6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

စက်တင်ဘာ ၂ ၊ ၂၀၁၃
M-Media

1174564_10201306917028974_1568352394_n
ဝါရှင်တန်။        ။ မြောက်အမေရိကအစ္စလာမ့်အဖွဲ့ကြီး – Islamic Society of North America (ISNA) ရဲ့ နှစ်ငါးဆယ်မြောက် ရွှေရတုညီလာခံအခမ်းအနားကို အမေရိကန်မွတ်စ်လင်မ်ထောင်ပေါင်းများစွာ ပါဝင်တက်ရောက်ခဲ့ကြတယ်။ ဒါဟာ မိမိတို့ရဲ့မတူကွဲပြားခြင်းအပေါ် အသိအမှတ်ပြုမှု နဲ့ အမေရိကန်မွတ်စ်လင်မ်ဖြစ်ခြင်းအပေါ်ဂုဏ်ယူမှုများရဲ့ သရုပ်မှန်ကို လှစ်ဟဖော်ပြလိုက်တာပါဘဲ။

အမေရိကန်မွတ်စ်လင်မ် ဂီတပညာရှင်တစ်ဦးဖြစ်သူ အဗ်ဒုလ် မာလစ် အဟ်မဒ် က “ နိုင်ငံတစ်ခုကို အကောင်းဆုံးဖြစ်လာစေချင်ယင် ကျွန်တော်တို့ကိုယ်တိုင်က အကောင်းဆုံးဖြစ်အောင် ကြိုးစားနေရပါမယ်။ ဒါဟာ ကျွန်တော်တို့ ဒီနေရာကို ရောက်ရှိနေရခြင်းအကြောင်းရင်း နဲ့ ဒီကွန်ဖရင့်ရဲ့အနှစ်သာရဘဲ ဖြစ်ပါတယ် ” ဟု သြဂုတ်လ ၃၁ ရက်၊ စနေနေ့က MyFox DC ကို ပြောကြားခဲ့ပါတယ်။

မြောက်အမေရိကမှာရှိတဲ့ မွတ်စ်လင်မ်တွေအတွက် အကြီးမားဆုံး စုဆုံမှုတစ်ရပ်ဖြစ်တဲ့ ISNA ရဲ့ နှစ်ပတ်လည်ညီလာခံအခမ်းအနားကြီးကို သြဂုတ်လ ၂၀ ရက်၊ သောကြာနေ့က ၀ါရှင်တန်မှာ ဖွင့်လှစ်ခဲ့ပါတယ်။

“ လေးမြတ်ကြည်ညိုဖွယ်လူ့အဖွဲ့အစည်းကို တည်ဆောက်ခြင်းဖြင့် ပိုမိုပြည့်ဝသည့် စည်းလုံးညီညွတ်မှုသို့
မှန်းရည်မျှော် ” ဆိုတဲ့ ဆောင်ပုဒ်က မြောက်အမေရိက နဲ့ ကမ္ဘာတစ်ဝှန်းက ထောင်ပေါင်းများစွာသော မွတ်စ်လင်မ်တွေကို ဆွဲဆောင်မှုဖြစ်စေပါတယ်။

602795_10201306920429059_829697601_n

ညီလာခံကို သြဂုတ်လ ၃၀ ရက်၊ သောကြာနေ့ကနေ စက်တင်ဘာ ၂ ရက်၊ တနင်္လာနေ့အထိ ကျင်းပသွားမှာဖြစ်တယ်။

ဒေါက်တာ မာတင်လူသာကင်းက “ ရှင်သန်နေတဲ့အိပ်မက်တစ်ခု ” (၀ါ) “ ကျွန်တော့်မှာ အိပ်မက်တစ်ခု ရှိနေတယ် ” ဆိုတဲ့စကားနဲ့ သမိုင်းမှတ်တိုင်တစ်ရပ်ကိုစိုက်ထူခဲ့တာ နှစ်ပေါင်း ၅၀ ရှိပါပြီ။  ISNA ရဲ့ ရွှေရတုနှစ်ပတ်လည်ညီလာခံကြီးနဲ့ တိုက်ဆိုင်နေတဲ့အတွက် ပိုပြီး အမှတ်တရဖြစ်သွားစေပါတယ်။

ဝါရှင်တန်ဒီစီမြို့တော်ဝန်က အခမ်းအနားမှာ မိန့်ခွန်းပြောကြားခဲ့ပြီး “မြောက်အမေရိကမွတ်စ်လင်မ်များရဲ့နေ့” အဖြစ် ညွှန်းဆိုလိုက်ပါတယ်။

ISNA အနေနဲ့ ပညာရှင်တွေ၊ လူထုခေါင်းဆောင်တွေ၊ ပြည်သူ့ဝန်ထမ်းတွေထဲက လူ ၂၀၀ လောက်ကို ဟောပြောဖို့လည်း ဖိတ်ကြားထားပါတယ်။

နအီးမ် မုဟမ္မဒ်၊ အဗ်ဒုလ် မာလစ်က် အဟ်မဒ် တို့လို ဂီတပညာရှင်တွေ၊ နေးတစ်ဗ် ဒီးန် တို့လို ဟစ်ပ်ဟော့အနုပညာရှင်များကလည်း တက်ရောက်လာကြမှာဖြစ်တယ်။


သမ္မတ အိုဘားမားပေးပို့တဲ့ ဗီဒီယို သဝဏ်လွှာ

“ အမေရိကန်ပြည်ထောင်စုထဲမှာ မွတ်စ်လင်မ်အဖြစ် ကျွန်တော်တို့ မွေးဖွားကြီြး့ပင်းလာခဲ့ကြတယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ ဂီတဟာ အမေရိကန်ဆန်ဆန်ဘဲ ဖြစ်ပါတယ်။ ဒီမှာ ကြီးပြင်းလို့ ဒီပုံထွက်ပေမယ့်လည်း ကျွန်တော်တို့ရဲ့ယုံကြည်ချက်က အစ္စလာမ်သာလျှင် ဖြစ်ပါတယ် ” လို့ ဗာဂျီးနီးယားက Great Falls အဖွဲ့ဝင် မဟ်မူးဒ် ကဇ်မီက ဆိုပါတယ်။

