6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

သြဂုတ်လ- ၂၅၊ ၂၀၁၃
M-Media
ဇာဏီ

Eleven Media Group

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ထန်းကုန်းကျေးရွာမှာ စနေနေ့ညက ဘာသာရေး လူမျိုးရေး ဆက်နွယ်တယ်လို့ ယူဆရတဲ့ ပဋိပက္ခတစ်ခု ဖြစ်ပြီးနောက် အိမ်တချို့ မီးရှို့ဖျက်ဆီး ခံရတယ်လို့ သိရပါတယ်။

ညနေပိုင်းကနေ လူရာနဲ့ချီ စုဝေးခဲ့ကြပြီး ညနက်ပိုင်းထိ တင်းမာမှုတွေ ရှိနေခဲ့တယ်လို့ ဆိုပါတယ်။

ထန်းကုန်းရွာက အပြန်မှာ မြန်မာ အမျိုးသမီးငယ်တစ်ဦးကို မွတ်ဆလင် လူငယ်တစ်ဦးက ဖက်ဖို့ ကြိုးစားရာမှာ မိန်းကလေးက ထွက်ပြေးခဲ့ပြီးနောက် ပဋိပက္ခစဖြစ်တာလို့ ကန့်ဘလူ ရဲစခန်းက တာဝန်ကျ ရဲအရာရှိတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

အဲဒီလူငယ်ကို ဖမ်းဆီး စစ်ဆေးနေပြီး ဖြစ်စဉ်အသေးစိတ်ကို စုံစမ်းနေဆဲလို့ ရဲအရာရှိက ပြောပါတယ်။ မနက်ပိုင်းမှာတော့ အခြေအနေ တည်ငြိမ်နေတယ်လို့လည်း သူက ဆိုပါတယ်။

ကန့်ဘလူ မီးသတ် ဌာနကလည်း ထန်းကုန်းကို မီးသတ်ကား အတော်များများ သွားပြီး မီးငြိမ်းသတ် နေရတဲ့အကြောင်း အတည်ပြု ပြောပေမယ့် အိမ်ဘယ်နှစ်လုံး လောင်ကျွမ်းတယ် ဆိုတာကိုတော့ မသိရသေးဘူးလို့ ပြောပါတယ်။

အဆိုပါ ဖြစ်စဉ် စတင်ဖြစ်ပွားရခြင်း အကြောင်းအရင်းကို ဦးဝီရ သူရဲ့ FB စာမျက်နှာမှာ အစ္စလာမ်ဘာသာဝင် တစ်ဦးမှ ဗုဒ္ဓဘာ သာဝင် အမျိုးသမီးတဦးကို မုဒိမ်းကျင့်ခဲ့ရာက စတင်ခဲ့တယ် လို့ ဖော်ပြ ပါတယ်။ အဲဒီလိုပါပဲ၊ အလဲဗင်းမီဒီယာကလဲ မုဒိမ်းမှု သတင်းကြောင့် စတင်ဖြစ်ခဲ့တာလို့ ဖော်ပြပေမယ့် ဘယ်လိုဘယ် ပုံဖြစ်တယ်ဆိုတာ မရေးပြထားပါဘူး။ “အလဲဗင်းရဲ့ သတင်းဖော်ပြ ချက်က မီးလောင်နေတာကို ဓါတ်ဆီလောင်းပေးတဲ့သဘောပဲ ၊ အဓိကရုဏ်းကို ပိုကြိးစေချင်တဲ့ သဘောရှိတယ်။ တကယ်ဆို မုဒိမ်းမှု သတင်းကြောင့်ဖြစ်တယ်ဆို ဒီသတင်းဟုတ်/မဟုတ် သူအနေနဲ့ စုံစမ်းပြိးသေချာဖော်ပြ သင့်တယ်လို့ ” ရန်ကုန်မြို့နေ ပြည်သူတစ်ဦးက သူအမြင်ကို ပြောပြပါတယ်။

ကိုးကား -ဘီဘီစီ (မြန်မာပိုင်း)
ပူးတွဲဖော်ပြပါ ပုံမှာ – ဦးဝီရသူနှင့် အလဲဗင်းမီဒီယာတို့ရဲ သတင်းဖော်ပြချက်များဖြစ်ပါသည်။

Leave a Reply