6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

သြဂုတ် ၂၅၊ ၂၀၁၃
M-Media
ထွန်းတောက်

Kyaw min swe about Kant Ba Lu
ကန့်ဘလူ ။              ။      စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ထန်းကုန်းမြို့၌ သြဂုတ်လ ၂၄-ရက်ညပိုင်းက ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုတွင် ဒေသခံများတချို့နှင့် အိမ်များအား မီးရှို့ဖျက်ဆီးခံလိုက်ရသည့် အကြမ်းဖက်ခံရသူများထံ ဆက်သွယ်မေးမြန်းထားတာ ဖြစ်ပါတယ်။

ထန်းကုန်းမြို့ခံ တစ်ဦးမှ “မနေ့ညက ထန်းကုန်းမှာ မွတ်စလင်မ် အိမ်ခြေ ၄၀-ကျော် မီးရှို့ခံရပါတယ်။ တိတိကျကျပြောရရင် (၄၂)အိမ်ပါ။ ဗုဒ္ဓဘာသာ(၁)အိမ်ပါတယ်။ မီးရှို့ခံရတာက ထန်းကုန်းရဲ့ အနောက်ဘက်ခြမ်း၊ ဗလီရဲ့ မြောက်ဘက် တစ်လမ်းကျော်ပါ။ ရပ်ကွက်အနေနဲ့က ရပ်ကွက်(၂)နဲ့ (၃)ပါ။ ရပ်ကွက်(၃)က ပိုများပါတယ်။

တချို့က မုဒိမ်းမှု ပြောတယ်ဆိုပေမယ့် တကယ်က မုဒိမ်းမှုဖြစ်တာ လုံးဝ မဟုတ်ပါဘူး။ မွတ်စလင်မ်ဘက်ကနေလည်း တစ်ယောက်မှ ဖမ်းဆီးခံထားရတာ မရှိပါဘူး။ ကျွန်တော့်ဆီမှာ ဗိုလ်မှူးကြည်နိုင်တို့၊ ဆရာမောင်မောင်တို့နဲ့ တွေ့ထားတဲ့ အသံဖိုင်သွင်းထားတာရှိပါတယ်။ ကျွန်တော် ပို့ပေးပါ့မယ်။ အဲဒါကို နားထောင်ကြည့်ရင် မုဒိမ်းမှုဟုတ်လား မဟုတ်လားဆိုတာ ပိုပြီးသိနိုင်ပါတယ်။ သက်သက်မဲ့ မုဒိမ်းမှုလို့ လုပ်ကြံဝါဒဖြန့်တာပါ။”ဟု ပြောပြခဲ့သည်။

အကြမ်းဖက်ပြီး အိမ်များ မီးရှို့ခံလိုက်ရသူများအား မေးမြန်းရာ “ဟုတ်ကဲ့ပါ ကျွန်တော် ထန်းကုန်းက အိမ်ကို မီးရှို့ခံလိုက်ရတဲ့သူပါ။ ဘယ်လို စဖြစ်လဲဆိုတော့ ဘေးနား တောရွာတွေက တက်လာတဲ့ လူ ၄၀၀-၅၀၀ လောက်က အင်တိုက်အားတိုက်နဲ့ ညာသံပေးပြီး ကျွန်တော်တို့ ထန်းကုန်းကို မီးရှို့တာပါ။ လုံခြုံရေးလည်းရှိပါတယ်။ ထိထိရောက်ရောက် မကိုင်တွယ်နိုင်ပါဘူး။ အိမ်ခြေကတော့ ၄၂-လုံး ပျက်ဆီးသွားပါတယ်။ မီးရှို့တာပါခင်ဗျ။

ဘာကြောင့် စလုပ်တယ်လို့ သေသေချာချာ မရှိပါဘူး။ လူအုပ်စုကြီး ချက်ချင်းရောက် ချက်ချင်းဖျက်ဆီးတာ မဟုတ်ပါဘူး။ လူနည်းနည်းချင်းစုဝေးပြီး တဖြည်းဖြည်းများလာမှ မီးရှို့တာပါ။ မီးရှို့ဖျက်ဆီးတဲ့ အချိန်မှာ ‘ကုလားတွေမမြင်ချင်ဘူး၊ ကုလားအိမ်တွေ မီးရှို့မယ်၊ ဒါ မြန်မာပြည်၊ တို့ပြည် တို့မြေ’လို့ အော်ပြီး ၀င်လာကြတယ်၊ အော်ရင်း မီးရှို့ကြတယ်။

မနေ့ညနေ ၆-နာရီခွဲလောက်ကနေ စပြီး လူစုကြတယ်။ ည ၈-နာရီခွဲလောက်မှ မီးစရှို့တယ်။ မီးရှို့တာက ဒီမနက် ၄-နာရီလောက်မှာမှ မီးရှို့တာ ရပ်သွားတယ်။

