6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

သြဂုတ်လ ၂၅ ရက်၊ ၂၀၁၃။
M-Media
Robert Elhose

1208865_152710984927842_1444444068_n

ဆီးရီးယား အစိုးရ တပ်များက အရပ်သားများ အပေါ် ဓါတု လက်နက်များ ဖြင့် တိုက်ခိုက်ခဲ့အပြီး ၊ သြဂုတ်လ ၂၄ ရက်နေ့တွင် မြေထဲပင်လယ် အခြေစိုက် အမေရိကန် ရေတပ်ကြီး အား ဆီးရီးယား နှင့် ပိုမိုနီးကပ် သည့် နေရာသို့ တိုးကပ် သွားရန် သမ္မတ အိုဘားမား က မီးစိမ်းပြ လိုက်ပြီ ဖြစ်ကြောင်း အေပီ သတင်းဌာန က ရေးသားသည်။

သြဂုတ်လ ၂၁ ရက်နေ့တွင် သမ္မတဘရှရ်အယ်လ်အာဆတ် သစ္စာခံ ဆီးရီးယား အစိုးရ စစ်တပ်များက မြို့တော် ဒမတ်စကပ်စ် ဆင်ခြေဖုံး ရှိ အရှေ့ဂူတာ ရပ်ကွက် ကို ဓါတုလက်နက် များအသုံးပြုတိုက်ခိုက်ခဲ့ခြင်းကြောင့် ကလေး လူမမယ် လေးများ အပါအ၀င် အပြစ်မဲ့ အရပ်သား ၁၃၀၀ ကျော်ခန့် ဆိုးဝါးသည့် အဖြစ် ဖြင့် သေဆုံးခဲ့ ကြပြီးနောက် နိုင်ငံတကာ တွင် အသံများ ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သည်။

အာဆတ် တပ်ဖွဲ့များ၏ ယင်းသို့ ဓါတု လက်နက် များသုံး တိုက်ခိုက်ခဲ့အပြီး နောက် တွင် သမ္မတ အိုဘားမားက ဆီးရီးယား အစိုးရအား စစ်ရေးအရ လက်တုန့်ပြန်ရန် စဉ်း စားနေပြီဖြစ်ကြောင်းသတင်းများ ထွက်ပေါ်လာခဲ့သည်။ ယင်းသတင်းများ ထွက်လာ ပြီးနောက် မြေထဲပင်လယ် အတွင်းမှ အမေရိကန် ရေတပ် သင်္ဘောကြီးများအား ဆီးရီး ယား ၏ မြေထဲပင်လယ် ကမ်းခြေ နှင့် ပိုမိုနီးကပ် သည့် နေရာများ သို့ တိုးကပ်ရွှေ့ပြောင်း ထားကြောင်း တရားဝင် သတင်းများ ထွက်ပေါ်လာခဲ့ ခြင်းဖြစ်သည်။

အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန မှ အမည်မဖော်လိုသူ အရာရှိကြီးများ က အေပီ သတင်းဌာန ကို ပြောကြား ရာတွင် တိုက်ချင်းပစ် ဒုံးပျံပစ်စင် ကြီးများတပ်ဆင်ထား သော အမေရိကန်ရေတပ်မတော် ၏ စတုတ္ထမြောက် ရေတပ်သင်္ဘောကြီး တစ်စင်း အား ဆီးရီးယား နှင့် နီးကပ်စွာ ရှိနေသည့် မြေထဲပင်လယ် အရှေ့ပိုင်း ဒေသ သို့ ပို့လွှတ် လိုက်ပြီဟု ဆိုသည်။ ယင်းအရင် ရေတပ်သင်္ဘောသုံးစင်း မှာ ၎င်းနေရာ သို့ ရောက်ရှိနေပြီးသား ဖြစ်သည်ဟု အေပီသတင်းတွင် ဖော်ပြထားသည်။