ISNA ဆိုတာ မြောက်အမေရိကမှာ အကြီးမားဆုံး မွတ်စ်လင်မ်အဖွဲ့အစည်းကြီးတစ်ခုပါ။ ISNA ရဲ့  ဒီလို နှစ်စဉ်လေးရက်ညီလာခံဆိုတာ အမေရိကနှင့်ကနေဒါမွတ်စ်လင်မ်ကျောင်းသားများသမဂ္ဂက ၁၉၆၃ ခုနှစ်မှာ စတင်စီစဉ် ကျင်းပဆောင်ရွက်မှုကနေ မြစ်ဖျားခံ ဆင်းသက်လာခြင်းဖြစ်တယ်။

နှစ်ပေါင်းများစွာကြာညောင်းသွားချိန်မှာတော့ ဒီညီလာခံဟာ အလွန်ကျော်ကြားလာခဲ့တယ်။ နှစ်စဉ်တက်ရောက်ကြတဲ့ မွတ်စ်လင်မ်တွေက လေးသောင်း အထိ ရှိလာခဲ့ကြတယ်။

တစ်ခုတည်းသော အသိုက်အမြုံ

ဒီရွှေရတုအခမ်းအနားမှာ ယနေ့ခေတ် အမေရိကန်မွတ်စ်လင်မ်တို့ရဲ့ လူမှုရေး၊ ဘာသာရေး နဲ့ နိုင်ငံရေးကိစ္စများကို ဦးတည်ဆွေးနွေးသွားကြပါမယ်။

“ အခုဆိုယင် အများကောင်းကျိုးအတွက် ဂျူး၊ ခရစ်ယာန် နဲ့ မွတ်စ်လင်မ်လူ့အဖွဲ့အစည်းတိုင်းရဲ့ကြားမှာ ပူးပေါင်းဆောင်ရွက်မှုတွေကို တွေ့မြင်နိုင်ပြီဖြစ်ပါတယ် ” လို့ ISNA ဥက္ကဌ အိမာမ် မုဟမ္မဒ် မဂျစ်ဒ်က ပြောကြားခဲ့တယ်။

အမေရိကန်မွတ်စ်လင်မ်တွေဟာ အမေရိကန်လူမှုအသိုက်အမြုံရဲ့ အစိတ်အပိုင်းတစ်ရပ်သာဖြစ်ကြောင်းကိုလည်း ဒီနှစ်မှာ ထည့်သွင်းပြောဆိုလိုက်ပါတယ်။

ပါဝင်တက်ရောက်လာကြသူများအဖို့ မိမိတို့ယုံကြည်ချက်ကို အားကောင်းခိုင်မာလာစေယုံသာမက ဘာသာတရားများ အချင်းချင်း အပြန်အလှန် ဆွေးနွေးမှု၊ ပူးပေါင်းဆောင်ရွက်မှု နဲ့ လူ့အသိုင်းအ၀ိုင်းရေးရာတွေမှာ ပိုမိုနားလည်မှု ရရှိသွားစေပါတယ်။

“ ကျွန်တော်တို့ရဲ့လူ့အဖွဲ့အစည်းတွေဆီကို – ကျွန်တော်တို့ တစ်နိုင်ငံလုံးအတိုင်းအတာအထိ ဒီအခြေအနေမျိုး တကယ့်ကို ရောက်ရှိစေချင်ပါတယ်။ ဒါပေမယ့် ဒီလိုဆောင်ရွက်မှုမျိုး မပြုလုပ်ဘဲ ဖြစ်လာမှာမဟုတ်ပါဘူး။ ဒီလိုဖြစ်လာရေးအတွက် မိမိတို့ ကိုယ်စီကိုယ်ငှ လူ့အဖွဲ့အစည်းဝင်တွေကို နည်းလမ်းပြ သင်ကြားပေးသွားရပါလိမ့်မယ် ” ဆိုပြီး ဗာဂျီးနီးယားက တက်ရောက်လာသူ ကဇ်မီက ပြောကြားတယ်။ ဂီတပညာရှင် အဟ်မဒ်ကလည်း အလားတူအမြင်မျိုးကို တင်ပြသွားပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ မွတ်စ်လင်မ်တွေဟာ လူနည်းစုဖြစ်ပေမယ့် လူဦးရေ ခြောက်သန်းမှ ရှစ်သန်းအထိ ရှိနေပါတယ်။ များမကြာသေးမီက ထုတ်ပြန်လိုက်တဲ့ လူထုစစ်တမ်းတစ်ရပ်မှာ – အမေရိကန်မွတ်စ်လင်မ်တွေက အလယ်အလတ်လမ်းစဉ်ပေါ် အကောင်းဆုံးနေထိုင်ရပ်တည်သူ၊ ခေတ်သစ်လူမှုဘ၀နဲ့သာသနာ့ကိုင်းရှိုင်းမှုကြားမှာ သဟဇာတဖြစ်အောင်နေထိုင်နိုင်သူ၊ မိမိတို့တိုင်းပြည်အပေါ်မှာ အကောင်းမြင်ပြီးသစ္စာစောင့်သိသူတွေအဖြစ် ဖော်ထုတ် တင်ပြထားပါတယ်။

Ref: OnIslam

Photo- NY Kogyi FB

Tags: ,

Leave a Reply