ဟုတ်ကဲ့ M-Media က မေးသလို မနေ့ည ၁၂-နာရီလောက်ကတည်းက ရဲ၊ စစ်တပ်၊ လုံခြုံရေးဝန်ကြီး ဆင်းလာတယ်ဆိုပေမယ့် လောလောဆယ်ရောက်လာလာချင်းတုန်းက သူတို့ ဘာမှ မလုပ်ပေးနိုင်ပါဘူး။ ဒီမနက်မှာတော့ သူတို့ပြောတယ် နိုင်ငံတော်ဥပဒေအရ၊ ရဲဥပဒေအရ အရေးယူမယ်လို့ ပြောတယ်။ မနေ့ညကတော့ အဲဒီ လူအုပ်ကြီးကို ထွက်ခွာဖို့ သူတို့ပြောတယ်။ ဒါပေမယ့် လူအုပ်က ရဲတွေကို ပြန်ပြီး ရန်မူနေတယ်။ ရဲ၊ စစ်တပ်၊ မီးသတ်၊ လုံထိန်းရဲ အားလုံး ရှိပါတယ်။ သူတို့က မလုပ်ဖို့ပြောတယ်။ သူတို့လည်း ပြောရုံသက်သက်ပါပဲ။ ဥပဒေ မရှိဘူးဆိုတဲ့သဘောမျိုးပါပဲဗျာ။

ဟုတ်ကဲ့ အခုလို စလုပ်တာဟာ မုဒိမ်းမှုလို့ပြောတာဟာ မဟုတ်မမှန် လိမ်လည်တာပါ။ သူတို့ပြောတဲ့ ကောင်လေးဆိုတာ အတိအကျမရှိဘူး။ လက်ပူးလက်ကြပ်လည်း မမိဘူး။ အခုလည်း ထန်းကုန်းမှာ မရှိဘူး။ ခြေဦးတည့်ရာ သွားနေတဲ့တစ်ယောက်ပါ။ ပြီးတော့ သူက ထန်းကုန်းဇာတိ မဟုတ်ဘူး။ ထန်းကုန်းမှာနေတာတော့ဟုတ်တယ်။ လူငယ်သဘာဝ ကောင်မလေးကို စနောက်ရင်း လက်ဆွဲလိုက်တယ်။ အဲဒါကို မုဒိမ်းမှုလို့ အသံလွှင့်ပြီး အကြမ်းဖက်မှုဖြစ်အောင် လှုံ့ဆော်လိုက်တာပါ။

အကြမ်းဖက် မီးရှို့ခံလိုက်ရတဲ့ မွတ်စလင်မ်တွေကတော့ ဘာသာရေးစာသင်ကျောင်းမှာပဲ နေနေကြပါတယ်။ ဟုတ်ပါတယ် မြို့မဗလီနားက အာရဗီစာသင်ကျောင်းပါ။ တစ်ခြား တာဝန်ရှိသူတွေက ဘာပြောလဲဆိုတော့ သူတို့က ပြန်လည်နေရာ ချထားပေးမယ်လို့ ပြောပါတယ်။ ဟုတ်ကဲ့ အိမ်က ၄၂-အိမ်ပါ၊ အိမ်ထောင်စုအနေနဲ့က ၅၀-ကျော်ရှိပါတယ်။

ဟုတ်ကဲ့၊ ကျွန်တော့်အနေနဲ့ ဘာပြောချင်လဲဆိုတော့ တစ်ခြားတော့ ဘာမှ မပြောချင်ပါဘူး။ အခုလို လုပ်တာဟာ သက်သက်မဲ့ အကြမ်းဖက်တာပါ။ ထွေထွေထူးထူးတော့ မပြောချင်တော့ပါဘူး။ ကျွန်တော် အခုလို ပြောခွင့်ရတာ၊ ရင်ဖွင့်ခွင့်ရတာကို ကျေးဇူးတင်ပါတယ်။”လို့ M-Media ကို တိုက်ရိုက် ပြောပြခဲ့ပါတယ်။

ယခုလို ကန့်ဘလူမြို့နယ်အတွင်း အကြမ်းဖက်မှု ဖြစ်ပွားခဲ့ရခြင်းမှာ အကြမ်းဖက်မှုများ ဖြစ်ပေါ်လာစေရန် လွန်ခဲ့သော ဇူလိုင်လ ကတည်းက ကြိုတင် ကြံစည် သွေးထိုးမှုများပြုလုပ်နေသည်ကို သတင်းအချက်အလက်များအရ လေ့လာတွေ့ရှိရပါသည်။ ပြီးခဲ့သည့် ဇူလိုင်လအတွင်း ဦးဝီရသူ၏ ဖေ့ဘွတ်စာမျက်နှာ၌ ကန့်ဘလူမြို့တွင် ဘာသာရေး၊ လူမှုရေးအရ ပြဿနာများ ဖြစ်ပေါ်စေရန် ဖန်တီးလှုံ့ဆော်ရေးသားမှုများ ရှိခဲ့ပြီး ဦးကျော်မင်းဆွေ (The Voice)မှလည်း ဦးဝီရသူ၏ အဆိုပါ လှုံ့ဆော်ချက်သည် သွေးထိုးလှုံ့ဆော်လိုသည့် ရည်ရွယ်ချက်ဆိုသည်ကို ထောက်ပြ ရေးသားမှုများရှိခဲ့သည်။ အဆိုပါ ကြိုတင် လှုံ့ဆော်မှုများကို ကြည့်ရှုခြင်းအားဖြင့် ထန်းကုန်းမြို့တွင် ယခုကဲ့သို့ အကြမ်းဖက်မှုသည် ကြိုတင်လုပ်ဆောင် အကြမ်းဖက်မှုဖြစ်ကြောင်း သုံးသပ်ရသည်။

Leave a Reply