သို့သော် ဒုံးပျံများ ပစ်ခတ်ရန် အသင့်အနေအထား ရှိနေသည့် ရေတပ်သင်္ဘော များမှ ချက်ချင်းလက်ငင်း ဒုံးပျံများ ပစ်ခတ်ရန် သမ္မတ၏ အမိန့်ကိုမူ မရရှိ သေး ကြောင်း အဆိုပါ စစ်ဖက်အရာရှိကြီး များက အလေးအနက် ပြောကြားသည်။ ထို့အပြင် သင်္ဘောများ ၏ လှုပ်ရှားသွားလာမှုကို လူသိရှင်ကြား ထုတ်ဖော် ပြောကြားရန် ယင်းတို့အား အခွင့်အာဏာ မပေးထားဟု ဆိုသည်။

ဆီးရီးယား ပြည်တွင်းစစ် တွင် အစိုးရကသာ ဓါတုလက်နက် ကဲ့သို့ ဂျီနီဗာကွန်ဗင်းရှင်း က ခွင့်မပြုထားသော အစုလိုက်အပြုံလိုက် သေစေနိုင်သည့် လက်နက်များကို အရပ်သားများအပေါ် သုံးစွဲခဲ့ပါက အမေရိကန် က စစ်ရေးအရ ၀င်ရောက်စွက်ဖက် ရန် မီးစိမ်းပြလိုက် သကဲ့သို့ ဖြစ်မည် ဟု သမ္မတ အိုဘားမား က ယခင်က ပြောကြားထား ဘူးသည်။ သို့သော် စစ်ရေးအရ အလျှင်အမြန် ၀င်ရောက် စွက်ဖက်ရန် အတွက်မူ နိုင်ငံတကာ ဆက်ဆံရေး နယ်ပယ်တွင် ပြဿနာ များရှိနေဆဲ ဟု သမ္မတ က အလေးအနက်ထား ပြောကြားသည်။

အိမ်ဖြူတော်၏ သြဂုတ်လ ၂၄ ရက်နေ့ သတင်းထုတ်ပြန်ချက်တွင် မူ သမ္မတ အနေဖြင့် စနေနေ့ နှောင်းပိုင်း တွင် ၎င်း၏ အမျိုးသား လုံခြုံရေး ဆိုင်ရာ အကြံပေး အဖွဲ့ နှင့် တံခါးပိတ် ဆွေးနွေးရန် ရှိနေသည် ဟု ဖော်ပြထားသည်။

ယင်းဆွေးနွေးပွဲ မှ ရရှိလာသည့် ရလဒ် ပေါ်မူတည်ပြီး မြေထဲပင်လယ်ထဲ ပို့ထားပြီး ဖြစ်သည့် အမေရိကန် ရေတပ်မတော် သင်္ဘောများ ပေါ်မှ အာဆတ် ၏ တပ်ဖွဲ့များ ပေါ်သို့ ပစ်ခတ်မိန့် ကို အိုဘားမား က ဆက်လက် ပေးရေး မပေးရေး ကို အဆုံး အဖြတ် ပြုနိုင်မည် ဟု အိမ်ဖြူတော် ထုတ်ပြန်ချက် တွင် မှတ်ချက်ပြုထားသည်။

ဆီးရီးယား ပြန်ကြားရေး ၀န်ကြီး အွမ္မရမ် အယ်လ်ဇူဘီ ကမူ ယခုကဲ့သို့ အမေရိကန် ရေတပ် ၏ တိုက်ခိုက်လာနိုင်သည် ဟူသော သတင်များကို ပယ်ချ သွားခဲ့သည်။ တိုက် ခိုက်လာမည် ဆိုပါကဒေသတွင်း တွင် အကြမ်းဖက်မှုများ ပိုမို ကျယ်ပြန့်လာမည် ဖြစ် ဖြစ်ကြောင်း ၀န်ကြီး အယ်လ်ဇူဘီ က ခြိမ်းခြောက် ပြောကြား လိုက်သည်။ (သတင်း – အေပီ နှင့် အယ်လ်ဂျဇီးရား ။ ဓါတ်ပုံ – Charleston Voice)

Robert Elhose သတင်းဘာသာပြန် ပေးပို့သည်။

Tags:

Leave a Reply