် ဒီသုတေသနကို ဇောက်ချလုပ်ခဲ့တာပါ။ ဒီလိုဖြစ်သွားခြင်းက သူ့ကိုရိုက်ချိုးသလိုဖြစ်နေပါတယ်။ သူ့ကို ထိထိရောက်ရောက် ဆွဲထုတ်ကူညီဖို့ လိုအပ်ပါတယ် ” ဟု မိုက်ဖရက်က ပြောပြသည်။

ရှရီတဲလ်က ဇူကာဘာ့က်၏ ဝေါလ်အပါအ၀င် မည်သည့် user’s wall တွင်ဖြစ်စေ ၀င်၍ ပို့စ်တင်နိုင်သော ၀က်ဘ်ဆိုဒ် အားနည်းချက်ကို ဖော်ထုတ်နိုင်ခဲ့သည်။ ယင်းအားနည်းချက်ကို တင်ပြခဲ့သော်လည်း ၀က်ဘ်ဆိုဒ်လုံခြုံရေးအဖွဲ့မှ လက်မခံခဲ့ချေ။ သို့ဖြင့် သူက စီအီးအို၏ ကိုယ်ပိုင်အကောင့်ပေါ် “ ခင်ဗျားရဲ့ privacy ကို ချိုးဖောက်လိုက်တဲ့အတွက် ၀မ်းနည်းပါတယ် ” ဟူသော စာသားပါဝင်သည့် message တစ်ခုတင်ပြလိုက်၏။

ထိုအခါ ဖေ့စ်ဘွတ်မှ ယင်းတင်ပြချက်ကို မဆိုင်းမတွ ဖြုတ်ချမိသည့်အပေါ် တနင်္လာနေ့တွင် ရှရီတဲလ်အား တောင်းပန်လိုက်သည်။ သို့သော် ဆုကြေးငွေကိုမူ မချီးမြှင့်ခဲ့ချေ။

လုံခြုံရေးအရာရှိချုပ် ဂျိုး ဆူလီဗန်(Joe Sullivan) က “ အမှန်အကန်အသုံးပြုနေသူတွေကို ထိခိုက်အောင် စမ်းသပ်တင်ပြသူတွေကို ကျွန်တော်တို့က ဆုချီးမြှင့်ရိုး ထုံးစံမရှိပါဘူး။ စည်းမျဉ်းကိုလိုက်နာတဲ့ သုတေသီတွေကိုတော့ ဒီဖေ့စ်ဘွတ်ပရိုဂရမ်အောက်က ဂုဏ်ပြုပေးကမ်းနေတာ ဒေါ်လာ တစ်သန်းထိ ရှိသွားပြီ ဖြစ်ပါတယ် ” ဟု ဘလော့ဂ်ပို့စ် တစ်ခု၌ ပြောကြားခဲ့သည်။

Leave a Reply